လယ်သမားတို့ဟာ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားအားလုံး ရဲ့ အသက်သခင်ကျေးဇူးရှင်များဖြစ်ကြပါတယ်။ သူတို့သာ မရှိဘူးဆိုရင် ကျွန်တော်တို့ စားသုံးနေတဲ့ ဆန် ပေါ်ထွက်လာမှာမဟုတ်ပါဘူး။ကျွန်တော်တို့ အမြဲ ကျေးဇူးတင်နေရမှာက တောင်သူ နဲ့ လယ်သမား ပဲဖြစ်ပါတယ်။ အခုကတော့လယ်သမားတွေရဲ့အကြောင်းကို ပြောချင်ပါတယ်။ လယ်သမားတွေဟာ မိုးတွင်းကာလမှာစဆင်ပြီးတော့ အလုပ်ကို စတင်ကြပါတယ်။ အလုပ်စတဲ့အချိန်မှာ လယ်ပိုင်ရှင်ဟာ လယ်လုပ်သားများကို စတင်ပြီးတော့ ငှားခဲ့ရသေးပါတယ်။ 20 ဧက ကို အလုပ်သမား လေးယောက်လောက်ငှားရပါတယ်။ လယ်ပိုင်ရှင်ရဲ့ အကျိုးအမြတ်ဟာ သုံးပုံ ပုံ ရင် နှစ်ပုံလောက်တော့ရပါတယ်။ မိုးဦးကာလာ လေးလပတ်လုံး စတင်ပြီးကြိုးစားရပါတယ်။ အရင်ဆုံး မိုးစတင်ပြီးမှန်လာပြီဆိုရင် ပျိုးပင်တွေကို အပင်ပေါက်ဖို့အတွက်စပါးတွေကိုရေစိမ် ရေစိမ်ပြီး သုံးလေးရက်လောက်အရောက်မှာအညှောင့်ထွက်ရင် ကျဲပတ်ရပါတယ်။ ကျဲပတ်ပြီး တစ်လလောက်ကြာရင် ပျိုးပင် ကြီးလာတာတွေ့မြင်ရပါတယ်။
အဲ့ဒီ့အခါမှာ ကောက်စိုက်သမား ပျိုးနုတ်သမားဆိုပြီး ထပ်မံငှားရပါသေးတယ်။ ဒီလ်ုစုပေါင်းပြီး ပျိုးနုတ်လို့ရတဲ့ ပျိုးပင်တွေကို ကောက်စိုက်သမား မိန်းမပျိုတို့က ယူ၍ ကောက်စိုက်ပါတော့တယ် ဒီလိုနဲ့ကောက်စိုက်ပြီးစီးချိန်ဟာ မိုးလယ်လောက်ပင်ဖြစ်ပါတယ်။ ဒီလိုနဲ့ မိုးပြတ်ပြီး အသီးတွေမှည့်တဲ့အချိန်အထိ စောင့်စိုင်းနေရပါတယ်။ မိုးလည်း ပြတ်ပြီ အသီးတွေလည်း မှည့်ပြီဆိုတာနဲ့ ကောက်ရိတ်သိမ်းချိန်ရောက်တာနဲ့ ကောက်ရိတ်သမားတွေကို ငှားရပြန်ပါတယ်။ ဒီလိုနဲ့ လယ်သမားတို့ဘဝ ဟာ စပါးတွေအထွက်တိုးပါ့မလားဆိုတဲ့ ပူပင်စိတ်တွေကိုယ်စီရှိကြပါတယ်။ ဒီလိုနဲ့ ကောက်ရိတ်ပြီးချိန်ရောက်ရော စပါးပင် အမှည့်တွေကို အသီးချွေရပါတော့တယ်။အသီးတွေချွေဖို့ ကျတော့ အရင်ဆုံး ပင်တိုင်အလုပ်သမားနဲ့ ဆက်လက်အလုပ်လုပ်ရပါတယ်။ အသီးချွေစက် နဲ့ ချွေဖို့ လူလေးယောက်လိုပါတယ်။ ကောက်လှိုင်းထန်းသူ တစ်ယောက်၊ ကောက်လှိုင်းကို စက်ထဲကို ထိုးသွင်းတဲ့သူတစ်ယောက်၊ ချွေပြီးစပါးတွေကို သယ်ယူတဲ့လူ တစ်ယောက်၊ စပါးကို အသီးသန့်အောင် အတွက် ရွံ့ခဲတွေ ကောက်ရသူတစ်ယောက် ဆိုပြီးသူ့နေရာနှင့်သူ အလုပ်ကို လုပ်ရပါတော့တယ်။ ဒီလိုနဲ့ အဆင့်ဆင့် လယ်သမားတို့ရဲ့ ဒုက္ခကို စာနာသနားစွာဖြင့် Steemit မှာတင်ပြလိုက်တယ်။
Author-@mghan
RSM-1