၇ ရက် သားသမီးများအတွက် ကံကြမ္မာ2018 4 2

in esteemapp •  6 years ago  (edited)

တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း စိတ်နှစ်ခွဖြစ်စရာတွေ၊ မတင်မကျဖြစ်စရာတွေ တစ်ခုပြီးတစ်ခုကြုံနေတတ်ပါတယ်။ သေချာစီစဉ်ထားတဲ့ ကိစ္စတွေလည်း လွဲသွား၊ ချော်သွားတတ်တယ်။ အလုပ်ကိစ္စတွေမှာ ကြီးကြီးမားမားနစ်နာဆုံးရှုံးခြင်းတွေ ကြုံရတတ်ပါတယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီး ငွေဝင်တာ၊ ငွေကိစ္စခရီးသွားရတာ၊ ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့ တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ ၀မ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၁ နဲ့ ၆ ဖြစ်ပါတယ်။တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ ထူးထူးခြားခြား အောင်မြင်မှုကြီးမျိုးတွေ ရတတ်ပါတယ်။ အပင်ပန်းခံပြီး အကျိုးထူးခံစားရမယ့် ကာလမျိုးဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်းတိုးတက်မယ်။ ခြေထောက်၊ ဒူး၊ ခါး ကျန်းမာရေးညံ့တတ်ပါတယ်။ အတို့ အထောင် ချောက်တွန်းခံရတတ်တယ်။ စွပ်စွဲနာမည်ဖျက်ခံရတတ်တယ်။ ဘုရားဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသူဆိုရင် မင်္ဂလာကိစ္စစီစဉ်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၂ နဲ့ ၈ ဖြစ်ပါတယ်။
အင်္ဂါသားသမီးများ ဒီရက်တွေအတွင်း လုပ်သမျှ ဒုက္ခဆိုသလိုဖြစ်နေမယ်။ အင်မတန် ရန်အန္တရာယ်များတဲ့ကာလပါပဲ။ အလုပ်မှာလည်း အထစ်အငေါ့၊ အနှောင့်အယှက်တွေ အများကြီး ကြုံမယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ဆွေမျိုးလိုဖြစ်နေတဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြလိမ့်မယ်။ ငွေရေး၊ ကြေးရေးရှုပ်ထွေးလိမ့်မယ်။ အချစ်ရေး၊ အိမ်ထာင်ရေး စိတ်ချမ်းမြေ့စရာကြုံတာတွေ ဖြစ်လာမယ်။ ဦးခေါင်းပိုင်း ဝေဒနာ ခံစားရတတ်ပါတယ်။ ထိမိခိုက်မိဖြစ်တာ ခြေထောက်ဒုက္ခပေးတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၃ နဲ့ ၅ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
အခုရက်တွေအတွင်း ကောင်းတဲ့အပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။ လက်ရှိလုပ်ငန်းကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။ ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စအတွက်တော့ စိတ်ညစ်ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ်အငေါ့ အနှောင့်အယှက်များနေတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြီးကဲသူတွေကို အကြောင်းပြုပြီး အဆင်မပြေကြီးစွာ ဖြစ်တတ်တယ်။ ရပ်ဝေးကပစ္စည်းတွေ ၀င်တတ်တယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းကြုံတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၄ နဲ့ ၀ ဖြစ်ပါတယ်။
ကြာသပတေးသားသမီးများ ဒီရက်အတွင်း စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲဖြစ်နေမယ်။ အိပ်မကပ်ချင်ပဲ ဖြစ်နေမယ်။ လုပ်သမျှ ပြောသမျှ အဆင်မပြေဖြစ်နေတတ်ပါတယ်။ မနာလိုသူ နှောင့်ယှက်သူတွေလည်း အလွန်ပေါမယ်။ အိမ်ကိစ္စ၊ နေရာကိစ္စ အစီအစဉ်တွေလည်း လွဲချော်သွားတတ်ပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ဖို့ ရောင်းဖို့ ကိစ္စ မတင်မကျကြီး ဖြစ်နေမယ်။ ပြည်တွင်း ပြည်ပခရီးကိစ္စတွေ ထစ်ငေါ့နေတတ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာတွေ ကြုံလာမယ်။ ၀မ်းသာစရာစာတွေ၊ အဆက်အသွယ်တွေ ရောက်လာတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အခြေအနေကောင်းကြုံမယ်။ ကံအကျိုးပေးဂဏန်းကတော့ ၅ နဲ့ ၃ ဖြစ်ပါတယ်။
image
သောကြာသားသမီးများ
ဒီရက်တွေအတွင်း အလုပ်ကိစ္စ၊ ငွေကိစ္စတွေမှာ အပျက်အစီး အဆုံးအရှုံးများတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစ္စတွေ လွဲချော်ကုန်တတ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ သတိထားပါ။ မီး၊ လျှပ်စစ် စတာတွေ ဒုက္ခပေးတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျဖြစ်နေတတ်ပါတယ်။ ငွေဆုံးတာ၊ အကြွေးတင်တာ၊ သူခိုးခိုးခံရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အဖိုးတန်ပစ္စည်း၊ အ၀ယ်အရောင်းကိစ္စအောင်မြင်မယ်။ နှစ်ရှည်လများ ခံစားနေရတဲ့ ရောဂါဝေဒနာတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပျက်စီးပျောက်ဆုံးတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၆ နဲ့ ၁ ဖြစ်ပါတယ်။ စနေသားသမီးများ ဒီရက်တွေအတွင်း နာမည်ဂုဏ်သတင်း တိုးတက်တာ၊ ရာထူးတက်သလိုမျိုးတွေ ကြုံတတ်ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ ပြင်ဆင်မွမ်းမံရတာတွေ လုပ်ရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်ပျောက်တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ဦးနဲ့ တစ်ဦး စိတ်သဘောကြီးစွာ ကွဲတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ စိတ်နှစ်ခွဖြစ်စရာတွေ မတင်မကျအခြေအနေတွေ ကြုံလာတတ်ပါတယ်။ အလုပ်နေရာ၊ အိမ်နေရာကောင်းတဲ့ ပြင်ဆင်ပြောင်းရွှေ့ရတတ်ပါတယ်။ ကျန်းမာရေးအတွက် ငွေကုန်များရတာတွေ ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၇ နဲ့ ၄ ဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!