အခန်း.၃.၆.
လက်ထဲကစာကို ဖတ်ကြည့်ပီး ရန် ငိုင်သွားသည်...
အတူယှဉ်လျှောက်လာသည့် လင်းလင်းကို တချက်လှည့်
ကြည့်ရင်း... .jpg
ဒီစာကို ဘယ်ချိန်က ပေးသွားတာလဲ လင်း လင်း´´ လင်းလင်းက ခပ်အေးအေးလေသံဖြင့်...
နေ့ လည် မုန့် စားကျောင်းဆင်းချိန်က´´
ဘယ်လိုလုပ် ပေးသွားတာလဲဟာ..အဲ့ဒီအ ချိန်က ငါမရှိဘူးလား´´
ဘယ်ရှိမလဲ နင်က ငါ့ထားခဲ့ပီး ဘယ်ထွက်
သွားမှန်းမှ မသိတာ´´
ရန်က တချက်စဉ်းစားသည်...
သြော်...နံရံကပ်စာစောင်လုပ်ဖို့  မြန်မာစာ ဆ ရာက ခေါ်တာနဲ့ ငါသွားနေတာ လင်းလင်း ဒါနဲ့ နေပါဦး အဲ့ဒီကောင်က လာပေးတော့ နင်က ဒီတိုင်းပဲ ယူထား လိုက်တာပဲလား´´
ရည်းစားစာ ပေးမှန်းမှ မသိတာပဲ ရန်ရာ....အ တန်းထဲငါထိုင်နေတုန်း လင်းလင်းစာအုပ် မနေ့ က ကျန်
ခဲ့လို့ ဆိုပီး စားပွဲပေါ် ဗလာစာအုပ်တအုပ် လာချပေးပီး
ထွက်သွားတာ...ငါလည်း ဘာမှန်းမသိတော့ စာအုပ်ကို
ဖွင့်ကြည့်တာပေါ့...အဲ့တော့မှ ဒီစာကိုတွေ့တာ´´
စာကို တွေ့တွေ့ချင်း ဆရာမကို သွားတိုင် လိုက်ပီးရော...လင်းလင်းရာ´´
ဟာ...သွားတိုင်လိုက်တော့ ငါပဲ အရှက်ကွဲမှာ
ပေါ့ဟ...ဆရာမက လူဘုံအလည် ဟိုလူ့ ခေါ်မေး ဒီလူ့ 
ခေါ်မေးနဲ့ ဘယ်လောက်ရှက်စရာကောင်းလဲ´´
ဒါလည်း ဟုတ်တာပဲလေ ဟုတွေးမိ၍ ရန် ငြိမ်နေလိုက်
သည်...ဘာလုပ်သင့်သည် ဆိုသောကိစ္စကို ကပျာကယာ
စဉ်းစားပီး...
ဒါဖြင့် အဲ့ဒီစာနဲ့ ပတ်သက်လို့  နင်ဘာလုပ် မှာလဲ လင်းလင်း´´
ဘာလုပ်ရမလဲဟ လွှင့်ပစ်လိုက်မှာပေါ့´´
ဒီလိုဆို နင် ဒီကောင့်ကို ပြန်ကြိုက်ဖို့  အစီ အစဉ် မရှိဘူးပေါ့´´ လျှောက်နေရင်းနှင့် လင်းလင်း တုံ့ ကနဲ ခြေစုံရပ်ရင်း စိတ် မရှည်သော အမူအယာဖြင့်...
ဒီမှာ ရန်...ငါ ပြန်ကြိုက်မယ်ဆိုရင် သူ့ စာကို
နင်မြင်စရာအကြောင်းတောင် မရှိဘူး...ငါ့ဘာသာငါတိတ်
တိတ်လေး ခိုးဖတ်ပီး..ရှင့်ကို ကျွန်မလည်း ကြိုက်ပါတယ်
ရှင်လို့ ..စာပြန်ရေးပေးလိုက်မှာပေါ့..နင် အဲ့ဒီ လောက်
တောင် နားမလည်ဘူးလား ရန်´´
လင်းလင်းအပြောနှင့်အမူအယာကို မြင်ရကြားရမှ ရန်
စိတ်အေးစွာ တချက်ပြုံးရင်း...
မဟုတ်ပါဘူးဟာ...ငါက သေချာအောင် မေးကြည့်တာပါ..နင် အဲ့ဒီကောင်ကိုတော့ မကြိုက်နိုင် မှန်း ငါသိပါတယ်´´
ဒါဖြင့် ငါက ဘယ်သူ့ ကျတော့ ကြိုက်မယ်
ထင်လို့ လဲ´´
ရန်က ရယ်သည်...
အဲဒါတော့ ငါဘယ်သိမလည်းဟ...နင်က ကော ကြိုက်မယ်လို့  စဉ်းစားထားတဲ့သူ ရှိလို့ လား´´
ရှိတာ ပေါ့´´
ဒါဖြင့် ဘယ်သူလဲ အဲ့ဒီလူက´´
အို....ဘယ်သိမလဲ..ဘယ်သူဖြစ်ဖြစ်ပေါ့
ငါက ငါကြိုက်မယ့်သူကို လိုက်ကြေငြာနေရမှာလား´´
ရန် ငြိမ်သွားသည်..ခဏကြာမှ...
အဲ့ဒီလူက တို့ ကျောင်းကပဲလား´´
သြော်...မသိပါဘူးလို့ ဆို ဘာဖြစ်လို့ လိုက်
မေးနေရတာလဲ´´
မဟုတ်ပါဘူးဟာ...ငါက စိတ်ပူလို့ မေး တာပါ လင်းလင်းရာ´´
နင်က ဘာအတွက် စိတ်ပူရတာလဲ´´ .jpg
ရန် သက်ပြင်းချရင်း...
ဘာရယ် မဟုတ်ပါဘူး လင်းလင်းရာ ငါ့ စိတ်ထဲမှာ နင့်ကို ခုချိန် ရည်းစားမထားစေချင်သေးဘူး စာမေးပွဲဖြေပီးတဲ့ချိန်ထိတော့ ဒီလိုလေးပဲ နေစေချင် သေးတယ်´´
ဆယ်တန်းဖြေပီးတော့ကော´´
အဲ့ဒီချိန်ကြရင်တော့ နင်ကြိုက်သလို ဆုံး ဖြတ်ပေါ့ လင်းလင်း...ငါလည်း အဲ့ချိန်ကြရင် ငါကြိုက်တဲ့ သူကို ဖွင့်ပြောတော့ မှာပဲလေ´´
ဒါဖြင့် နင်ကလည်း ကြိုက်နေတဲ့သူ ရှိနေ
ပီပေါ့လေ...ဟုတ်လား´´
ရန် ခေါင်းညိတ်သည်...နှုတ်ဖြင့်မတုံ့ ပြန်...လင်းလင်းက
ဆက်၍...
နင်ကြိုက်နေတဲ့သူကကော ဘယ်သူလဲ´´ ရန်က ခေါင်းခါသည်...သက်ပြင်းတချက် မသိမသာ ခိုးချ ရင်း...
မသိချင်ပါနဲ့ဦးဟာ...အချိန်တန်ရင် နင့်ကို
ငါ အသိပေးမှာပါ´´
သြော်...နင်ကျတော့ ငါ့ကို မေးပီး...´´
အေးလေ..နင်လည်း ဖြေမှမဖြေပဲ ငါလည်း
နင့်လိုပဲပေါ့...ကဲပါ လင်းလင်းရာ ဒါတွေ ခဏထားလိုက်
ပါဦး...လောလောဆယ် ဒီကိစ္စတွေက အရေးမကြီးသေး
ပါဘူး...အရေးကြီးတာက ဒီည စာကျက်ရင် မနက်က ကျူ
ရှင်က ပေးလိုက်တဲ့ ပုစ္ဆာတွေ ပြန်တွက်ကြည့်ရအောင်´´
လင်းလင်း နုတ်ခမ်း မသိမသာစူ၏...
ကျောင်းမှ အပြန်လမ်းတလျှောက် ထပ်ပီး စကား သိပ်မ
ပြောဖြစ်တော့ ။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Resteemed by @pillsjee! Good Luck!
Check @pillsjee for most affordable Resteem service to make your post more popular!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit