ကိုကြိုင် နဲ့ IT

in esteem •  7 years ago 

(ကျွန်တော်တို့ရပ်ကွက်ထဲမှာကိုကြိုင်ဆိုတဲ့
ယောက်ကျားတယောက်နေပါတယ် အလုပ်ကတော့တက္ကစီမောင်းပေါ့ မိန်းမနဲ့ကလေးတယောက်ရှိတယ်) ကျွန်တော်အခုကိုကြိုင်စီသွားမလို့ဗျ

ကိုကြိုင် ကိုကြိုင်

ငါသင်တန်းသွားမလို့ နင်ဘာလာလုပ်လဲမသိ(ကျွန်တော်ကို မွန် သံနဲ့လှမ်းပြောတယ်ဗျ ဂျိုင်းကြားထဲမှာလဲဖိုင်တခုကိုညုပ် ထားသေးတယ်)

ဘယ်ကသင်တန်းကိုသွားမလို့လဲ

IT IT (မွန်သံနဲ့ထက်ပြောတယ်)

အကောင်းပြောစန်းပါဗျာ ဘာ IT လဲ

ဒီလိုကွ ငါ IT အကြောင်းလေ့လာနေတယ် အဲ့ဒါသင်တန်းသွားမလို့

သင်တန်းမသွားနဲ့ဗျာ လက်ဖက်ရည်ဆိုင်အရင်
သွားမယ်

ကောင်းပြီ ကောင်လေး

လာစမ်းပါဗျာ(ကျွန်တော်သူလက်ကိုအတင်းဆွဲ
ပြီးထွက်ခဲ့တယ်)

(လက်ဖက်ဆိုင်ကိုရောက်တော့)
ပေါ့ကျ နှစ်ခွက်ဟေ့

(အဲ့မှာဇာတ်လမ်းကစပါတော့တယ် ကိုကြိုင်ကသူယူလာတဲ့ ဖိုင်ထဲကစာရွက်တွေထုတ်ပြီး)

ဒီလိုရှိတယ်ကောင်လေး အခုငါသင်နေတဲ့ IT အကြောင်းထဲက အခုနာမည်ကြီးတဲ့facebook အကြောင်းကိုရှင်းပြမယ်

(အဲ့အချိန်မှာဘေးဝိုင်းကသူတစ်ယောက်ကထ
အော်တယ်)
ကိုကြိုင်ကလဲ facebook
အကြောင်းများအိမ်ကကျွန်တော့သားလေး
တောင်နားလည်တယ်

(ကိုကြိုင် သူပြောမဲ့စကားရပ်သွားတော့ဒေါသထွက်သွားတယ် အဲ့ဒါနဲ့ထရပ် ပုဆိုးကိုပြင်ဝတ်ပြီး)

ငါဘာသာပြောချင်လို့ ပြောတာမင်းေ--ာက်လုပ်
လား

ကိုကြိုင်သူတို့ကစတာပါဗျာ ပြန်ထိုင်ပါ
(ပြောလို့မရဘူး ဟိုဘက်ဝိုင်းကိုကူးသွားပြီ
ကျွန်တော်ကစကားများပြီထင်ထားတာ ဟိုဘက်
ဝိုင်းလဲရောက်ရောကိုကြိုင်အရင်ပြောလိုက်တာက)

မင်း သားကဘယ်လောက်နားလည်လို့လဲ

(ဟိုလူကထရီတယ်)
ဟား ဟား ဟား ကိုကြိုင်ကလဲဒေါသမထွက်ပါနဲ့ဗျာ ကျွန်တော်ကခင်ဗျားကိုသဘောကျလို့စတာပါ
(ကျွန်တော်အဲ့ဝိုင်းကိုထလာပြီး ထိုင်လိုက်တယ်)

(ကျွန်တော်က) ကိုကြိုင်ခင်ဗျားသင်တန်းမှာကောင်မလေးတွေရှိလား

သင်တန်းပဲကွရှိတာပေါ့

ကျွန်တော်လိုက်ခဲ့မယ်ဗျာ အဲ့ကောင်မလေးတွေ
ကြည့်ရအောင်

နေပါကွာ ငါတောင်ကြည့်လို့မလောက်ဘူး
(ကိုကြိုင်ကအဲ့ဘက်လဲနည်းနည်း)

(ခုနကသူကိုစတဲ့သူက) ကိုကြိုင်ခင်ဗျား window ကျသွားတာပြန်တင်တက်လား

မင်း သား တင်ခိုင်းလိုက်လေကွာ မင်း သား ကငါ့ထက်ကျွမ်းတာပဲ

ခင်ဗျား ကလဲစိတ်မကောက်စန်းပါနဲ့

စိတ်ကောက်ရအောင်ငါကအခြောက်လား

မသိဘူးလေ

လုပ်ပြန်ပြီဘာကိုမသိတာလဲ တော်ပြီကွာသင်တန်းနောက်ကျနေတော့မယ် လစ်ပြီ
(ကိုကြိုင်လဲသူကိုဝိုင်းနောက်နေမှန်းသိတော့ထထွက်သွားပါတယ် သွားခါနီး)

မင်းအိမ်က computer window ကျနေရင်ငါအပြန်ဝင်လုပ်ပေးမယ်

နောက်တာဘာဗျာ ဘာမှမဖြစ်ပါဘူးခင်ဗျားကိုစချင်လို့လျောက်
ပြောလိုက်တာ

မင်းကတော့ သေတော့မယ် ဆိုပြီးကျောကိုလှမ်းရိုက်ပါတယ်

(ကျွန်တော်က) ကိုကြိုင်ခင်ဗျားသွားတော့ နောက်ကျနေအုန်းမယ် လို့ပြောတော့

( ok ok ကောင်လေး ဆိုပြီးထွက်သွားတာနည်းနည်းဝေးဝေးလဲရောက်ရော ကောင်လေး ဒီမှာကြည့်ဆိုပြီး
ဘာစိတ်ကူးပေါက်လဲမသိဘူး ကျွန်တော့ဘက်လှည့်ပြီး ကာယဗလမောင်တွေလုပ်သလို အံကိုကြိုတ် လက်နှစ်ဖက်ကိုစု အီး.....လို့အော်ပြီး
တော့ဗလတွေထုတ်ပြသွားသေးတယ်) image
writing by SMT 45

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/groups/229807634073082