ရောက်တတ်ရာရာ(၂ )

in esteem •  7 years ago 

စာရေးဖို့ အချိန်မပေးနိုင်တာထက် ဘာရေးဖို့ စဉ်းစားမရနိုင်အောင် စိတ်ရှုပ်စရာတွေက များနေတယ်ပြောရမှာပဲ...လူဖြစ်ရတာလည်း အတော်ကိစ္စများသား...ကိုယ့်အရေး သူ့ အရေး မိသားစုအရေး မိတ်ဆွေအပေါင်းအသင်းအရေး ဘာမှန်းမသိတဲ့ရေးပေါင်းများစွာ...ဖြစ်နေတဲ့အချိန်လေးအတွင်းတော့ အသည်းအသန်...ကိုယ့်လောက် ဒုက္ခများတဲ့သူရှိမှ ရှိပါတော့မလား အောက်မေ့ရ...ကိစ္စပီးလို့ လွန်သွားတော့လည်း ဘာမှမဟုတ်သလို...တခါတလေများ အဲ့အချိန်က ဖြစ်ခဲ့တာလေးတွေစားမြုံ့ ပြန်ပြောရင်း ရီစရာတောင် ဖြစ်ချင်ဖြစ်နေသေး...အသဲကွဲလို့  ခဲ( ဂဲ ) ဆွဲပီး မြစ်ထဲပဲ ခုန်ချ ခြင်သလိုလို ( ..ဖြစ်ခဲ့ဘူးတာပြောပါတယ်..)...မရဲတရဲနဲ့ စမ်းတဝါး လုပ်ခဲ့မိလို့  အလဲအကွဲ ခံခဲ့ရတာလေးတွေ...ခုချိန်ကြတော့လည်း သူတို့  ဘာမှမလုပ်ခဲ့ကြသလိုလေး...ကိုယ်မှာတော့ သူတို့ ပေးသမျှ တပွေ့တပိုက်ကြီး ခံခဲ့ရတာလေ...ဒါပေမယ့်အမှတ် ရှိသလားတော့မမေးနဲ့...နောက်ထပ် ပြောပြစရာလေးတွေရှိအောင် လို့ ကို လိုက်ရှာနေသေးပြောရမှာပဲ...တခါတလေ ရှောင်လို့ ရသား နဲ့ကို ဝင်တိုးချင်နေတာလေ (..စိတ်ကိုပြောပါတယ်..)...ပူပူလေးနဲ့ကောင်းမှကြိုက်တတ်တာမျိုးပေါ့...သိချင်ရင်တော့ ငြုပ်သီးထောင်းပီးသားစားကြည့်လိုက်...ကျွန်တော်ပြော ပြတာထက်ကို ထင်းကနဲ လင်းသွားလိမ့်မယ်...စာဖတ်ပီးတော့ ရေးတဲ့သူစိတ်မှဟုတ်ရဲ့လားတော့ comment မပေးနဲ့နော်...ပုတုဇနော ဥမ္မတကော တဲ့ကြားဖူးလားတော့မသိ...ရူးတယ်ထင် ရူးလို့ ပဲပေါ့လေနော်...။
အားလုံးပဲ...ရေးချင်ရာရေးလိုက်ပါသည်...အဆင်ပြေသလိုသာ ဗုတ် လိုက်ကြပါကုန်...။မှတ်ချက်...ညီအငယ်ဆုံးက အရင်ဆုံးမိန်းမခိုးပြေး၍ အသဲပေါက်နေသည်...ဟီးးးး..။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နောက်ကားကျော်တက်လို့စိတ်ဆိုးနေတာကိုး

ဟီးး..ဘာရေးရမယ်မသိလို့ ပေါ်တာချရေးလိုက်တာပါလေ...

Post အသစ်တင်ပေးပါ

bro ပိုစ့်မတင်ဖြစ်ရင် ကွန်မန့်ရေးပါပါနော် ဗို့ပေးချင်လို့ပါ