ဘယ်သူသိမှာလဲ
✏ ✏ ✏ ✏ ✏
ရင့်ကျက်တည်ငြိမ်တယ်တဲ့
တိတ်ဆိတ် တဲ့အခန်းငယ်မှာ
အထီးကျန် စွာဖြတ်သန်းရင်း
ကိုယ့်အပေါ်နားလည်ပေးမယ့်
အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်လောက်ကို
မျှော်လင့်နေမိမှာ ဘယ်သူသိမှာလဲ။
နေတတ် တယ်တဲ့
ဖြတ်သန်းခဲ့တဲ့ဘဝလမ်းမှာ
မလှပခြင်းတွေဝေဆာခဲ့တော့
လေမှာတောင်မသင်းပျံ့ရဲတဲ့ရနံ့နဲ့
ရင်မှာမျိုသိမ့်ထားတဲ့ ခံစားချက်တွေ
ဘယ်သူသိမှာလဲ။
နူတ်ဆိတ်လိုက်တာတဲ့
ကိုယ့်အကြောင်းကိုယ်ပြောပြီး
ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်လို့
ဝေဖန်လက်ညှိုးတွေကြားမှာ
နေသားကျခဲ့တော့စကားတစ်ခွန်း
လွယ်လွယ်ထွက်ရမှာ
ဝန်လေးနေခဲ့တာ
ဘယ်သူသိမှာလဲ
အပူအပင်ကင်းတယ်တဲ့
နူတ်မှာအပြုံးတပ်ထားပေမယ့်
ရင်မှာငိုခဲ့ရတဲ့ ရက်၊ လ၊ နှစ်၊တွေများလာတော့
မကျေနပ်ပေမယ့် နေတတ်အောင်နေခဲ့ရတာ
ဘယ်သူသိမှာလဲ။
ကြိုးစားတယ်တဲ့
ရိုးသားခြင်းကတန်ဖိုးမြင့်မားပေမယ့်
ရိုးသားခြင်းနဲ့တိုးမရတဲ့လောကကြီးမှာ
ကြိုးစားခြင်းနဲ့ရှေ့ဆက်ပြီး
ကိုယ့်ဘဝ ကိုယ့်ဒဏ်ရာ အနာကျက်ဖို့
ချွေးသိမ့်နေတာ ဘယ်သူသိမှာလဲ။
သူ့ရဲ့ဖြတ်သန်းမှုလေးလှပတယ်တဲ့
မလှပခဲ့တဲ့ရင်ထဲက ခံစားချက်တွေ
ဘယ်သူသိမှာလဲ။
ဘယ်သူမှမသိလည်းနေပါစေ
ဘယ်သူ့ဘယ်လောက်မြင့်မားပါစေ
ကိုယ့်ဘဝ ကိုယ့်အခြေအနေကိုယ်သာသိမို့
နူတ်ဆိတ်နေပြီး ရည်ရွယ်ရာကို
တစ်စိုက်မတ်မတ် ဖြတ်သန်းနေတာ
ဘယ်သူသိမှာလဲ။
ဘာမထီဘွား.....အတွေးစာစုလေးများ