Once Upon A Time in Myanmar - 2 (Fan Fic)

in fanfic •  7 years ago 

image
လွန်ခဲ့သော(၉)နှစ်
၂၀၀၇ခုနှစ် မြန်မာနိုင်ငံ . . . .။

မန္တလေးမြို့ရှိ အ.ထ.က ကျောင်းတစ်ခုတွင် စနေနေ့ဖြစ်သောလည်း ကျောင်းသားများ လှုပ်လှုပ်ရှားရှားဖြင့် စည်ကားလျက်ရှိ၏ ။ ၇ တန်းကျောင်းသားဘဝ Auro Karshine ကလည်း ကျောင်းထဲကို တက်ကြွစွာပြေးဝင်လာလေ၏ ။ လူစုံသောအခါ ကလေးများဆူညံနေသောအသံကို ဆရာမအသံက ရအောင်ထိုးခွင်းလိုက်သည်။
ဆရာမ။ ။ ကဲ . . သစ်ပင်စိုက်ကြမယ်နော် . . . .။ ပျိုးပင်လေးတွေ ဆရမဆီကိုလာယူကြ။ ဆရာမပျိုးပင်ပေးရင်း ဘယ်လိုစိုက်ပျိးရမယ်ဆိုတာပြောပြမယ်။ ကဲ . . . Auro Karshine ဒီကိုလာပြီး ပျိုးပင်လာယူပါဦး။
ဆရာမခေါ်သံကြောင့် Auro Karshine က ဆရာမဆီပြေးသွားလိုက်သည်။ ဆရာမပျိုးပင်လေးကို Auro Karshine ကိုပေးကာပြောလိုက်သည်။
ဆရာမ။ ။ ကဲ . . . . သား ၊ ဒါလေးကို ဟိုဘက်ထောင့်မှာသေချာတူးပြီး စိုက်လိုက်ပါကွယ်။
Auro Karshine က အထုပ်ကိုယူရင်း အထုပ်ကိုကြည့်ပြီးနောက် ရာမကိုပြောလိုက်သည်။
Auro Karshine။ ။ ဆရာမ . . . ဒါဘာအပင်လဲဟင် . . . ..။
ဆရာမ ။ ။ အော် . . . ဒါက ကြက်ဆူပင်လေ သားရဲ့။ ဘာဖြစ်လို့လဲ။
Auro Karshine။ ။ ကြက်ဆူပင် . . . ဟုတ်လား ဆရာမ။ ကြက်ဆူပင်ဆိုတာ ခြံစည်းရိုးခတ်တဲ့အနေနဲ့စိုက်တဲ့အပင်သေးလေးမလား။ ပုံမှန်ဆို ကျွန်တော်တို့ စိုက်ပျိုတဲ့ရက်တွေဆို အရိပ်ရအပင်တွေ သီးပင် စားပင်တွေစိုက်ကြရတာလေ . . .။ ကြက်ဆူပင်က ဘာလို့ . . . .။
ဆရာမ ။ ။ ဆရာမလည်းမသိဘူး သားရယ် . . .။ ကျောင်းမှာမဖြစ်မနေစိုက်ရမယ်ဆိုပြီး အထက်ကစာကျလာလို့လေ သားရဲ့။
Auro Karshine။ ။ အော် . . . . ကြက်ဆူပင်တွေနဲ့ ဘာလုပ်ဖို့လမသိဘူးနော် ဆရာမ။ ရည်ရွယ်ချက်တော့ရှိရမှာပေါ့။
ဆရာမ။ ။ လောင်စာဆီထွက်တယ်လို့တော့ ပြောတာပါပဲကွယ်။ တကယ်ဟုတ်မဟုတ်တော့ မသိဘူးပေါ့။
Auro Karshine။ ။ ကြက်ဆူဆိုတော့ ကကြီးနဲ့ ဆလိမ်ပေါ့နော်။ ကကြီးနဲ့ ဆလိမ်ဆိုတော့ သူ့ရဲ့ကတ်ကင်းက . . . . .။
ဒီစကားကတော့ မပြောဖြစ်လိုက်ဘဲ စိတ်ထဲမှာတင်တန့်သွားသည်။ ဆရာမ ကြားလိုက်ဟန်မရှိပေမယ့် လက်ထဲမှာကိုင်ထားတဲ့ ကြက်ဆူပင်လေးကတော့ ကြားသွားဟန်တူသည်။ ကြက်ဆူပင်လေးရဲ့ကိုင်းက ရုတ်တရက် အချိုးခံလိုက်ရသလိုဖြစ်သွားပြီး အစိမ်းရောင်အကျိအချွဲများကြားထဲမှ ပူစီပေါင်းလေးတက်လာပြီး Auro Karshineရဲ့  မျက်လုံးထဲကိုတည့်တည့်ဝင်သွားပါတော့သည်။ (မှတ်ချက် - ကြက်ဆူရိုးကိုခိျုးကာ သစ်စိမ်းအကျိအချွဲမှတစ်ဆင့် ပူစီပေါင်းမှုတ်လို့ရသည်။)
ဆရာမ။ ။ ဟယ် . . . . . Auro.
Auro Karshine တစ်ယောက်ဝိညာဉ်နှုတ်ခံရသူနှယ်အရုပ်ကြိုးပြတ်လဲကျသွားပြီးနောက် သူ့နားမှာကျောင်းသားများ ဝိုင်းလာကြသည်။ Auro Karshine ရဲ့ ဝိညာဉ်အဖြူခိုးလေး ထိုနေရာကထွက်သွားတာတော့ ဘယ်သူမှ မမြင်နိုင်ကြတော့ပါချေ။


