Audi Cup

in football •  8 years ago 

Audi Cup တွင် လီဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက် ရာသီကြိုရလဒ်များအတွက် စိုးရိမ်မိသည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် အသင်း၏ ရာသီကြို ရလဒ်များအတွက် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော Audi Cup ပွဲတွင် လီဗာပူးလ်အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းမတိုင်မီက ကစားခဲ့သော International Champions Cup (၄)ပွဲတွင်လည်း (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၃)ပွဲကို ရှုံးနိမ့်ခဲ့သည်။

သို့ဖြစ်ရာ အန်ဆယ်လော့တီက ရာသီကြိုရလဒ်များအတွက် စိုးရိမ်ကြောင်းနှင့် အသင်း၏ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အန်ဆယ်လော့တီက မိမိတို့အသင်းမှာ ရာသီကြိုတွင် ပေးဂိုးများနေပြီး အသင်းဟန်ချက်ညီရန် လိုအပ်ကြောင်း၊ မိမိတို့အသင်းမှာ တိုက်စစ်အားသန်လွန်းပြီး တန်ပြန်တိုက်စစ်များမှ ဂိုးပေးနေရကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီကြိုတွင် ကစားခဲ့သည့် (၅)ပွဲတွင် ပေးဂိုး(၁၂)ဂိုးအထိ ရှိခဲ့ကြောင်း သိရသည်။

■ Audi Cup ရလဒ်များ
အက်သလက်တီကို ၂-၁ နာပိုလီ
ဘိုင်ယန်မြူးနစ် ၀-၃ လီဗာပူးလ်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

New Followers get 0.001 SBD$ and an upvote for free!!

Just follow @steemvote and...

  • we follow back
  • send you 0.001 SBD to your wallet
  • upvote your newest posting

This post received a 2.8% upvote from @randowhale thanks to @steemvote! For more information, click here!

nice post

Thanks

nice post. thanks

Thanks