အချစ်ဆိုတာ

in esteem •  7 years ago 

အချစ်ဆိုတာ
သူနဲ့ သိပ်မရင်းနှီးသေးရင်တောင် ကြောင်တောင်တောင်ဖြစ်သွားအောင်
လှည့်စားနိုင်တယ်. . . .။

အချစ်ဆိုတာနဲ့
ရင်းနှီးကျွမ်းဝင်သွားပြီဆိုရင်တော့
သွက်သွက်ခါရူးသွားအောင်
လှုပ်ရမ်းပစ်လိုက်လိမ့်မယ်. . .။

အချစ်ဆိုတာ
တက်တူးထက်ဆိုးတဲ့ မှင်တစ်မျိုးပဲ
သူ့အရိပ်က
သေတောင်ဖျောက်မရဘူးရယ်. . . .။

အချစ်ဆိုတာ
မရဏမင်းရဲ့ မွေးစားသမီး
မင်းကို ရှင်လျှက်သေအောင် လုပ်နိုင်တယ်. . .။

တကယ်ပါ အပေါင်းအသင်း
အချစ်ဆိုတာ
ကိန်းရှင်ပုဒ်စာတစ်ခုပါပဲ
သေချာတိကျတဲ့ အဖြေထုတ်ဖို့ခက်တယ်. . .။

ငယ်ကချစ် နှစ်တစ်ရာတဲ့
နီးတာကိုပြောတာလား
ဝေးတာကိုပြောတာလား
ဆွေးတာကိုပြောတာလား
သိပ်တော့မသေချာပါဘူး. . . .။

သေချာတာကတော့
အပေါင်းအသင်း
ချစ်လေလေ
ခံစားရလေလေပါပဲ. . .။

ချစ်မိလေလေ
နှစ်တစ်ရာလုံးလုံး
လွမ်းရလေလေပါပဲ. . . .။

အသည်းကွဲသမားရေးတဲ့ကဗျာ
(ငယ်ကချစ်နှစ်တစ်ရာ. . . .သို့)
image
မှတ်ချက်။ ။အာမီရမ်သောက်ရင်း ကင်းစောင့်ရင်း သျှီတြီဘုတ်ဆုံငယ်ကချစ် ဖြစ်ဖြစ်သမျှနှစ်တစ်ရာ အားလွမ်းရင်း ရေးသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!