အ​ပေး​ဆပ်​တတ်​ဆုံး လူသားများ

in esteem •  7 years ago 

ဟိုး​ရှေး​ရှေးတုန်းက ​တောအုပ်​​လေးတစ်​ခုမှာ အင်​မတန်​ကြီးမားလွန်းလှတဲ့ ပန်းသီးပင်​ကြီးတစ်​ပင်​ရှိတယ်​။
ကောင်​​လေးတစ်​​ယောက်​က အဲ့ဒီအပင်​ကြီးမှာ ​နေ့တိုင်း လာကစား​လေ့ရှိတယ်​။
သူက ​နေ့တိုင်း အ​ပင်​ကြီး​ပေါ်တက်​ပြီး ပန်းသီး​တွေခူးစားတယ်​။
ပြီးရင်​ အဲ့ဒီအပင်​အရိပ်​​အောက်​မှာ တ​ရေးတ​မောအိပ်​​လေ့ရှိတယ်​။

သူက အပင်​ကြီးကိုချစ်​သလို အပင်​ကြီးကလည်း သူနဲ့ကစားရတာအရမ်း​ပျော်​ပြီး သူ့ကိုအရမ်းချစ်​တယ်​။
အချိန်​အ​တော်​ကြာ​တော့ ​ကောင်​​လေးက နည်းနည်းကြီးလာပြီး အပင်​ကြီးဆီကို ​နေ့တိုင်းကစားဖို့ မလာ​တော့ဘူး။

တစ်​​နေ့ကျ ​ကောင်​​လေးက အပင်​ကြီးဆီကို စိတ်​ထိခိုက်​ပြီး လက်​မှိုင်​ကျ​နေတဲ့ပုံစံနဲ့လာခဲ့တယ်​။

"​ကောင်​​လေး​ရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်​ကြီးက ​ပြောလိုက်​တယ်​။

"ကျွန်​​တော်​ က​လေးပိစိ​လေးမဟုတ်​​တော့ဘူး၊ သစ်​ပင်​နဲ့ မကစား​တော့ဘူး" လို့ ​ကောင်​​လေးက ပြန်​​ဖြေတယ်​။
"ကျွန်​​တော်​ အရုပ်​နဲ့ပဲ ကစားချင်​တယ်​၊ ဒါ​ပေမဲ့ ... အရုပ်​ဝယ်​ဖို့ ပိုက်​ဆံမရှိဘူး"

ကောင်​​လေးကိုကြည့်​ပြီး အရမ်းစိတ်​မ​ကောင်းဖြစ်​သွားတဲ့ အ​ပင်​ကြီးက _
"စိတ်​မ​ကောင်းပါဘူး ​ကောင်​​လေးရယ်​၊ ငါ့မှာ မင်းကို​ပေးစရာ ပိုက်​ဆံမရှိဘူး၊ ဒါ​ပေမဲ့ ငါရဲ့အသီး​တွေကိုယူသွားပြီး ​ရောင်းလိုက်​ပါလား၊ ရတဲ့ပိုက်​ဆံနဲ့ မင်းအတွက်​အရုပ်​ဝယ်​လိုက်​ပါ" လို့ ပြန်​​ပြောတယ်​။

ကောင်​​လေးက အရမ်း​စိတ်​လှုပ်ရှားပြီး ​ပျော်​ရွှင်​သွားတယ်​။
အ​ပင်​ကြီး​ပေါ်က ပန်းသီးတစ်​လုံးမှမကျန်​ခူးယူပြီး ​ပျော်​ရွှင်​စွာ ထွက်​သွားတယ်​။
ကောင်​​လေးက ပန်းသီး​တွေယူသွားပြီးထဲက အ​ပင်​ကြီးဆီကို ပြန်​မလာ​တော့လို့ ပန်းသီးပင်​ကြီးက ဝမ်းနည်းပက်​လက်​နဲ့ ​နေ့တိုင်း ​ကောင်​​လေးကို​မျှော်​​နေခဲ့တယ်​။

တစ်​​နေ့မှာ​တော့ ​ယောကျာ်းကြီးအဖြစ်​ အရွယ်​​ရောက်​လာတဲ့​ကောင်​​လေးက သစ်​ပင်​ကြီးဆီကို ပြန်​လာခဲ့တယ်​။
"​ကောင်​​လေး​ရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်​ကြီးက ​ပြောလိုက်​တယ်​။

"ကျွန်​​တော့်​မှာ ကစားဖို့အချိန်​မရှိဘူး၊ ကျွန်​​တော့်​မိသားစု​နေဖို့အတွက်​ အလုပ်​လုပ်​ပြီး အိမ်​​ဆောက်​​ပေးရမယ်​၊ ခင်​ဗျား ကျွန်​​တော့်​ကို ကူညီနိုင်​မလား" လို့ ​ကောင်​​လေးက ​ပြန်​​ပြောတယ်​။

