စိတ်ထားပြည့်ဝ နှလုံးလှဖို့

in esteem •  7 years ago  (edited)

image စိတ်သည်ပတ်ဝန်းကျင်ရှိလူများအပေါ်မူတည်၍ကွဲပြားမှုရှိသည်။တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးဟူသောစကားအရစိတ်ကောင်းရှိသူများ၏အနီးတွင်နေထိုင်သူများသည်အများအားဖြင့်စိတ်ကောင်းရှိနေနိုင်သူများဖြစ်ကြ၍စိတ်ကောင်းမရှိသူများ၏အနီးတွင်နေထိုင်သူများသည်စိတ်ကောင်းထား၍နေနိုင်သူနည်းပါးသည်။
ကျေးညီနောင်ပုံပြင်တွင်အထက်ပါဆိုလိုချက်များကိုတွေ့မြင်နိုင်သည်။တစ်မိခင်၏ဝမ်းထဲမှပေါက်ဖွားသောကျေးညီနောင်တို့သည်မိုးသက်မုန်တိုင်းကြောင့်တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ကြသည်။လူဆိုးသူခိုးတို့လက်အောက်တွင်မွေးထားသောညီငယ်ကျေးသည်စိတ်ဓာတ်မကောင်းဘဲရုန့်ရင်းကြမ်းတမ်း၍မိုက်ရိုင်းသောစိတ်ရှိပြီးရသေ့တို့လက်အောက်ရောက်ပြီးမွေးထားသောအစ်ကိုကျေးသည်စိတ်ကောင်းရှိ၍လိမ္မာရေးခြားရှိကြောင်းပုံပြင်၌တွေ့ရသည်။တစ်မိခင်၏ဝမ်းထဲမှပေါက်ဖွားသောကျေးညီနောင်ဖြစ်လျှက်အဘယ်ကြောင့်စိတ်များအလွန်ကွာခြားသနည်းဟူမူကားနေထိုင်သောပတ်ဝန်းကျင်ဒေသအကောင်းအဆိုးမတူညီ၍ပင်ဖြစ်ကြောင်းတွေ့ရသည်။
လူငယ်များသည်ငယ်ရွယ်သောကြောင့်လူကြီးများကိုအတုယူတက်ကြသည်။အတုယူမှားသောကြောင့်ငယ်ငယ်ရွယ်ရွယ်နှင့်လမ်းမှားရောက်နေသူများလဲရှိသည်။ထို့ကြောင့်မိမိကိုယ်တိုင်မပြင်ဆင်ဘဲလူငယ်များကိုဆုံးမနေသောလူကြီးများသည်ပြင်၍နေသင့်ပေသည်။မိမိကိုယ်တိုင်ဆေးလိပ်သောက်၍သားကဆေးလိပ်သောက်သည်ကိုဆိုဆုံးမသောအခါအဖေကရောဘာကြောင့်ဆေးလိပ်သောက်တာလဲဟုပင်ပြန်၍မိမိသားကမေးခွန်းထုတ်လိမ့်မည်။ထို့ကြောင့်ကလေးများကိုငယ်စဉ်ကပင်အိုးကိုပုံသွင်းသကဲ့သို့စိတ်ကိုပုံသွင်းသင့်သည်။အချို့လူငယ်များမှာလည်းသူငယ်ချင်းပေါင်းမှားကာစိတ်ကောင်းမရှိဘဲစိတ်ယုတ်စိတ်မာများဖြစ်နေကြသည်။ထိုသို့သောကိစ္စများတွင်မိဘကမိမိသားသမီးကိုအထူးဂရုစိုက်လေ့လာကာသွန်သင်ဆုံးမသင့်သည်။အချို့သောလူတို့သည်ကလေးများမိုက်ရိုင်းသည်ကိုမြင်လျှင်မိဘအပေါ်လွဲချကာမိမဆုံးမ ဖမဆုံးမဟုခေါ်ဆိုတက်ကြသည်။ထိုစကားမှာတချို့မှန်သော်လည်းတချို့မှားနေသည်။မိဘကဆုံးမလျှက်ပင်ကလေးများကမိုက်ခြင်း|မလိမ္မာခြင်း|စိတ်ကောင်းမရှိခြင်းများဖြစ်နေကြသည်ကိုမြင်တွေ့နေရပေသည်။
