သင်ပုန်းကြီးမပြီးခဲ့သူများ

in esteemapp •  7 years ago 

image

သင်ပုန်းကြီးမပြီးခဲ့သူများ

Freedom ဆိုတာက “လွတ်လပ်ခြင်း”

Licence ဆိုတာက “လွတ်လပ်မှုကို အလွဲသုံးစားပြုခြင်း”

Freedom and Licence ခွဲခြားပြီး ဥပမာပေးတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို အကြိုက်ဆုံးပဲ

ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တိုင်းပြုပြည်ပြု လွှတ်တော်မှာ နောက်ဆုံး ပြောကြား သွားတဲ့ မိန့်ခွန်းထဲမှာ

“လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြား တစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက် ဘဲနဲ့ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ”

ဗိုလ်ချုပ်အောင်ဆန်းပြောတာ ရှင်းပါတယ်နော်

ဘာလုပ်လုပ်

image

အခြားလူတွေရဲ့ အကျိုးကို မထိခိုက်အောင်

ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်မှ “လွတ်လပ်ရေး” ပါ။

ကျွန်တော်တို့ မြန်မာတွေ အများကြီး ဆင်ခြင် စဉ်းစားစရာပါ။

ဗိုလ်ချုပ်အောင်ဆန်းက ဆက်ပြောတယ်။

“သို့သော်လည်း အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။ အဲဒါက ဘာလဲဆိုရင် (licence) လို့ခေါ်တယ်။ ဒါဟာ ရမ်းကားမှုသာဖြစ်တယ်”

ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောချင်တဲ့ “နိုင်ငံ” ဆိုတာ

“တစ်စုံတစ်ဦး၊ တစ်စုံတစ်ရာ၏ လွှမ်းမိုးရာနယ်ပယ်” ဆိုတဲ့ သဘောနဲ့ သုံးသွားတယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ဆက်ပြောပါတယ်

“လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်” တဲ့

ဘာရယ်မဟုတ်ပါဘူး။ မနက်က လမ်းလျှောက်ပြီးပြန်အလာ ဗိုလ်ချုပ်အောင်ဆန်း ဗီနိုင်းကြီး ချိတ်ထားတဲ့ ကားကြီးပေါ်ကနေ လမ်းပေါ်ကို အရက်ပုလင်း ပစ်ချခွဲသွားတာကိုကြည့်ပြီး စိတ်ကူးပေါက်လို့ ရေးမိတာပါ။

တင်ညွန့်

photo : facebook

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!