### ဒန့်သလွန်သီးစားသုံးခြင်းအကျိုးကျေးဇူး ###

in esteemawesome •  7 years ago  (edited)

ကဲ မေတို့လှပစေဖို့ ကျန်မာစေဖို့ ဒန့်သလွန်းသီးတေ အခုလို ပေါနေချိန်မှာ ဒန့်သလွန်သီးကို အခွံခွါ အမျှင်သင်ပြီး အဆစ် အဆစ် လိုက် ဆစ်ပြီးချက်စားကြရအောင်။
ဒါမှမဟုတ် အသီးကိုမီးမြှိုက် အနှစ်ကိုဇွန်းဖြင့်ခြစ်သုတ်စား ချက်စား ကြောစား အမျိုးစုံလုပ်စားကြရအောင်။ image

      ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။

၁ – အသည်းကို ကာကွယ်ပေးတယ်
ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

       ၂ – ပိုးသတ်ပေးတယ်

    ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်သောက်ရင် ဆေးဖက်ဝင်တယ်ဆိုတာ လူအများစု သိကြပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုးသတ်ပေးတဲ့ ပစ္စည်းတွေလည်းပါဝင်ပြီး ဗိုက်အောင့်စေတဲ့ ဝမ်းတွင်းပိုးတွေကို သေစေပါတယ်။

၃ – အသားအရေကောင်းစေတယ်

    ဒန့်သလွန်သီးက လုပ်ထားတဲ့ အဆီဟာ အသားရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အရေးအကြောင်းဖြစ်တာတွေကို သက်သာစေပါတယ်။ ပြဒါးနဲ့ ဓာတ်သတ္တုတွေကြောင့်ဖြစ်ပွားတဲ့ အသားအရေပျက်ဆီးမှုကို ဒန့်သလွန်သီးအဆီသုံးပြီး ကုလေ့ရှိပါတယ်။

  ၄ – အစာအိမ်ရောဂါတွေကို သက်သာစေတယ်
  
  နိုင်ငံအချို့မှာ ဒန့်သလွန်သီးဆီကို ဆံပင်သန်စွမ်းဖို့အတွက် လိမ်းကြပါတယ်။ ဦးရေပြားကို သန့်စင်စေရာမှာ အလွန်ကောင်းမွန်ပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ ဆံပင်ပျက်ဆီးမှုတွေကို ကာကွယ်ပေးပါတယ်။

  များများစားပေးကြနော်။

photo credit

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

good

good