စာဖတ်ခြင်းဟာ မိမိအတွက် အကျိုးမယုတ်စေပါဘူး။ ဒါပေမယ့် ကိုယ်ဖတ်တဲ့ စာအပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်အတွက် အကျိုးရှိတဲ့စာဖတ်ရင် ကောင်းတာတွေဖြစ်လာပါမယ်။ မကောင်းတဲ့စာဖတ်ရင် မကောင်းတဲ့ရလဒ်ပဲ ရလာပါမယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့စာကို ဖတ်နေရင်တော့ စာဖတ်တယ်ဆိုတဲ့ အမည်ခံပဲရသွားပါလိမ့်မယ်။ ဒါကြောင့် ကောင်းတဲ့စာအုပ်ကိုပဲ ဖတ်စေချင်ပါတယ်။ တစ်ပတ်ကို ကိုယ်အလုပ်နဲ့ပါတ်သက်တဲ့စာအုပ်သော်လည်းကောင်း ကိုယ့်ဘဝအောင်မြင်ရေးနဲ့ပါတ်သက်တဲ့ စာအုပ်တစ်အုပ်ကို ဖတ်သင့်ကြောင်းတိုက်တွန်းလိုပါတယ်။ ကိုယ့်အကျိုးအတွက် ဝယ်လိုက်တဲ့ စာအုပ်ကို ကိုယ့်ဘာသာ တစ်နေ့ကို အချိန်အနည်းဆုံး ၃၀ မိနစ်လောက်ထားဖတ်ရင် အချိန်တစ်ပတ်အတိုင်းအတာမှာ ပြီးမြောက်နိုင်ပါတယ်။ ထို့ကြောင့် ယနေ့ကစပြီး တစ်ပတ်ကို စာအုပ်တစ်အုပ်နှုန်း ဖတ်ကြပါ။
မနက်စောစောထပြီး သင်လုပ်နေတဲ့ အလုပ်နဲ့ဆိုင်တဲ့ စာတွေကို မိနစ် ၃၀ ကနေ တစ်နာရီကြာအောင် ဖတ်ပါ။ မှတ်ပါ။ မျဉ်းသားပါ။ Highlight နဲ့အရောင်ခြယ်ပါ။ မှတ်စုထုတ်ပါ။ မနက်စောစောမှာ စာဖတ်ခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါ။ အခုဖတ်နေတဲ့ အကြောင်းအရာတွေကို ဒီနေ့ အလုပ်ထဲမှာ ဘယ်လို အသုံးချမယ်ဆိုတာကို စဉ်းစားပါ။ အလုပ်ထဲရောက်တဲ့အခါ မနက်ကဖတ်ထားခဲ့တာတွေကို အလုပ်ထဲမှာ အသုံးချကြည့်ပါ။ ဘယ်နေရာမှာ အသုံးချရမယ်ဆိုတာကို ရှာဖွေပါ။ ညမအိပ်ခင်ဖြစ်ဖြစ် သင်ဖတ်ထားတာတွေကို ဒီနေ့အသုံးချဖြစ်သလား၊ ဘယ်လောက်အသုံးချခဲ့သလဲ။ အသုံးချလိုက်တော့ အလုပ်လုပ်ရတာ ပိုပြီး ထိရောက်သွားသလားဆိုတာကို ပြန်သုံးသပ်ပါ။
လူမှုသိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တစ်ခု ရှိပါတယ်။ အဲဒါက "Hawthorne Effect" ဟော်တွန် အကျိုးသက်ရောက်မှုလို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ဟော်တွန်ဆိုတဲ့ စက်ရုံမှာ စမ်းသပ်တွေ့ရှိခဲ့လို့ ဟော်တွန်လို့ ခေါ်တာပါ။ တွေ့ရှိချက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က "သင်ဟာ တစ်ခုခုကို အာရုံစိုက်နေရင် အဲဒီအရာမှာ ကျွမ်းကျင်လာပါလိမ့်မယ်" ဆိုလိုတာပါ။ ဥပမာပြောရမယ်ဆိုရင် - သင်ဟာသူများတွေ စကားပြောရင် သေချာနားထောင်တတ်တဲ့ အကျင့်တစ်ခုကို ရချင်တယ်။ သူတို့ပြောတာကို အာရုံစိုက် နားထောင်ရင်းနဲ့ သင်ဟာ နားထောင်ကောင်းသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သင်ဟာ အချိန်ကို လေးစားသူတစ်ယောက် ဖြစ်ချင်တယ်။ ဒါကြောင့် အချိန်မှန်အောင် အာရုံစူးစိုက်ရင်းနဲ့ သင်ဟာ အချိန်မှန်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
"Hawthorne Effect" ရဲ့တွေ့ရှိချက်အရဆိုရင် နေ့စဉ် မိနစ် ၃၀ ကနေ တစ်နာရီကြာအောင် စာဖတ်ပြီး တစ်နေ့လုံး အဲဒီစာကို ဘယ်လိုအသုံးချရမလဲလို့ စဉ်းစားနေရင် ကြာလာတဲ့အခါ သင်ဟာ သင်လုပ်နေတဲ့အလုပ်မှာ ပိုပြီးတော်လာမယ်။ ပိုပြီး ကျွမ်းကျင်လာမယ်။ ကြာလေ ကြာလေ သင်ဟာ သင့်အလုပ်မှာ ပိုပိုပြီး ကျွမ်းကျင်လာပါလိမ့်မယ်။ ဒါဟာ စိတ်ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်ပါ။