အဖြူရောင်အခိုးငွေ့လေးကတော့ ခန်းမဆောင်ကြီးတစ်ခုရှေ့ကိုရောက်သွားပြီးနောက် လူကြီးတစ်ဦးရှေ့တွင်ကျသွားလေသည်။ Auro Karshine ဝိညာဉ်ကတော့ ထိုလူကြီးကိုမော်ကြည့်လိုက်ရင်းပြောလိုက်သည်။
Auro Karshine။ ။ ခင် . . . ခင်ဗျားဘယ်သူလဲ . . . .။
လူကြီး ။ ။ ငါဘယ်သူလဲဆိုတာထက် မင်းကို ငါဟောကိန်းတစ်ခုပြပြီး အလုပ်တစ်ခုအပ်မယ်။ မင်းအတွက်ထိုက်ထိုက်တန်တန်ရစေရပါမယ်။
Auro Karshine။ ။ ဘာအလုပ်လဲ ကျွန်တော့်လို ၁၄ နှစ်အရွယ်ကလေးတစ်ယောက်က ဘာမှလုပ်ပေးနိုင်မယ်မထင်ဘူး။
လူကြီး။ ။ ဟောကိန်း အရမြန်မာပြည်မှာ ငါတို့ရဲ့ Happy endingတွေ ပျောက်ဆုံးရတော့မယ်။ ဒါကိုမင်းက ပြန်အဖတ်ဆယ်ပေးရမယ်။ မင်းဒါတွေရဲ့ အဖြေကိုသိအောင်အရင်လုပ်ပါ။
လူကြီးက ပြောရင်းဆိုရင်းနဲ့ပဲ စာရွက်လိပ်တစ်ခုကို Auro ရှေ့ပစ်ချပေးလိုက်သည်။ စာရွက်လေးမှာတော့ Moe Kyal Zin, KAM, Remple, Storybrooke, Regina ဆိုသော အဆက်စပ်မရှိစာစုလေးများသာရေးထားလေသည်။ ထို့နောက်လူကြီးက သူ့နားမှ ဆေးလိပ်ကို မီးညှိပြီးဖွာလိုက်ရာ မီးခိုးငွေ့များနှင့်ရောပြီး Auro ဝိညာဉ်ပါ လွင့်ပြယ်ထွက်သွားလေတော့သည်။
Auro သတိပြန်ရလာတော့ ညသန်းခေါင်ချိန်လောက်ရှိနေပြီ။ သူ့လက်ထဲမှာလည်း စက္ကူလိပ်လေး ရှိနေဆဲ . . .။ အိပ်မက်လိုအဖြစ်အပျက်ကို မှတ်မိနေဆဲ . . . . စက္ကူလိပ်လေးကိုဖြန့်ကြည့်တော့ သူ့အိပ်မက်ထဲကအတိုင်း -
Moe Kyal Zin, KAM, Remple, Storybrooke, Regina
ဆိုတဲ့ စာသားပေါ်နေဆဲ . . . . . . .။

Part-3 မျှော်

@AuroKarshine

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good bro အားပေးနေပါတယ်ဗျ