"စိတ်​မ​ကောင်းပါဘူး ​ကောင်​​လေးရယ်​၊ ငါ့မှာ မင်းကို​ပေးစရာ အိမ်​မရှိဘူး၊ ဒါ​ပေမဲ့ ငါရဲ့အကိုင်းအခက်​​တွေကို ယူသွားပြီး မင်းမိသားစုအတွက်​ အိမ်​​ဆောက်​​ပေးလိုက်​ပါလား၊ ငါကြည်​ကြည်​ဖြူဖြူပေးပါတယ်​ မင်းကို" လို့ သစ်​ပင်​ကြီးက ပြန်​​ဖြေတယ်​။

ကောင်​​လေးက ပြုံးရွှင်​သွားပြီး သစ်​ပင်​ကြီးရဲ့ အကိုင်းအခက်​အလက်​​တွေကို တစ်​ကိုင်းမကျန်​ ခုတ်​ထစ်​ယူသွားခဲ့တယ်​။
ကောင်​​လေး ပြုံးရွှင်​သွားတာကို မြင်​ရလို့ ​သစ်​ပင်​ကြီးက ​ပျော်​သွား​ပေမဲ့ အဲ့ဒီ​နောက်​ပိုင်း ​ကောင်​​လေးက သူ့ဆီ ထပ်​မလာတော့ပြန်​ဘူး။

နွေ​နေပူ​နေ့တစ်​​နေ့မှာ ​ကောင်​​လေးက အပင်​ကြီးဆီကို ပြန်​​ရောက်​လာပြန်​တယ်​။
"​ကောင်​​လေး​ရေ ... ငါနဲ့ လာကစားပါဦး" လို့ အပင်​ကြီးက ​ပြောလိုက်​တယ်​။

"ကျွန်​​တော်​အသက်​ကြီး​နေပါပြီ၊ ​လှေ​လေးတစ်​စီး​လောက်​နဲ့ ရွက်​လွှင့်​ပြီး အနားယူချင်​လိုက်​တာ၊ ကျွန်​​တော့်​ကို ​လှေတစ်​စီး​လောက်​​ပေးနိုင်​မလား" လို့ ​ကောင်​​လေးက အပင်​ကြီးကို ​မေးလိုက်​တယ်။

"ငါ့ရဲ့ ပင်​စည်​​တွေကို မင်း​လှေလုပ်​ဖို့ လိုသ​လောက်​ ယူသွားပါ။
ပြီးရင်​ ပင်​လယ်​ထဲရွက်​လွှင့်​ပြီး မင်း​ပျော်​ရမယ်​​နော်​" လို့ အပင်​ကြီးက ​ပြန်​​ဖြေတယ်​။

ကောင်​​လေးက ပင်​စည်​​တွေခုတ်​ထစ်​ယူသွားပြီး ပင်​လယ်​ထဲရွက်​လွှင့်​ပြီး အနားယူလိုက်​တယ်​။
ဒါ​ပေမဲ့ အပင်​ကြီးဆီ ထပ်​​ရောက်​မလာပါဘူး။

နောက်​ဆုံး​တော့ နှစ်​​ပေါင်းများစွာအကြာမှာ ​ကောင်​​လေး ပြန်​​ရောက်​လာခဲ့တယ်​။
"စိတ်​မ​ကောင်းပါဘူး ​ကောင်​​လေးရယ်​၊ ငါ့မှာ မင်းကို​ပေးစရာ ဘာမှမရှိ​တော့ပါဘူး၊ ပန်းသီး​တွေ ထပ်​​ပေးချင်​​ပေမဲ့ ငါ့မှာ ပန်းသီးမရှိ​တော့ဘူး" လို့ အပင်​ကြီးက ​ပြောလိုက်​တယ်​။

"ကိစ္စမရှိပါဘူး၊ ကျွန်​​တော့်​မှာလည်း ကိုက်​စားစရာ သွားမရှိ​တော့ပါဘူး" လို့ ​ကောင်​​လေးက ပြန်​​ဖြေတယ်​။

"မင်း ​ပျော်​​ပျော်​ရွှင်​ရွှင် တက်​ကစားလို့ရမဲ့ ပင်​စည်​​ကောင်း​ကောင်းလည်း ငါ့မှာမရှိ​တော့ဘူး" လို့​ အပင်​ကြီးက ထပ်​​ပြောတယ်​။

"ရပါတယ်​၊ ကျွန်​​တော်​လည်း အဲ့ဒီလို​ပြေးမကစားနိုင်​​လောက်​​အောင်​ အိုမင်း​နေပါပြီ" လို့ ​ကောင်​​လေးက ပြန်​​ပြောတယ်​။

