ယူတို့အဖြစ်ဆိုသည်မှာလည်းနော်
ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ပါတီနဲ့ယှဉ်လို့ရမလားလို့
ဗိုလ်လက်ျာသား ပါတီလာဝင်တယ်ကွလို့
ကြွားမိကာမှ
လာဝင်တဲ့လူက အယောင်ဆောင်အတုဖြစ်နေဆိုကြပါစို့.
ခင်ဗျားသာ ဝက်တစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ခင်များအသားကတော့ မဖြစ်မနေ လူ့ခံတွင်းအတွက် ဟင်းလျာ ဖြစ်သွားမှာပါပဲ။ တကယ်လို့ ခင်များသာ လိုင်စင်ရ ဝက်ခုံတစ်ခုကို ရောက်သွားမယ်ဆိုရင် မဖြစ်မနေ အမဲဖျက်ခံရမှာပါပဲ။ ခင်များရဲ့အသားတချို့သာ တုတ်ထိုးသည်ဆီကို ရောက်သွားမယ်ဆိုရင်တော့ သေချာပါတယ် ခင်များကတော့ အချဉ်နဲ့အတို့ခံရပြီလို့သာ မှတ်လိုက်ပါတော့ဗျာ..။
ကျနော်တို့လောကဆိုတာ ဘုမသိ ဘမသိနဲ့ ဝက်အဖြစ် အသားပေးကြွေးဆပ်ဖို့ အသင့်ဖြစ်နေသူတွေရှိသလို တုတ်ထိုးလုပ်ဖို့ ဝါးခွဲပြီး ဓားသွေးနေသူတွေလည်း ဒုနဲ့ဒေးပေါ့..။
အဲ့ဒီမှာမှ တချို့ကတော့ တုတ်ထိုးရောင်းပြီး စီးပွားဖြစ်လာကြတဲ့ အခါ အချဉ်ဖောက်နည်းကို သိုသိပ်လိုက်ကြပါသေးတယ်။ ဝက်သားတုတ်ထိုးဆိုင်တစ်ဆိုင်နာမည်ရတယ်ဆိုတာ အဓိက သူ့အချဉ်ပဲလေ..။ အဲ့ဒီတော့ အစကတော့ သူလည်း စားသုံးသူဘဝကနေ အချဉ်ဖောက်နည်းလေးကိုမေး...ဟော...စမ်းလေးလည်းထ.အချဉ်ဖောက်နည်းလေးကလည်း ကျ တော့ ခမျာ စီးပွားလေးဖြစ်သွားပါလေရောလား..။ အဲ့ဒီအချိန်မှာ အချဉ်ဖောက်နည်းအတွက် ချည်းကပ်သူတွေများလာကြတော့ ငါကွ ဆိုပြီး ဘဝင်လေဟပ် ဓားတရမ်းရမ်းနဲ့ မာန်လေး ကြွရတော့တာပေါ့လေ..။
တတ်နိုင်ဘူး..တချို့ကလည်း သူမှသူကိုး...😀😀
အဲ့ဒီမှာမှ တချို့က အချဉ်ဖောက်နည်းသိဖို့ကပ်ရင်း ဓားစာမိတဲ့ အတုံးလေးတွေဘဝနဲ့ အချဉ်နဲ့အတို့ခံလိုက်ရပါလေရော...။
တကယ်တော့ တုတ်ထိုးသည်ဆိုတာ ဝက်အကြောင်းကို သိပ်နားလည်သူတွေတော့ မဟုတ်လေဘူး..။သူတို့လိုချင်တဲ့အပိုင်းလေးကိုသာ သူတို့လက်ရာသွင်းပြီး အဟုတ်ကြီးလုပ်နေကြရတာ။တကယ်တော့ အချဉ်ကယ်လို့သာ ဓားဝင့်နိုင်တာလေ..အဲ့ဒါကိုမှ အမယ် အသားခုတ်နေရသလို ကိုယ်တိုင်ပဲ ဝက်ကိုသတ်ပစ်လိုက်သလို စိတ်တွေကြွ မာန်တွေထ လို့..။ ဟုတ်လည်း ဟုတ်ချင်စရာကိုး..။ လိုင်စင်ရ ဝက်ခုံဆိုတာ သွေးသံရဲရဲ ဝယ်သူဆိုတာလည်း ဖရိုဖရဲတွေက ပါသေး..။ ဝက်သားတုတ်ထိုးဆိုတဲ့ လက်သန်းဖျားလောက်လေးကိုမှ ကြိုက်လှပါချည်ရဲ့ဆိုတာ ကြည့်လိုက်ရင် နုနုရွရွ လေးတွေချည်းဗျ...နော..။
တကယ် ဝက်သမားတွေကတော့ ဘယ်အကောင် ဘယ်အချိန်ထိ ထွက်နိုင်တယ်။ ဘယ်ကောင်က ဈေးရတယ် ဘယ်အကောင်ရဲ့ ဘယ်အပိုင်းက စူတယ် ဖြိုးတယ်နဲ့ သိသဗျ။ဒါပေမဲ့ အဲ့လိုကောင်တွေကလည်း တုတ်ထိုးလောက်တော့ မငြိမ်ပြန်ပါဘူးဗျာ..။ တုတ်ထိုးသည်ကမှ ခုံနဲ့နေရာနဲ့ အကျအန တည်ငြိမ်သေး..ဆိုင်းဘုတ်လေးတောင်ကပ်လို့ရသေး..။ ဝက်ခုံသမား လိုင်စင်သမားဆိုတာ ပြေးရလွှားရ ဝက်ရှာရ ဝက်သတ်ရနဲ့ ဘယ်မှာ ငြိမ်လို့တုန်း..။
အဲ့လိုဆိုတော့လည်း ဓားရေးလေးပြ ဟန်လေးကြွရင်း ကလေးမလေးတွေနဲ့ အီစီကလီရတဲ့ တုတ်ထိုးသည်ကမှ အားကျဖို့ ကောင်းသေးသဗျာ..။
ကျနော်တွေ့ဖူးသလောက်တော့ တုတ်ထိုးသည်ဆိုတာ ဝက်မသတ်ရပဲ ဝက်သား ရောင်းရသူဗျ။
ကြိုက်တဲ့အသားကို တုတ်ဖျားလေးမှာ ချိတ်လိုက်တာ ငွေထုတ်လေးတွေလား မှတ်ရ..။ နည်းတယ် ထင်ရပေမဲ့ တုတ်ထိုးချောင်းတွေကို ရေကြည့်ရင် ဘယ်မှာ နည်းလို့တုန်း..။ ပါဏာတိလည်း မကျူးလွန်ရ အသားကြီးလည်း မကိုင်ရနဲ့ ကိုယ့်ဆီက အချဉ်လေးနဲ့တင် တုတ်ထိုးဆိုတာ စီးပွားအိုးလေး ဖြစ်လိုဖြစ်ရဲ့...။အဲ့လိုဆိုတော့လည်း ဘယ်တုတ်ထိုးသည်ကမှ ကိုယ့်စီးပွားရေးကို ထိခိုက်ခံချင်ကြမလဲလေ နော့ ။ ကျနော်ကိုယ်တိုင် တုတ်ထိုးသည်ဖြစ်ရင်လည်း အဲ့လိုပဲ ကိုယ့်အချဉ်ဖောက်နည်းကိုတော့ လျှိုထားပြီး ဖောက်သည်ခေါ်မိမှာပဲလေ..။
အချဉ်လေးက ကောင်း အနားမှာ ကိုယ့်အချဉ်မျက်နှာကို ကြည့်နေသူတွေက ရစ်တဝဲဝဲနဲ့ဆို ကဲ ဘယ်သူ မာန်မတက်ပဲ နေပါလိမ့်မလဲ..။ ဓားရေးပြ ဟန်ရေးလေးကြွနဲ့ အမယ် တုတ်ထိုးသည် လုပ်ရတာလည်း တွေးကြည့်တော့ တန်သဗျ..။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ..
ကိုယ်တိုင်သာ တုတ်ထိုးသည်မဖြစ်ရင်နေမယ်။ ဝက်ဖြစ်တော့ မခံချင်ကြပါနဲ့ဗျာ..ခင်များတို့သိတဲ့အတိုင်း ကိုယ်ကတော့ အချဉ်ဖောက်နည်း သိချင်လို့ ဆရာကြီးခေါ်လိုက်မိတာပဲ ..။ တချို့က ဓားရေးဝင့်ပြပြီး ကိုယ့်ကို ဝက်ဖြစ်အောင် သူ့အချဉ်နဲ့ ရောတို့ပစ်လိုက်တယ်။ ကိုယ့်မှာ တုတ်ထိုးသည်လည်း ဆရာခေါ်ရ ပြီးကျအချဉ်ဖောက်နည်းတော့မရပဲ...ကိုယ်ပါရောလို့ ဝက်ဖြစ်ရတာ မတန်ပါဘူးဗျာ..
ကဲပါလေ..ဘာပဲဖြစ်ဖြစ် ကျနော်ပြောချင်တာက အချဉ်မက်လို့ ဝက်မဖြစ်ကြပါစေနဲ့လို့ ပေါ့...ခမျာ...မြန်မာနိုင်ငံမှာမို့ Cyber Bullying တွေဖြစ်တယ်
မြန်မာလူမျိုးတွေ စိတ်ဓါတ်ဘာဖြစ်တယ် ညာဖြစ်တယ်လို့တော့ ကိုယ်မထင်ပါဘူး။
Cyber Bullying ဆိုတာ မြန်မာပြည်မှာမှ မဟုတ်ဘူး
ကမ္ဘာမှာလည်း ရှိတာပဲ။
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသူတွေလည်း အများကြီးပဲ။
ကိုယ့်နိုင်ငံမှာကတော့ ဖြစ်လာတာ နည်းနည်းမြန်တယ် ပြောရမှာပေါ့။
အခြားနိုင်ငံတွေလို တစ်ဖြည်းဖြည်း တိုးတက်လာတာမဟုတ်ဘဲ
ဆက်သွယ်ရေးနည်းပညာတွေ အများကြီး နောက်ကျခဲ့ပြီးမှ ရုတ်ချဉ်းဝုန်းခနဲ တိုးတက်သွားတဲ့အခါ
Mindsetတွေ Ethicတွေက အများကြီး နောက်ကျန်နေခဲ့တာ။
ဒီကြားထဲ ရပ်ကွက်ထဲ အတင်းလိုက်တုပ်၊
ပေါင်ကြားထဲခေါင်းညှပ် သန်းတုပ် အတင်းပြော
ရပ်ကွက်စရိုက်တွေ ဖေ့စ်ဘုတ်ပေါ် ဒင်းကြမ်းရောက်လာတော့တာ။
ပြင်ပမှာ အဲ့လိုလိုက်ပြောဖို့က ဂုဏ်သိက္ခာအရ နည်းနည်းထိန်းသိမ်းပေမယ့်
ဖေ့စ်ဘုတ်ပေါ်မှာတော့ ဘယ်သူမှမမြင်ရပါဘူးဆိုတဲ့စိတ်နဲ့ အတော်ကြမ်းတမ်းလာတာတော့ သိသာတယ်။
ဦးဆုံး Targetကတော့ လူသိများသူတွေပေါ့။
နောက်ထပ်Targetကတော့ အချင်းချင်းအကြောင်းပေါ့။
လမ်းပေါ်မှာ ဖရဲသီးရောင်းရင်း ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်သလို
အချိန်မရွေးလူတိုင်းဟာ ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်တယ်။
ဘယ်လိုကျော်ဖြတ်သလဲလို့ မေးရင် ကိုယ်တော့ ရယ်ချင်တာပဲရှိတယ်။
ကိုယ့်ဘဝမှာ ဘာပုံသေနည်းမှ မရှိဘူး။
ဘာဥပဒေသ ဘာပုံစံခွက်မှ မရှိဘူး။
ကိုယ့်ပေတံက တစ်ဖြောင့်တည်းပဲ။