သင် တကယ်လို့ နေ့စဉ် မိနစ် ၃၀ ကနေ တစ်နာရီကြာအောင် စာဖတ်မယ်ဆိုရင် တစ်ပတ်ကို စာအုပ်တစ်အုပ် ဖတ်ပြီးပါလိမ့်မယ်။ အမေရိကန်နိုင်ငံသားတွေဟာ ပျမ်းမျှ တစ်နှစ်ကို စာတစ်အုပ်တောင် မဖတ်ကြတော့ပါဘူး။ သင် တကယ်လို့ တစ်ပတ်ကို စာအုပ်တစ်အုပ် ဖတ်ပြီးတယ်ဆိုရင် တစ်နှစ်မှာ စာအုပ်ပေါင်း ၅၀ ကိုဖတ်ပြီးပါလိမ့်မယ်။ အမေရိကန်နိုင်ငံက တက္ကသိုလ်ကြီးမှာ Ph.D ဒေါက်တာဘွဲ့ယူဖို့တက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ စာတမ်းပြုစုဖို့အတွက် မှီငြမ်းဖို့ စာအုပ် ၄၀ မှ ၅၀ အထိ ဖတ်ရပါတယ်။
သင်ဟာ တကယ်လို့ သင့်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စအုပ်တွေကို တစ်ပတ် တစ်အုပ်ဖတ်ရင် တစ်နှစ်ကို စာအုပ် ၅၀ ဖတ်ပြီးမယ်။ ဒါဆိုရင် သင့်ရဲ့ အသိဉာဏ်ဟာ အဲဒီလုပ်ငန်းနယ်ပယ်က Ph.D ဒေါက်တာဘွဲ့ရသူတစ်ယောက်နဲ့ ညီမျှသွားပါလိမ့်မယ်။ တကယ်လို့ တစ်ပတ်ကို စာအုပ် ၅၀နှုန်းနဲ့ ဆက်ဖတ်နေရင် ၁၀ နှစ်ကြာတဲ့အခါ စာအုပ်ပေါင်း ၅၀၀ ဖတ်ပြီးသွားပါလိမ့်မယ်။ သင့်လုပ်ငန်းနဲ့ပါတ်သက်တဲ့ စာအုပ်ပေါင်း ၅၀၀ ဖတ်ထားသူနဲ့ တစ်နှစ်မှ စာတစ်အုပ်တောင် အနိုင်နိုင်ဖတ်နေသူတို့ ယှဉ်လိုက်ရင် ဘယ်သူဟာ အဲဒီလုပ်ငန်းမှာ ပိုမိုကျွမ်းနေမလဲဆိုတာကို မေးစရာလိုမယ် မထင်တော့ပါဘူး။ စတော့ရှယ်ယာနဲ့ ဘီလျံနာသူဋ္ဌေးဖြစ်လာသူ ဝါရင်ဘတ်ဖက် (Warren Buffet) က ခုလိုပြောဖူးပါတယ်။
" ကျွန်တော့်ဘဝမှာ စာမှန်မှန်မဖတ်ဘဲ သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေသူ၊ အကြီးအကျယ် အောင်မြင်သွားသူ တစ်ယောက်မှ မတွေ့ဖူးပါဘူး"
ဒါကြောင့် သင်ဟာ စာမှန်မှန်ဖတ်နေသူ မဟုတ်ဘူးဆိုရင် ယနေ့ကစပြီး နေ့စဉ်မှန်မှန် မိနစ် ၃၀ ကနေ တစ်နာရီကြာအောင် စာဖတ်တဲ့အကျင့်ကို စလုပ်ပါ။ တီဗွီကြည့်တာ၊ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားလုပ်ပြီး အချိန်ဖြုန်းတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ကွန်ပျူတာဂိမ်းကစားတာ၊ ဖေ့စ်ဘုတ်ကြည့်တာတွေကို လျှော့ပြီး စာအုပ်ဖတ်တာကို အချိန်ပေးပါ။ ဒီလိုလုပ်တဲ့အတွက် ရလာမယ့် အကျိုးကတော့ သင် မထင်မှတ်တဲ့ အောင်မြင်မှုကြီးတွေကို ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။
ကျွန်တော် ဒီစာတွေကို မှီငြမ်းကူးယူရေးချထားသော်လည်း ဒီစာကို လူဆယ်ယောက်ဖတ်လို့ တစ်ယောက်လောက်က စာအုပ်ဖတ်ခြင်းကို စွဲစွဲမြဲမြဲလုပ်ခဲ့ရင် ကျေနပ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အရင်က စာဖတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ စာဖတ်ကြစေရန် တိုက်တွန်းလိုသောကြောင့်ဖြစ်ပါတယ်။ Photo credit by Google.
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thz u,bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
post တင်ပါဦးbro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါမယ်ျန်တော် စာမေးပွဲရြေမှာ့စာကျက်နေ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good တယ်ဗျာ အားပေးနေတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you,bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I did vote
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Post တင်ပါဦးလို့ 😞 မတင်ဖြစ်တဲ့ရက်တွေဆို comment ရေးပါ. Comment ကို vote ပေးပါမယ်. ကိုယ်ပေးရမဲ့ vote ကိုတော့ပုံမှန်ပေးပေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါမယ်ျန်တော် စာမေးပွဲရြေမှာ့စာကျက်နေ့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Post ရေးပါအုံးအရှည်ကြီးမဟုတ်လဲရပါတယ်