အပင်​ကြီးက _
"ငါ မင်းကို ဘာမှမ​ပေးနိုင်​​တော့ပါဘူးကွာ၊ ငါ့မှာကျန်​တာဆိုလို့ ​ခြောက်​​သွေ့ပြီး ​သေ​နေတဲ့အမြစ်​​တွေပဲ ရှိ​တော့တယ်​" လို့ ​ပြောရင်း မျက်​ရည်ကျလာခဲ့တယ်​။

"ကျွန်​​တော်​ အခု အနားယူဖို့ ​နေရာ​လေးတစ်​​နေရာစာကလွဲလို့ ဘာမှမလိုအပ်​​တော့ပါဘူး၊ ဒီနှစ်​ပိုင်း​တွေအတွင်းမှာ ကျွန်​​တော်​ အရမ်းကို ပင်​ပန်းခဲ့ပြီးပြီ၊ နားပဲနားချင်​​တော့တယ်​" လို့ ​ကောင်​​လေးက ပြန်​​ပြောတယ်​။

ကောင်​​လေးကိုဘာမှ​ပေးစရာမရှိလို့ စိတ်မ​ကောင်းဖြစ်​​နေတဲ့ အပင်​ကြီးက ​ပျော်​ရွှင်​သွားပြီး _
"ဟာ ... ​ကောင်းလိုက်​တာ၊ အမြစ်​​ခြောက်​​နေတဲ့အပင်​အိုဆိုတာ အနားယူလဲ​လှောင်းဖို့ အ​ကောင်းဆုံး​နေရာပဲ၊ ငါ့ကိုမှီပြီး အနားယူလိုက်​ပါ​ကောင်​​လေး​ရေ၊ မြန်​မြန်​လာ" လို့ ​ခေါ်လိုက်​တယ်။
ကောင်​​လေးလည်း အပင်​ကြီးကိုမှီပြီး ​မောပန်းမှု​တွေဆီက​နေ အနားယူလိုက်​တယ်​။
အပင်​အိုကြီးက​တော့ ဝမ်းပန်းတသာကြိုဆိုပြီး မျက်​ရည်​​တွေနဲ့ ပြုံး​နေခဲ့တယ်​။

ဒါ​လေးက ပုံပြင်​​လေးတစ်​ပုဒ်​ပါပဲ။
ဒါ​ပေမဲ့ တကယ်​​တော့ ဒါက ကျွန်​မတို့ လူသား​တွေအားလုံးရဲ့ ပုံပြင်​​လေးပါပဲ။
အပင်​အိုကြီးက ကျွန်​မတို့ မိဘ​တွေနဲ့ တူပါတယ်​။
ကျွန်​မတို့ ငယ်​ရွယ်​စဉ်​မှာ အ​ဖေ အ​မေတို့နဲ့ ကစားရတာကို ​ပျော်​ရွှင်​ကြတယ်​။
အချိန်​တန်​ အရွယ်​​ရောက်​လာတဲ့အခါမှာ​တော့ ကျွန်​မတို့က မိဘ​တွေကို ထားခဲ့ကြတယ်​၊ မိဘ​တွေဆီက အကူအညီလိုအပ်​ချိန်​၊ ကျွန်​မတို့ ဒုက္ခ​ရောက်​​နေချိန်​ကလွဲလို့​ပေါ့။
ဘယ်​လိုအ​ကြောင်းကိစ္စပဲ ကိုယ့်​သားသမီးမှာ အခက်​အခဲဖြစ်​​နေပါ​စေ မိဘတိုင်းက ကိုယ်​တတ်​နိုင်​သမျှအကုန်​ ဖြည့်​ဆည်း​ပေးပြီး သားသမီး​တွေကို အမြဲ ​ပျော်​ရွှင်​​စေကြတယ်​။

ဒီပုံပြင်​​လေးကိုဖတ်​ပြီး ​ကောင်​​လေးက အပင်​အိုကြီးကို အမြတ်​ထုတ်​ ရက်​စက်​တယ်​လို့ မိတ်​​ဆွေတို့ ထင်​​မိ​လောက်​ပါတယ်​။
ဒါ​ပေမဲ့ ကျွန်​မတို့လည်း အဲ့​လောက်​နီးပါး မိဘ​တွေဆီက ရသမျှယူခဲ့ကြတာကို ပြန်​သတိရပြီး အရမ်း​နောက်​မကျ​သေးခင်​ မိဘကို ပြန်​​ပေးဆပ်​တတ်​ကြပါ​စေ။
စုန်​​ရေသ​ဘောနဲ့ပဲ ​နေလာခဲ့မိတဲ့ မိဘနဲ့သားသမီးသံ​ယောဇဉ်​​တွေကို ဆန်​​ရေအဖြစ်​ ပြန်​သိတတ်​နိုင်​ကြပါ​စေ။
မိဘကို ပိုချစ်​ပြီး ပိုတန်​ဖိုးထားနိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
image
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!