လူတစ်ယောက်ဟာ ဘယ်လောက်ပဲဆင်းရဲဆင်းရဲ စိတ်ဓာတ်မဆင်းရဲဖို့အရေးကြီးပါတယ်။ ဘဝဆင်းရဲတာကိုခုတုံးလုပ်ပြီး စိတ်ဓာတ်ကျဆင်းအောင်မလုပ်သင့်ပါဘူး။ လူဆင်းရဲတာချမ်းသာဖို့ ကြိုးစားရင်ရပါတယ်။ စိတ်ဓာတ်သာဆင်းရဲနေမယ်ဆို ဘဝတစ်လျောက်လုံး မီးလိုပူတဲ့ဘဝကိုပဲရလိမ့်မယ်။ မိမိဘဝဆင်းရဲမှုကြောင့်စိတ်ဓာတ်တွေပြင်းထန်ပြီး မျက်စိကန်းတဲ့သူလိုကြိုးစားမယ်ဆို မကောင်းမှုဘက်ကိုရောက်သွားလိမ့်မယ်။ လွယ်လွယ်နဲ့ပိုက်ဆံရှာတာကို နှစ်သက်တဲ့သူတစ်ချို့က ဘဝခရီးရဲ့သေတွင်းထဲကိုခုန်ချသလိုမျိုးပဲ။ ကိုယ်လုပ်တဲ့အလုပ်ကတစ်နေ့ကိုဘယ်လောက်ရလဲ။ နောက်နေ့ဒီထက်ပိုရအောင်လူပ်မယ်လိုတွေးမိရင်တော့ အလွယ်လမ်းဘက်ကို ရောက်သွားလိမ့်မယ်။ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီလိုတိုတောင်းတဲ့ဘဝမှာစိတိဓာတ်ကိုမြင့်မြင့်ထားဖို့လိုအပ်ပါတယ်။ ကိုယ်စိတ်ဓာတ်ကျဆင်းမှုတွေကြောင့်ရလာတဲ့အကျိုးဆက်တွေရဲ့ကောင်းမှုမကောင်းမှုကို မသိနိုင်တော့ပါဘူး။ အမှားတစ်ခုကိုကျူးလွန်တဲ့အချိန်မှာ ဒါဟာပထမဆုံးမို့လို့ပါဆိုတဲ့စကားနဲ့တင် နောက်တစ်ခါပြုလုပ်တတ်ကြတယ်။ ထိုအမှားတွေကြောင့်ချမ်းသာလာပင်မဲ့ ထိုချမ်းသာမှုရဲ့နောက်ကွယ်က ရလဒ်ကဘာလဲဆိုတာ မသိချိန်မှာ ထိုအမှားကိုထပ်ခါထပ်ခါကျူးလွန်မိနေတယ်။
ချမ်းလာဖို့တစ်ခုတည်းနဲ့ အလွယ်နည်းကိုမလိုက်သင့်ပါဘူး။ ကိုယ့်ချွေးတွေနဲ့ပေးဆပ်ပြီးရလာတဲ့ချမ်းသာမှုကအေးချမ်းပါတယ်။ ထို့ကြောင့် အမြဲပူလောင်မှုကို မခံစားရတဲ့အပြင် လူကောစိတ်ပါ အေးချမ်းပါတယ်။ ဘဝဆင်းရဲတာက ရှက်စရာမဟုပါဘူး စိတ်ဓာတ်ဆင်းရဲတာမှရှက်စရာပါ။ ဘဝဆင်းရဲမှုကို ဘယ်သူမှလိုလားတာမဟုတ်ပါဘူး ဘဝပေးကံကြောင့်သာဖြစ်လာတာပါ။ အတိတ်ဘဝက အကုသိုလ်ကံတွေကြောင့်သာ ဒီဘဝမှာ ခံနေရတာပါ။ ဒါကြောင့်ဒီဘဝမှာစိတ်ဓာတ်ကောင်းမွန်အောင်နေထိုင်ရမယ်။ ဒါမှ အနာဂါတ်မှာ ကောင်မွန်တဲ့ ရလဒ်တွေနဲ့မိမိကိုယ်မိမိပြုပြင်နိုင်လိမ့်မယ်။ ဘာမှစားစရာမရှိအောင် မွဲတေနေပါစေ ကောင်းမွန်တဲ့အလုပ်လေးလုပ်ပြီး အသက်မွေးဝမ်းကြောင်းနဲ့ အသက်ဆက်ပါ။ မိမိလုပ်ရက်ကြောင့်မိသားစုကောင်းကျိုးခံစားချင်လား ၊ မိမိလုပ်ရက်ကြောင့်မိသားစုဒုက္ခရောက်စေချင်လား တွေးတောပါ။ကောင်းသောစိတိမွေးတဲ့သူကနောင်လာနောင်သားတွေကိုဘယ်လိုပြုပြင်ရမလဲ ဆိုတဲ့ဦးနှောက်ရှိသလို ဖြစ်သင့်မဖြစ်သင့်ကိုတွေးတောနိုင်တဲ့အကြံဥာဏ်လဲရှိပါတယ်။ ဘဝဆင်းရဲမှုကိုဖြေဖျောက်ပြီးလုပ်ကိုင်ကြတဲ့အထဲမှာ ချမ်းသာတဲ့သူတွေအများကြီးရှိသလို၊ မချမ်းသာရင်တောင်ဘဝတစ်လျောက်အေးအေးချမ်းချမ်းနဲ့နေလို့ရပါတယ်။ ဘာမှလဲပူပင်စရာမလိုတော့ဘူးပေါ့။ စိတ်ချမ်းသာတော့ရုပ်က အလိုလိုပင် တောက်ပလာပါတယ်။
ပိုက်ဆံသာအများကြီးရနေပြီး ကိုယ်လုပ်တဲ့အလုပ်ကကောင်းလားမကောင်းဘူးလား ၊ ကိုယ့်ပတ်ဝန်းကျင်ကဘယ်လိုဝေဖန်နေကြလဲ ဆိုတာကိုလဲ သိရပါမယ်။ ဘယ်လောက်ပဲပင်ပန်းနေပါစေကြိုစားအားထုတ်မှုကြောင့်ရတဲ့ ပိုက်ဆံဆိုရင် ပျောရွှင်ပြီး အေးအေးချမ်းချမ်းရှိနေလိမ့်မယ်။ ချမ်းသာမှုကိုလိုလားပြီးလောဘတတ်တဲ့သူတွေက သူတို့ရဲ့ဘဝကို သေမင်းဆီအပ်နှံထားခဲ့တာပဲလေ။ လောဘရှိတာကြောင့်သောကတွေပါ မာန်မာနတွေပါဖြစ်ပေါ်လာပါတယ်။ ဘဝလဲချမ်းသာ စိတ်လဲချမ်းသာပြီး မိသားစုနဲ့သာပျော်ပျော်ရွှင်ရွှင်နေရရင် အဲ့အရာကို ဘာနဲ့မှလဲလို့မရပါဘူး။
လူတိုင်းပဲ စိတိဓာတ်ကိုမြင့်မြင့်ထားပြီးကြိုးစားမယ်ဆို အရာရာဟာ တိုးတတ်အောင်မြင်လာပါလိမ့်မယ်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!