ခလုတ်တိုက်ခြင်း
တစ်ခါတစ်ရံ
အလျင်လိုလို့ဖြစ်စေ
သတိမထားမိလို့ဖြစ်စေ
လမ်းမှာခုလတ်တိုက်ပြီး
လဲကျခဲ့ဘူးကြမှာပေါ့
ဒီလိုအချိန်မျိုးမှာ
ရှက်သလို ကြောက်သလို
ဝမ်းနည်းသလိုနဲ့ထူပူပြီး
ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်
လူတွေများရင်ပိုဆိုးတာပေါ့
ဘ၀ခရီးလမ်းမှာလည်း
လူတိုင်းလူတိုင်းဟာ
စီးပွားရေးခလုတ်တိုက်ခြင်း
ပညာရေးခလုတ်တိုက်ခြင်း
ကျန်းမာရေးခလုတ်တိုက်ခြင်း
လူမှုရေးခလုတ်တိုက်ခြင်း
အချစ်ရေးခလုတ်တိုက်ခြင်း
စတဲ့ခလုတ်တိုက်ခြင်းအမျိုးမျိုးတွေနဲ့
မကြာမကြာကြုံတွေ့
ကြရမှာပါဘဲ
စီးပွားရေးမှာရွေးချယ်မှုတွေ
ဆုံးဖြတ်ချက်တွေလွဲချော်လို့
ဆုံးရှုံးရတာမျိုးတွေ
စာမေးပွဲကျတာမျိုးတွေ
ပြင်းထန်တဲ့ရောဂါဝေဒနာ
ခံစားရတာမျိုးတွေ
ပတ်ဝန်ကျင်ရဲ့အတိုက်အခိုက်ခံရတာမျိုးတွေ
ချစ်သူနဲ့ကွေကွင်းရတာမျိုးတွေဆိုတာ
မိမိလျှောက်နေတဲ့လမ်းကို
ဆက်လျှောက်ဖို့
ခဏလောက်တွေဝေသွားစေတဲ့
အကြောင်းတွေပါဘဲ
ဒါပေမဲ့ ဘ၀မှာ
ဟန်ချက်မညီဖြစ်ပြီး
ကိုယ်ထင်သလိုဖြစ်မလာတဲ့အခါ
ဘ၀ရဲ့စိန်ခေါ်မှုတွေကို
ရင်ဆိုင်ရတဲ့အခါတွေမှာ
ဘ၀ဟာနေဖို့မထိုက်တန်တော့ဘူးရယ်လို့
ဘယ်တော့မှမတွေးလိုက်ပါနဲ့
ဘ၀ဆိုတာတိုက်ပွဲတစ်ခုပါ
ခလုတ်တိုက်ပြီးလဲကျခဲ့ရင်လည်း
အင်အားတွေကိုစုစည်းပြီး
ပြန်ထရမှာပါဘဲ
ရှေ့မှာဆက်လျှောက်ရမဲ့
ခရီးကရှိသေးတယ်လေ
ကျွန်မလည်း
အကြောင်းအမျိုးမျိုးတွေကြောင့်
မကြာခဏခလုတ်တိုက်
လဲခဲ့ဘူးပါတယ်
ဒါပေမဲ့ အားတင်းပြီး
လဲရာကကျုံးထ
တည်ငြိမ်အောင်လုပ်ရင်းနဲ့ 
ဘ၀ကိုရှေ့ဆက်ခဲ့ရတာပါဘဲ
လဲကျတဲ့အရှိန်ပြင်းထန်ခဲ့ရင်တော့
အရင်လိုပြန်ဖြစ်ဖို့
အချိန်တော်တော်ယူရပါတယ်
တကယ်လို့များ မင်းဟာ
ခလုတ်တိုက်ပြီးလဲကျခဲ့မယ်ဆိုရင်လည်း
မင်းရဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေက
မင်းကိုဆီးကြိုပွေ့ဖက်
အားပေးကြပါလိမ့်မယ်
မဖြစ်မနေပြန်ထဖို့တော့
မင်းကြိုးစားရလိမ့်မယ်
May lay
photo : facebook
Resteemed.
Lovely girl
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit