လူအတော်များများဟာ ဟာသပြောတတ်တဲ့သောလူများကို အထင်ကြီးကြသလို ရယ်စရာပါသော ဗွီဒီယိုဇာတ်ကားများနှင့်ရုပ်ရှင်များကြည့်ရှုခြင်း၊ ဟာသဝတ္ထုများဖတ်ရှုခြင်းတို့ကို ကြိုက်နှစ်သက်ကြပါတယ်။ တစ်ချို့လည်း ဟာသဥာဏ်ရှိပြီး လူ့အဖွဲ့အစည်းကြားထဲတွင် အသုံးချပါတယ်။ လူတွေအားလုံးကို ဟာသနဲ့ပတ်သက်ပြီး ဘာကြောင့်ဖတ်ရှု၊ကြည့်ရှုရသလဲလို့မေးရင် လူအများစုက ဘဝအမောအတွေ ပြေပျောက်ချင်လို့ ဟူ၍ ပြောကြမယ်ထင်ပါတယ်။ဟုတ်ပါတယ် ။ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်ညစ်စရာတွေ၊စိတ်ဓာတ်ကျတာတွေတို့ကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားရတဲ့အခါ ကျွန်တော်ကိုယ်တိုင်လည်း ထွက်ပေါက်တစ်ခုအနေနဲ့ ဤနည်းများအား လက်ခံ ကျင့်သုံးပါတယ်။
အရင်ခေတ်က ဟာသဇာတ်ကားများ ကြည့်ရှုဖို့ ပိုက်ဆံပေးဝယ်ပြီး ကြည့်ရှုခဲ့ရပေမယ့် တိုးတက်တဲ့ယခုခေတ်လို social media များကျယ်ပြန့်လာတာကြောင့် ဟာသ ဇာတ်လမ်များကိုလည်း အလွယ်တကူ ကုန်ကျစရိတ်သက်သာစွာ ကြည့်ရှုနိုင်ပါပြီ။facebookတွင် ဟာသပုံ၊ဟာသဇာတ်လမ်း အပိုင်းတိုများလည်း ကြည့်ရှုခွင့်ရကြလေပြီ။ဟာသ ဝတ္ထုများလည်း pdfဖိုင်အနေဖြင့်လွယ်ကူစွာ ဆွဲယူ ဖတ်ယူနိုင်ပါတယ်။ ရုပ်ရှင်ရုံသို့လည်း ဟာသ ကားများသွားရောက် ကြည့်ရှုနိုင်ပါပြီ။မြန်မာ ဟာသကားတင်မကပဲ နိုင်ငံခြား ဟာသ ကားများလည်း စောင့်မျှော်ကြည့်ရှုနိုင်လေပြီ။ဂြိုလ်တု စလောင်းများမှလည်း ဖမ်းယူကြည့်ရှုနိုင်ပါပြီ။
၂၁ ရာစုမတိုင်ခင်က ကျွန်တော်ဟာ ဗီဒီယိုရုံတွင်သာ အပြေးအလွှား ကြည့်ခဲ့ရပါသည်။ဘယ်လောက်အထိ ကြည့်ချင်ခဲ့သလဲ ဆိုရင် ထမင်းမစားဘဲ ၆နာရီထိုးတာနဲ့ ရုံသို့ အရင်ဦးဆုံး နေရာယူပါတယ်။အဲ့လောက်အထိ အရူးအမူး ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် အငြိမ့်ထဲတွင်ပါဝင်သော ဟာသများကို ကြည့်ရှုခဲ့ရပါတယ်။ကျွန်တော်ဟာ ငြိမ်းချမ်းတို့ ရွှေညီအကို အငြိမ့်အဖွဲ့ကို ငယ်ငယ်က အလွန် နှစ်သက်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့် ငြိမ်းချမ်းတို့ ပါဝင်သော ဇာတ်ကားတို့ကိုလည်း ကျွန်တော် နှစ်သက်ခဲ့ပါသည်။ယခု ဗီဒီယိုခေတ်တွင်လည်း ငြိမ်းချမ်းတို့ ပါဝင်သော ဇာတ်ကားများကို ကြည့်ရှု ပါသေးတယ်။ငယ်ငယ်တုန်းက ဆိုရင် တစ်ခါတစ်ရံ ဟာသပြောတတ်တဲ့လူကြီးတွေနား ထိုင်မိပြီး လူကြီးတွေရဲ့ ဟာသတွေ နားထောင်ပြီး ရယ်ခဲ့ကြသေးတယ်။ ဒီဘက်ခေတ်ရောက်လာတော့ fb မှာသာ ကြည့်ဖြစ်ပါတော့တယ်။ တစ်ခါတစ်ရံမှသာ ကြုံကြိုက်ရင် ကြည့်ဖြစ်ပါတယ်။ဒါပေမယ့် အရင်ခေတ်ကလို ကိုယ်ကိုယ်တိုင်က လှိုက်လှိုက်လဲလဲ ကြည့်ချင်စိတ် ပျောက်သွားတယ်။ငယ်ငယ်ကလို ပြင်းပြင်းပျပျ မဟုတ်တော့ဘူး။လုပ်စရာတွေ ပေါတဲ့ခေတ်ဆိုတော့လည်း ဟာသကားကို တစ်ပတ်တစ်ခါသာ ပုံမှန်ကြည့်နိုင်အောင် ကြိုးစားတော့တယ်။ရယ်သော သူသည် အသက်ရှည်သည်တဲ့ဗျာ။ရယ်မောခြင်းဟာ စိတ်ကိုလန်းဆန်းတက်ကြွစေပါသေးတယ်။ အားလုံးပဲ ရယ်မောခြင်းနဲ့ ဘဝအမောတွေ ပြေနိုင်ပါစေလို့ ဆန္ဒပြုလျှက် ..
@foreverwithyou
yes, smiling is best medicine.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီလေး @thatkozaw တို့နဲ့ တိုင်ပင်ပြီး ကိုယ့် post ကို ဘယ်လို daily promotion တင်ရမယ်ဆိုတာ သင်ယူပါ။ system အသစ်မို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @foreverwithyou! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit