…ဝါဆို ဝါခေါင် ရေတွေကြီးလို့ 
သပြေသီးမှည့် ကောက်စို့ ကွယ် …
ဟွာ ဆူးချုံ ဟိုဘက်ထဲက ဘာကောင်ကြီးက တွယ်လိမ့်မယ်...´´ ဟီး..ဟီး.,ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေး စားရ မယ့်နေရာထိပဲ မှတ်မိတော့သည်..ဆူးစူးပီး အတွယ်ခံ ရမယ့်စာပိုဒ်တော့ မမှတ်မိတော့...ကိုယ့်ကိုယ်ကို လူသား ပီသ လွန်း၏ ဟု စိတ်ကြီးဝင်မိသည်...ကောင်းလေစွ တကား... ဘယ်နေရာတွေမှာ ပေါက်တတ်တယ်တော့ သေချာမသိ ကျုပ်တို့  အရပ်မှာတော့ ခုချိန်ထိ သပြေပင်တွေ တွေ့ ရ တုန်း...ငယ်ငယ်က လှေနဲ့ လိုက်ကောက်ပီး အားရပါးရစားခဲ့ကြတာကို သပြေ သီးချိန်တိုင်း အမှတ်တရ သတိရမိတုန်း...တခါတလေ အပင်ပေါ်တက်ခူးတာ မကြိုက်တဲ့ ပိုင်ရှင် ရှိတဲ့ အပင်ကများဆို အလစ်စောင့်ပီး ခိုးခူးစားကြ တာက အလုပ်တခု...အဲ့လို အသီးကမှ စားရတာ ပိုအရ သာ ရှိနေသလိုပင်...တဖြဲနှစ်ဖြဲ စားပီးပီ ဆိုလို့ ကတော့ လျှာတွေ ပါးစပ်တွေက မဲနယ်ဆိုးထားသည့်နှယ်...ချိုချဉ် ဖန် သည့် အရသာနှင့် တခါတရံ အစားများရင် ပအာ ဖြစ် တတ်သေး ( အာခေါင်ယားခြင်း ) ဒါပေမယ့် ထပ်မစားဖြစ် တော့ဘူးလား ဆိုတော့လည်း မဟုတ်...အချိန်တန်တော့ အပင်ကို မော့ကြည့်မြဲ... ခုလို အသက်အရွယ်ကျတော့လည်း အဲ့လိုတွေ လုပ်နေ ဖို့ က မသင့်တော့.. ကလေးတွေ ဆော့ကြခူးကြသည်ကို ငေးရင်း စားမြုံ့ပြန် သတိရ နေရုံသာ... ***** အမြဲတမ်း ဖြတ်သွားနေကြလမ်းထဲက ခြံတခြံ မျက်နှာစာ မှာစိုက်ထားသည့် သပြေပင်က သူ့ ရာသီ အလိုက် သီး လာတာမြင်မိသည်...အသီးတွေကလည်း အောင် ပါ့... မှည့်ဝင်းလာသည် ကိုတွေ့တော့ တလုံးတလေ စားကြည့် ချင်စိတ်က ပေါ်မိသေး...ကြွေကျနေတာတော့ မစားချင်.. မသင့်တော်ပါဘူးလေ ဆိုပီး ဖြေသိမ့်လိုက်ရသည်... တရက် နေ့ လည်ခင်း ဖြတ်လျောက်လာရင်း ကလေးတ သိုက် အပင်ပေါ်တက်ခူးနေကြတာ တွေ့မိတော့ ခဏ ရပ်ကြည်မိသေး...ခြံရှင် မရှိဘူးထင်ပါ့..အပူပင်ကင်း တဲ့ ခလေး ဘဝ ပြန်ရချင်တဲ့ ကိုထီးကိုပါ သတိရလိုက်မိ သေး..အေးချမ်းလိုက်ပါဘိတော့... အသွားမှာ မြင်ခဲ့ရသမျှက အပြန်ကျတော့ သပြေပင်ကို လှည့်တောင်မကြည့်ရဲ လောက်အောင်ပင်..ခြံရှင် ပြန် ရောက်နေပီး ကျိန်ဆဲနေသည်က မကြားဝံ့မနာသာ တန်ဖိုးရှိလွန်းသည့် အသီးလည်းမဟုတ် ရောင်းစားလို့  လည်း အဆင်မပြေနိုင် သူ့ ဖာသာလည်းကြွေကျ နေတာ ပဲကို ဖြစ်ပျက်နေသည်က သရုပ်ပျက်လွန်းသည်..လမ်း သွားလမ်းလာ အိမ်နီးနားချင်းမှ အားမနာ စကားလုံးတို့ က ယုတ်ရင်းကြမ်းတမ်းလှ၏..ဖြေတွေး တွေးပေးလိုက်မိပါ သေးတယ်လေ..သြော် ကလေးတွေက အမှိုက်ဖွသွားလို့  စိတ်ဆိုးဒေါသဖြစ်တာနေမှာပေါ့လို့ လေ...
တရားနဲ့သာဖြေပါ ညီမရယ်..တခါတလေ ဒီလို
ပါပဲ..ဒေါသ ရှေ့ထားတော့ အမှားတွေ့တတ်တယ်ကွယ့်
သည်းခံခြင်းသည် အောင်မြင်ခြင်းတဲ့..အမ ကတော့လေ
အားတာနဲ့ ပုတီးစိတ်နေတာ..ဘုရားနဲ့တရားနဲ့ဆိုတော့
ငြိမ်းချမ်းတာပေါ့ကွယ်..သတိ လေးထား နော်ညီမ´´
ချောင်းနားမထောင်ပဲနှင့်ကို အသံ က အတောင့်လိုက်ကြီး
နားထဲဝင်လာလို့ ဘယ်ကပါလိမ့်လို့ လှည့်ကြည့်မိပါတယ်
လား..လား..နေ့ လည်က အမကြီး သူ့ အိမ်ဝရံတာကနေ
ဖုန်းပြောနေတာကိုး..ကျုပ်ထက်ကို ပိုပီး လူသား ပီသ ပါ
ပေ့ဗျာ..
နေ့ ခင်းက သပြေသီးနဲ့ စိတ်တာ ဘယ်နှစ်လုံးရလဲ လို့ 
မေးတော့ မေးကြည့်ချင်သား...တော်ကြာ အဓိဋ္ဌာန်မပြည့်
သေးဘူးဆိုပီ ကို့ ပါ စိတ်လွှတ်လိုက်မစိုးလို့ မေးရဲတော့
ပါဘူး..ကိုယ်လည်းလေ လောကီသားပေမို့ ဆိုတော့လေ
...ဟီး...ဟီး...။
*****
ကူးရေးစရာ စာအုပ် ဘယ်နားထားမိမှန်းမသိလို့ စိတ်ကူး
တည့်ရာရေးလိုက်သည်..။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!