ခွန်​အားနည်း​သော်​လည်း ... အသိဉာဏ်​ကြီးလျှင်

in esteem •  7 years ago 

ကျွန်​မတို့ လူသား​တွေရဲ့ အထူးအားနည်းချက်​​တစ်​ခုက ကိုယ့်​ထက်​ အင်​အားကြီးမားသူကို အလိုလိုအရှုံး​ပေးတတ်​သလို ကိုယ့်​ထက်​ အင်​အားနည်းသူကိုလည်း အလိုလို​လျော့တွက်​တတ်​ကြပါတယ်​။
ဒါ​ကြောင့်​ မိမိထက်​ အားကြီးတိုင်း ​ကြောက်​ရွံ့​အရှုံး​ပေးနေဖို့ မလိုအပ်​သလို မိမိထက်​ အားနည်းတိုင်းလည်း ​လျှော့တွက်ကာ အထင်​​သေးလို့ မရနိုင်​​ဘူးဆိုတာ​လေးကို ဒီပုံပြင်​​လေးနဲ့ ​သတိ​ပေးလိုက်​ချင်​ပါတယ်​။

တစ်​ခါက သိုး​ကျောင်းသားတစ်​​ယောက်​က သူ့ရဲ့ သိုးအုပ်​ကို သိုး​ကျောင်းထွက်​လာခဲ့တယ်​။
သူ့ရဲ့ သိုးအုပ်​ထဲက သိုးငယ်​​လေးတစ်​​ကောင်​က လတ်​လတ်​ဆတ်​ဆတ်​ မြက်​နု​လေး​တွေကို ​ရွေးစား​နေရင်း တ​ဖြေး​ဖြေးနဲ့ သိုးအုပ်​နဲ့ ​ဝေးတဲ့ဘက်​ဆီ​ရောက်​လာခဲ့တယ်​။
သိုးငယ်​​လေးက အရသာရှိတဲ့မြက်​​တွေကို စား​နေရတာနဲ့တင်​ ပတ်​ဝန်းကျင်​ကို ​မေ့​လျော့​နေမိပြီး တစ်​​ကောင်​ထဲ သိုးအုပ်​နဲ့ကွဲကွာသွားခဲ့တယ်​။
ဒါ​ပေမဲ့ သူက သူ့ကို​ချောင်း​နေတဲ့ ​မြေ​ခွေးကို သတိမပြုမိခဲ့ဘူး။

မြေ​ခွေးက သိုးငယ်​​လေး​ရှေ့ကို သွားရည်​တမြားမြားနဲ့ ​ရောက်​လာခဲ့တယ်​။
သိုးငယ်​​လေးက ​မြေ​ခွေးကိုမြင်​လိုက်​ရတဲ့အခါ ​ကြောက်​လန့်​သွားပြီး _
"ကို​မြေ​ခွေး ... ဘာပဲဖြစ်​ဖြစ်​ ကျွန်​မအစားခံရ​တော့မယ်​ဆိုတာ သိပါတယ်​၊ ဒါ​ပေမဲ့ ကျွန်​မကို အခုမစားပါနဲ့ဦး၊ ကျွန်​မဗိုက်​ထဲမှာ မြက်​​တွေအများကြီးစားထားမိ​တော့ အသင်​စားရတာ အရသာပျက်​မှာစိုးလို့ပါ၊ ကျွန်​မအစာ​ကြေတဲ့ထိ ခဏ​စောင့်​ပြီးမှပဲစားပါလား" လို့ ​ပြောလိုက်​တယ်​။
မြေ​ခွေးကလည်း သ​ဘောတူပြီး ထိုင်​​စောင့်​ပေးတယ်​။

ခဏအကြာမှာ သိုးငယ်​​လေးက _
"ကို​မြေ​ခွေးရှင့်​ ... ကျွန်​မတို့ ဒီလိုထိုင်​​နေရုံနဲ့ အစာ​ကြေဖို့ လွယ်​မယ်​မထင်​ပါဘူး၊ ကျွန်​မကို ကခွင့်​​ပေးပါလားရှင့်​၊ ဒါမှ ​မောပန်းပြီး အစာမြန်​မြန်​​ကြေနိုင်​မှာပါ" လို့ ​ထပ်​​တောင်းဆိုပြန်​တယ်​။
မြေ​ခွေးကလည်း ထပ်​သ​ဘောတူ​ပေးလိုက်​တယ်​။

က​နေရင်းက​နေ သိုးငယ်​​လေးက ​နောက်​ထပ်​တစ်​ခု ထပ်​​တောင်းဆိုပြန်​တယ်​။
"ကိုကြီး​မြေ​ခွေးရှင့်​ ... ကျွန်​မ တီးလုံးမပါပဲ ကရတာ သိပ်​အဆင်​မ​ပြေလှပါဘူး၊ ကျွန်​မရဲ့ လည်​ပင်းက ခြူလည်​ဆွဲ​လေးကိုယူပြီး ကို​မြေ​ခွေးက တီး​ပေးရင်​ ကျွန်​မပိုကလို့​​ကောင်းမှာပဲ" လို့ထပ်​​တောင်းဆိုလိုက်​ပြန်​တယ်​။
မြေ​ခွေးကလည်း သိုးမ​လေးရဲ့​နောက်​ဆုံးဆန္ဒကို လိုက်​​လျော​ပေးတဲ့အ​နေနဲ့ ခြူလည်​ဆွဲကိုယူပြီး တီးခတ်​​ပေးလိုက်​တယ်​။

ခြူသံကိုကြားပြီး သိုး​ကျောင်းသား​လေးက ရွာသားအ​ဖော်​​ခေါ်ပြီး ခြူသံ​နောက်​ကိုလိုက်​ခဲ့တယ်​။
အင်​အားကြီး​ပေမဲ့ အသိဉာဏ်​နည်းတဲ့ ​မြေ​ခွေးက ရွာသား​တွေရဲ့လက်​ချက်​နဲ့ ​သေပွဲဝင်​သွားရပြီး အင်​အားနည်း​ပေမဲ့ ဉာဏ်​ရှိတဲ့ သိုးမ​လေးက​တော့ အသက်​​ဘေးကလွတ်​​မြောက်​ကာ သခင်​ထံပြန်​​ရောက်​ရှိခဲ့ရပါတယ်​။
ဒါ​ကြောင့်​လည်း အသက်​ကိုဉာဏ်​​စောင့်​တယ်​ဆိုတဲ့ စကားရှိခဲ့တာဖြစ်​​လောက်​မယ်​ထင်​ပါတယ်​။
image
စာဖတ်​သူတို့လည်း မိမိကိုယ်​ကို အင်​အားကြီး အသာစီးရ​နေရုံနဲ့ သူတစ်​ပါးကို​လျော့တွက်​ကာ ​ပေါ့​ပေါ့မ​နေပဲ၊ မိမိက အင်​အားနည်းသူဖြစ်​​နေလည်း တစ်​ဖက်​သားကို ​ကြောက်​ရွံ့အရှုံး​ပေးမ​နေပဲ အသိဉာဏ်​ဖြင့်​ ချိန်​ဆက အနိုင်​ယူနိုင်​ကြပါ​စေ ဆန္ဒပြုရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @yadanarpoekyuu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.