သို့ရာတွင်အချို့ကလေးများသည်မိဘ၏ဆဲဆိုမှုများအပေါင်းအသင်းများ၏ဆဲဆိုမှုများကိုအတုယူကာမိမိကိုယ်တိုင်မိုက်ရိုင်းကာစိတ်ကောင်းမရှိကြတော့ပေ။ထိုအရာ၌ကလေးများအားကောင်းမှုနှင့်မကောင်းမှုကိုခွဲခြားတက်စေရန်လေးကျင့်ပေးရမည်။သို့ရာတွင်ငယ်ငယ်ကပင်စိတ်ဓာတ်ခိုင်မာပြီးကောင်းမှုနှင့်မကောင်းမှုကိုသိသောကလေးကားစိတ်ကောင်းကိုမည်သို့ပင်ဖြစ်စေပျက်စီးခြင်းမခံပေ။ခေတ်ကာလ၏ပြောင်းလဲမှုကြောင့်လူငယ်များ၏စိတ်သည်ရိုင်းစိုင်းနေသည်။အချို့လူငယ်များသည်ဆေးလိပ်သောက်ခြင်းနှင့်မူးရစ်ဆေးဝါးသုံးစွဲခြင်းကိုအတုခိုးကာအမှားများကိုလုပ်ပြီးထိုအမှားများအတွက်ပင်ထိုသူတို့ကဂုဏ်ယူနေကြသည်။ခေတ်လူငယ်ကြား၌စိတ်ကောင်းရှိသူအမှန်ပင်နည်းပါးနေသည်။
စိတ်ကောင်းရှိခြင်းသည်စာအုပ်စာပေလေ့လာခြင်းနှင့်အများအပြားသက်ဆိုင်နေသည်။စာအုပ်များတွင်ဗဟုသုတစာအုပ်များကိုလေ့လာပြီးစိတ်ကောင်းကိုမွေးမြူလာနိုင်သူများရှိပါသည်။တရားဓမ္မစာပေများနှင့်ရင်းရင်းနှီးနှီးနေသူများသည်စိတ်ကောင်းကိုမွေးမြူလာနိုင်ကြသည်။သို့ရာတွင်တရားဓမ္မစာအုပ်များကိုသာဖတ်ခိုင်းခြင်းမဟုတ်ပါ။ပြင်ပဗဟုသုတရှာဖွေခြင်းဖြစ်သည့်စာအုပ်များကိုလည်းဖတ်သင့်ပေသည်။ရုပ်လှဖို့ထက်စိတ်လှဖို့လိုပါသည်။စိတ်ကောင်းရှိသူကိုလူအများကချစ်ခင်ကြလိမ့်မည်။လူအများစိတ်ကောင်းများထားရှိလာနိုင်ပြီးအချင်းချင်းချစ်ခင်ရိုင်းပင်းကူညီကာမိမိနိုင်ငံ၏ကောင်းကျိုး|လောက၏ကောင်းကျိုးကိုသယ်ပိုးလာနိုင်ပြီးလောကကိုအလှဆင်ကာစိတ်ကိုထမ်းချုပ်ခြင်းဖြင့်ကောင်းမွန်သောစိတ်ထားလေးများမွေးမြူစေခြင်ကြပါသည် အစဉ်လေးစားလျှက်.......

                          Z..K..L..ရွှေလည်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်း​လေးစားဖို့​ကောင်းပါတယ်
အမြဲတမ်း​ပျော်​ရွှင်​နိုင်​ပါ​စေ
Postမှာ upvot​တွေအများကြီးရပါ​စေ
လို့ဆု​တောင်း​ပေးလိုက်​ပါတယ်
အား​ပေးလျှက်​ပါ

ဟုတ်ကဲ့ကျေးဇူးပါ အကို