မနက်ဖြန် နံနက်မှ စ၍
အမရပူရ တောင်မြို့
မဟာဂန္ဓာရုံ ဆရာတော်
အရှင်ဇနကာဘိဝံသ ၏
အခြေပြု ပဋ္ဌာန်း တရားတော်ကို
ရေးသားပူဇော်ပါ့မယ်
စာအုပ်အနေနဲ့ ဖတ်မှတ် နာကြားရုံမျှဖြင့်
အားမရလို့
ကိုယ်တိုင်ရေးသားပူဇော်ချင်တဲ့
ဆန္ဒကြောင့်ပါ
ကျမ်းစာအုပ်တွင်
ရေးသားပူဇော်ရာမှာ
ဆရာတော်ကြီး၏ ဟောကြားချက်ကို
တိတ်ခွေဖြင့်ဖမ်းယူပြီးမှ
ပြန်လည်ရေးသားပြုစုခြင်းဖြစ်၍
ဆရာတော်ကြီး၏
စိတ်တွင်းရှိသမျှ စကားများ အကြံများကို
အကြားအလပ်မရှိ တစပ်တည်း
ဟောပြောထားသမျှကို
လက်တွေနာကြားရသလို
ကြည်ညိုဖွယ် ဖြစ်လှပါတယ်
ဆရာတော်ကြီး သည် ယခု ပူဇော်မည့်
အခြေခံပဋ္ဌာန်းတရားတော်ကို
၁၉၇၃ ခုနှစ် ဧပြီလ ၉ ရက်၊
၁၃၃၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၇ ရက်
နေ့မှ စ၍ ၁၇ ရက်တိတိ ဟောကြား
ခဲ့ပါတယ်
မဟာဂန္ဓာရုံ ကျောင်းတိုက် ဆွမ်းစားကျောင်း၌ နံနက်စောစော အရုဏ်ဆွမ်း
ဘုန်းပေးပြီးစအချိန် တွင်
ရဟန်းသာမဏေတပည့်များနှင့်
လူဒါယကာ ဒါယိကာမများကို
ဟောကြားခဲ့ခြင်းဖြစ်ပါတယ်
(အခြေပြု ပဋ္ဌာန်း တရားတော် စာအုပ်မှ)
မိတ်ဆွေများလည်း
ကြည်ညိုနိုင်စေခြင်းငှါ
ရေးသားပူဇော်ခြင်း ဖြစ်ပါတယ်
ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ
@yemin
photo credit:google
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!