A bowl of shampoo is provided, and Myanmar shampoo is made from medicinal barks and pods, it's a mixture somewhat like shampoo. It is a Myanma traditional shampoo, that makes the hair bright and healthy.
ခေါင်းလျှော်ရည်ဆိုသည်မှာ တရော်နှင့် ကင်ပွန်းသီးတို့ဖြင့် ရောထားသောအရည်ဖြစ်၏။ တရော်ဆိုသည်မှာ သစ်ပင်တစ်မျိုး၏ အခေါက်ဖြစ်၍ ထုပြီးရေစိမ်ပါက ချွဲပစ်နေ၏။ ကင်ပွန်းသီးမှာ Soapnut ခေါ် အပင်မှ အသီးဖြစ်၏။ ယင်းအသီးကိုပြုတ်၍ တရော်ရေနှင့်ရောထားသည့် ခေါင်းလျှော်ရည် ဖြစ်သည်။ မြန်မာ့ရိုးရာခေါင်းလျှော်ရည်မှ အနံ့တစ်မျိုးရသည်။ ဆံပင်သန်၍ ဦးခေါင်းအရေ စိမ်းစိုသန်မာသည်ဟု မြန်မာတို့က ယူဆကြသည်။
The parents provided gold bracelet, anklet, necklace and etc, as they can afford for the child. The child has been dressed in new garments. At the ceremony, first of all, the parents, brothers and sisters pay respect to the Buddha with offertories, on behalf of the infant. Then, the young ones of the family, pay respect to the parents with offertories on behalf of their youngest brother or sister.
ကလေးများအတွက်လည်း ရွှေလက်ကောက်၊ ရွှေခြေကျုင်း၊ ရွှေဆွဲကြိုး စသည့်တို့ကို မိမိတို့တတ်နိုင်သလို မိဘများက ပြုလုပ်ထား၏။ ကလေးအတွက် အဝတ်အစားသစ်များလည်း ဝတ်ဆင်ပေးထား၏။ အခမ်းအနားစလျှင် ကန်တော့ပွဲများနှင့် ပထမဘုရားကန်တော့၏။ မိဘအစ်ကိုမောင်နှမများက ကလေးအစား ကန်တော့ပေးရသည်။ ထို့နောက် မိဘများကို ကန်တော့၏။ ကလေးအစား ငယ်ရွယ်သူတို့က မိဘနှစ်ပါးကို ကန်တော့သည်။
Afterwards, the infant is bathed and shaved. Having dried the infant with white, clean cloth, he or she is dressed in new clothes. Then, the infant is adorned with gold or silver bracelets, anklets and necklace. The mother spoons her child with chewed rice. After spooning, the infant has been put in a new cradle and the cradle putting ceremony has been done.
ထို့နောက် ကလေးကို ရေချိုးပေး၏။ ထို့နောက် မွေးကတည်းက ပါလာသော ဆံပင်ကို ရိတ်ပေးသည်။ ထို့နောက် ကလေးအား အဝတ်ဖြူအသန့်ဖြင့်သုတ်ကာ အဝတ်အစားသစ်များလည်း ဆင်ယင်ပေး၏။ ပြီးမှ ရွှေ၊ ငွေလက်ကောက်၊ ဆွဲကြိုးများ ဆင်မြန်းပေးကြသည်။ ပြီးမှ မိခင်က ကလေးကို ပွေ့ချီကာ ထမင်းကို ဝါး၍ခွံ့၏။ ထမင်းခွံ့ခြင်းဖြင့် ထမင်းခွံ့ မင်္ဂလာပြီးမြောက်သည်။ ထမင်းစားပြီးသော ကလေးကို အသစ်ပြုလုပ်ထားသော ပုခက်တွင်ထည့်၍ လွှဲသိမ်ခြင်းဖြင့် ပုခက်တင် မင်္ဂလာလည်း ပြီးမြောက်သည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!