မင်း ဘယ်အရာကိုမှ ဘယ်သူ့ကိုမှ
စွဲစွဲလမ်းလမ်း တမ်းတမ်းတတ မထားရှိပါနဲ့
အဲ့ဒီစိတ်တွေဟာ မင်းကိုပဲ ပြန်ပြီးဒုက္ခတွေ
အထပ်ထပ်အခါခါ ပေးနေလိမ့်မယ်။
မေတ္တာတော့ထားပါ သံယောဇဉ်တော့
မဖြစ်စေနဲ့ပေါ့ ကိုယ်ဘက်ကပေးဖို့ရှိတာပဲ
ဖြစ်ဖြစ် လုပ်ပေးနိုင်တာပဲဖြစ်ဖြစ်
စေတနာအပြည့်နဲ့ စွမ်းနိုင်သ၍
စွမ်းအားရှိသ၍ ပေးလိုက်ပါ လုပ်ပေးလိုက်ပါ။
တစ်ခုခုပြန်ရချင်လို့
ပြန်တုန့်ပြန်စေချင်လို့ဆိုတဲ့ မျှော်လင့်ချက်တွေ
ဘယ်တော့မှ မထားရှိနဲ့ အဲ့ဒီလိုထားရှိလိုက်ရင်
မင်းရဲ့မေတ္တာဟာ မေတ္တာအစစ်မဟုတ်တော့ပဲ
မေတ္တာအတုအယောင်ဖြစ်သွားပါပြီ။
ငါမရှိရင် မဖြစ်လောက်ဖူးလို့လည်း
မင်း ဘယ်တော့မှ မတွေးထားပါနဲ့
အရာရာတိုင်းဟာ သူ့သဘာဝအတိုင်းပဲ
အချိန်မှန်မှန် လည်ပတ်နေတာပါ
ပြီးတော့လည်း ပြီးသွားမှာပါပဲ။
မင်းကို သတိတရရှိနေလည်း ခဏတာပါ
အချိန်တွေ နာရီတွေ နေ့ရက်တွေ
ကုန်လွန်ကြာညောင်းသွားတာနဲ့အမျှ
မတွေ့တော့မမြင်တော့တာနဲ့အမျှ
မင်းကို လူတွေအားလုံးဟာ
မေ့မေ့ပျောက်ပျောက်ပဲဖြစ်သွားမှာပါ။
That right
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit