အဆိပ်မဲ့တဲ့ဆူး

in esteem •  6 years ago 

ဆူးက​လေး​ရေ
ဟင်းလင်းပြင်​လို့ထင်​ရ​ပေမယ့်
ငါ​မော့ကြည့်​လိုက်​တိုင်း
ငါ့အ​ပေါ်ငုံ့ကိုင်း​နေတဲ့​ကောင်းကင်းကြီး​တောင်​မှ
အရာင်​အမျိုးမ်ျိုး​ပြောင်းတက်​​သေးတာ။

သူ့ဆူးမှာ
အဆိပ်တော့မဲ့ပာရဲ့
ဒါ​ပေမယ့်
ငါ့ကို​တော့ခြစ်​ရှခဲ့
အချစ်​​ကြောင့်​ရှတခဲ့​ပေါ့။

မျက်​ခွံ​ပေါ်မှာဆိုး​ဆေး​တွေလား
မိုးတိမ်​​တွေလား
အ​ရောင်​​တွေ​နောက်
ငါ​အပြေးအလွှားလိုက်​မိ​တော့
အချစ်​​ကြောင့်
တောက်ပလွန်းတဲ့ညနေတွေဟာ
အချစ်​​ကြောင့်​ပဲ
အ​ပျောက်​ရှခဲ့။

ပန်း​ဖျော့​ဖျော့တည​နေ
အချစ်​​တွေ​ကွေးညွှတ်​သွား
ဆူးက​လေးရဲမျာက်​​တောင်​ဖျားမှာ
့​မှောင်​ရီပြိုးပြက်
နိုးတစ်​ဝက်​ညညမှာ
အိမ်​မက်​​ယောင်​တတ်​သူမှာ
သူ့ကံကြမ္မာသူမယုံချင်​ဘဲ
ဆူး​တွေသာထွင်းထွင်း​နေရ​။

image

ခြင်​​တွေငါတို့ကိုမမြင်​ဘူးး
zinwin7 (46) in myanmar • 5 days ago
လကွယ်​ညတစ်​ညက...ညီအကိုနှစ်​​ယောက်​အတူအိပ်​တဲ့အခန်းတစ်​ခန်းမှာခြင်​​တွေတအားများ​တော့အကိုဖြစ်​သူက.....
"ညီ​လေးမီးပိတ်​လိုက်​​တော့ခြင်​​တွေငါတို့ကိုမြင်​မှာမဟုတ်​ဘူး..."
ညီ​လေးကလည်းပိတ်​လိုက်​တယ်​....
ခဏ​နေ​တော့..ခြင်​​တွေကကိုက်​တုန်းပဲ
ဲညီ​လေးဖြစ်​သူက​ကြောင်​​တောင်​​တောင်​စဉ်းစား​နေတယ်​....
မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ပိုးစုန်းကြူးတစ်​​ကောင်​ပြတင်း​ပေါက်​က၊
ပျံဝင်​လာတယ်​....
ညီ​လေးကအကိုကို လှုတ်​နိုးပြီး......
"ကိုကြီး ကိုကြိး...ဟိုမှာကြည့်
ခြင်​ကမီးအိမ်​ကိုင်​ပြီးကျွန်​​တော်​တို့ကိုကိုက်​ဖို့ဝင်​လာ​နေပြီိ......."

image

author:@zinwin7
photo:cedit google images

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq