အာဆီယံ ယူ ၁၈ လူငယ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အကျဉ်း

in football •  7 years ago 

အာဆီယံ လူငယ် ဘောလုံးပြိုင်ပွဲသည် အာဆီယံ ဘောလုံး အဖွဲ့ဝင်နိုင်ငံများမှ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲ တစ်ခု ဖြစ်ပါသည်။ရံဖန် ရံခါ အာရှနိုင်ငံများမှ လူငယ်အသင်းအား ဖိတ်ကြား၍လည်း လက်ခံ ကျင်းပပါသည်။အာဆီယံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အာရှ ဘောလုံး အဖွဲ့ချုပ်နှင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်တွင် ရှိပြီး ၎င်းတို့၏ စည်းမျဉ်း၊စည်းကမ်းအတိုင်း ပြိုင်ပွဲအား ကျင်းပပေးလျှက်ရှိပါသည်။

ပြိုင်ပွဲကို ၂၀၀၂ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။၂၀၀၃ခုနှစ်တွင် ယူ၁၈ဟု ကျင်းပခဲ့ရုံမှလွဲ၍ ၂၀၀၇ခုနှစ်အထိ ယူ၂၀ ပြိုင်ပွဲ၊ထိုမှတစ်ဆင့် ၂၀၁၆ခုနှစ်အထိ ယူ၁၉ ပြိုင်ပွဲဟူ၍ ပြောင်းလဲ ကျင်းပခဲ့ပါသည်။တစ်ဖန် ၂၀၁၇ အာဆီယံ လူငယ် ချန်ပီယံပြိုင်ပွဲကို ယူ၁၈ ဟူ၍ ပြန်လည် ကျင်းပသွားမည် ဖြစ်ပါသည်။နိုင်ငံအလိုက် ထိုင်း၊ဩစတေလျ အသင်းတို့မှ ဖလားလေးကြိမ်စီရယူထားသောကြောင့် အအောင်မြင်ဆုံးအသင်းဟူ၍ ပူးတွဲရပ်တည်လျက်ရှိပြီး ၎င်းတို့နောက်တွင် မြန်မာ အသင်းမှ ဖလားနှစ်ကြိမ်ရယူထား၍ တတိယ အအောင်မြင်ဆုံးအသင်းအနေဖြင့် ရပ်တည်လျှက် ရှိပါသည်။၂၀၁၇ ယူ၁၈ လူငယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။
@foreverwithyou
Photo credit -mffg
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi, as a sign of my support for the tag #sports and #football, I vote for you and begin to follow you