ကိုယ်မှန်ရင် ဘယ်သူမရွှေ့ရွှေ့ ကိုယ့်ခေါင်းက ရွေ့မှာ မဟုတ်ဘူး။
ဘယ်လိုကျော်ဖြတ်လဲဆိုတော့ ဘယ်လိုမှ မကျော်ဖြတ်ဘူး။
ဒီအတိုင်း ဆက်စီးဆင်းသွားရုံပဲ။
လူတွေပါးစပ်က တစ်ခုခုပြောလိုက်တာနဲ့
ကိုယ်က အဲ့လို ဖြစ်မသွားဘူးလေ။
ဘာနဲ့ပစ်ပစ် ပန်းနဲ့ပေါက်တယ် ထင်ရအောင်တော့ မရင့်ကျက်နိုင်သေးပါဘူး။
ပထမဆုံးအနေနဲ့ စိတ်ထဲမှာ ခံစားသွားရတာကို အရင်လျှော့တယ်။ ပြီးရင် ကိုယ်မေ့ပစ်တယ်။
ကိုယ့်ရှေ့မှာ Personal တိုက်ခိုက်ခံရတဲ့လူတွေ အများကြီးပဲ။ အဲ့လိုတိုက်ခိုက်ခံရတာနဲ့ သူတို့ပြင်ပဘဝမှာ ဘာဖြစ်သွားလဲ။ ဘာမှမဖြစ်ဘူး... ဆက်အောင်မြင်နေတာပဲ။ သူတို့က ဘာမှဖြစ်မသွားဘူး။ တိုက်ခိုက်နေကြသူတွေသာ သူများအကြောင်းတွေ တွေးရင်းပြောရင်း
ကိုယ့်အကြောင်းကိုယ် မေ့လျော့ပျက်သုဉ်း တိုးတက်မှုအားနည်းသွားကြတာ။
ကိုယ်ကတော့ သင်ခန်းစာယူတယ်။
ကိုယ့်ဥပဒေသက တစ်ခုတည်းပဲ။
လူယုတ်မာတွေကို ကိုယ်ညှိနှိုင်းမှာ မဟုတ်ဘူး။
ပိုငိုတဲ့လူကို လောကဓံက တစ်ချက်ပိုရိုက်တတ်တယ်တဲ့။ ကိုယ်တို့ ဘာကိုမှ တုန်လှုပ်ပြနေစရာမှ မရှိလှပဲ။
စိတ်ဝင်စားရင် နောက်ကျောကထိုးတဲ့ဓါးတွေကြားမှာ
စီးချင်းဘယ်လိုထိုးရတယ်ဆိုတာ သင်ယူလို့ရနိုင်တယ်။
ဆရာတာရာမင်းဝေရဲ့ စာသားလေးတစ်ခု မှတ်မိနေသေးတယ်။
“ဘာပဲ ဖြစ်ဖြစ် ဘာမှ မဖြစ်နဲ့" တဲ့
"ဘာမှမဖြစ်လည်း ဘာမှ မဖြစ်နဲ့" တဲ့။
လောကဓံကို မတုန်လှုပ်ဖို့ ရိုးရှင်းတဲ့ စကားတစ်ခွန်းလို့ ခံစားရတယ်။
ဦးမင်းကိုနိုင် ပြောသလိုပေါ့
"ချိုးတိုင်းသာ ကြွေရရင် ဝေပြစရာတောင် ကျန်မှာမဟုတ်ဘူး"တဲ့။
ဖေ့စ်ဘုတ်မှာ လူတိုင်းဟာ သားကောင်ဖြစ်သွားနိုင်တဲ့ လူတွေပါပဲ။
မကြောက်ပါနဲ့.... ရင်ဆိုင်ပါ
ပြီးရင် မေ့ပစ်ပါ။
ကိုယ်လည်း စင်းလုံးချော မဟုတ်ပါဘဲ
သူများ ကောင်းတာလုပ်ရင် ချီးကျူးခဲသလောက်
မကောင်းတာတစ်ခုဆိုရင် မြိန်ရည်ရှက်ရည် ပြောတတ်တဲ့
ကိုယ်က ဘယ်တုန်းကမှ မမှားတတ်တော့သလို
သူတပါးကို အရည်ဖျော်စားသုံးတတ်တဲ့ လူအဖွဲ့အစည်းကို
လက်ခလယ်သာ ထောင်ပြလိုက်ပါ။
ဘဝဆိုတာ အထူးအထွေမဟုတ်ပါဘူး။
ရင်ဆိုင်ကျော်ဖြတ်ရခြင်းသက်သက်ပါပဲ။