မြန်မာပြည်ရဲ့ဌါနပေါင်းစုံရည်းစားစကားများမှတ်စု

in funny •  7 years ago 

ဆည်မြောင်း
—————–
ကိုယ်တို့ ရဲ့သံယောဇဉ် ကောက်ပင်လေးတွေ ရှင်သန်စေဖို့ 
အကြင်နာ ရေစီးကြောင်းလေး စီးဆင်းခွင့်ပေးပါတော့လား —- ဟင် ။
ကျန်းမာရေး
—————-
အနီရင့်ရင့် လေး တွေမြင်ကထဲက
ရောဂါ တဝက် သက်သာနေပြီလေ
ဗိုလ်ချုပ်အောင်ဆန်း လို တိုတိုတုတ်တုတ် ပြောရ ရင်
ကိုယ့်ဘဝ ထဲကို ငွေသော်တာရောင်ခြည်လေး ထာဝရ လင်းလက်ခွင့်ပေးပါလားဗျာ ။
ပညာရေး
————-
စံပယ်လေးတွေစီရ ရီ ရင်ထဲမှာပွင့်လာသလိုပဲ
အေးချမ်းလိုက်ပါဘိ — ဖြစ်ချင်ရာဖြစ်ခွင့်ရကြေးဆို
ဆရာမ လက်ထဲက အပိုင်းအစ မြေဖြူခဲလေး ဖြစ်ပါရစေ
အနူးညံ့ ဆုးံ လက်ချောင်းလေးတွေရဲ့ထိတွေ့ခွင့်ရပြီး
ကွယ်ပျောက်သွားရလည်း ကျေနပ်ပါရဲ့ ။
စည်ပင်
———–
ရင်ဘတ်ထဲက လာသမျှက
အမှိုက်လို့ မင်းမထင်ပါနဲ့
မေတ္တာ တွေများ လွန်းး လို့  အခွန်ဆောင်ရမယ်ဆိုလည်း
ရာသက်ပန် ဆောင်ပါရစေ နော် ။
လျပ်စစ် ( EPC )
——————–
အချစ်ဆိုတာ လာချင်မှလာ
ပြတ်ချင်တိုင်းပြတ်လို့ မရဘူးးနော်
လကုန်မှ မီတာ ခ လာဖတ်သလိုတော့မလုပ်နဲ့
ဟွန်းးး ဒီက ချစ်တာ က ဗို့ အား ပြင်းတယ်
ဘာမှတ်နေလဲ တသက်တာမီတာခကို ၁၅၀၀ အပြည့်ဆောင်ပေးလိုက်လို့  အကုန်မီးထပွင့်သွားးမယ်
စိုက် / ဘဏ်
——————–
ပုံစံ ( ၇ ) ရမှ ချေးငွေရမယ်ပေါ့ —- ဟုတ်စ
ဟော့ဒီရငိဘတ်ကဖြစ်လာတဲ့အချစ်က ပုံစံ( ၇ ) မပါပေမဲ့ ပေါက်လွှတ်ပဲစား မဟုတ်ရပါဘူးးး
နိုင်ငံတော်ချေးငွေကို စောင့်မနေပဲ မင်းရဲ့ အကြင်နာချေးငွေသာ ၁၅၀၀ အပြည့် ပေးလိုက်ပါတော့လား ။
လဝက
———-
နှလုံးသားစစ်စစ်ပါပဲ
ဘာလို့ များ မိတ္တူတွေတောင်းနေရတာလည်း
ဟိုစစ် ဒီစစ် စစ်မနေပါနဲ့တော့ ကိုယ်တို့ ရဲ့ အိမ်ထောင်စု လူဦးရေ စာရင်းထဲ မင်းနာမည်လေး ပါ တခါထဲ ထည့်ပါရစေလား ။
#စိုက်ပျိုးရေး
————–
ဟော့ဒီရင်ဘတ်ထဲ က အချစ်ကိုများ
မင်းက စပါးဖျက်ပိုး လို့ ထင်နေတာလား
ထင်ချင်လည်း ထင်ပါ
မင်း သုးံတဲ့ ဆေးတိုင်း ဓါတု လက်နက်တွေမသုးံပဲသြဂဲနစ်စစ်စစ် သာဖြစ်ပါစေ
မေတ္တာ စပါးပင်လေးတွေရှင်သန်စေဖို့ ကိုယ်တာဝန်ယူပါရစေ ။
ကျေးလက်
—————-
ဟိုဒါပေးမယ် ဒီဟာ ပေးမယ်ဆိုပြီး ဖြေသိမ့်ဖို့ တော့လာမလုပ်ပါနဲ့
ပြည်သူ က ( 50 )% ထည့်ဝင်မှ တခုခုပေးမယ်ဆိုရင်
မင်းအတွက် (100) % အပြည့်ထည့်ဝင်ထားတယ်
မင်းဘဝ တခုလုးံသာ ထည့်ပေးဖို့ ပြင်ဆင်ထားပါ ။
ရဲ ( ရဲမေ )
—————-
မင်းကို မြင်လိုက်ထဲက
ကိုယ့်ဘဝတခုလုးံ လုံခြုံသွားပြီ
မင်းရဲ့ မေတ္တာ အချုပ်ခန်းထဲမှာ
ထာဝရ အကျဉ်းသားပဲဖြစ်ခွင့်ရချင်တော့တယ်
ကျေးဇူးပြုပြီး အနမ်းလက်ထိတ် လာခတ်ပေးပါလား ။
တပ်မတော် ( စစ်သမီး )
————————————-
သိုင်းတော့ သင်ထားအုးံမှ
သိပ် လက်လျှင်တာ အခပ်မသင့်ရင်
မျက်နှာပေါ် မှာ အာလူးသီးသွားနိုင်တယ်
ဒါပေမဲ့လည်း လေ
အကြင်နာစစ်စစ်တွေ အကြောင်း
သူ သိလာရင် နူးညံ့သွားလောက်မှာပါ
အနမ်းလေးတခု နမ်းဖို့ အရေးတောင်
သတိတခါစွဲ သစ္စာ အဓိဌာန် တွေဆိုနေရသေးး
ဟူးးးးးး
တိုင်းရင်းဆေး
——————
တိုးတက်နေတဲ့ခေတ်ထဲ
မင်းကို မြင်လိုက်ဆိုကထဲက အင်္ဂလိပ်ဆေး ကိုမသောက်ချင်တော့တာ
ကိုယ့်ဘဝတခုလုးံဗမာဖြစ်ဆေးလေးတွေနဲ့ပဲရှင်သန်ပါရစေနော်
ဥပဒေ ( ရှေ့နေ )
———————-
တရားကို လောကပါလ နတ်မင်းစောင့်တယ်လေ
ကိုယ်ယုံကြည်ပါတယ် ကိုယ့်ကိုတော့
ပုဒ်မ ၁၅၀၀ ကလွဲပြီးကျန်တာ မတပ်ပါနဲ့
မင်းရဲ့ နှလုးံသားထဲ လွတ်ရက်မရှိသာ အကျဉ်းချလိုက်ပါတော့ ။
မြေစာရင်း & မီးသတ်
—————————— (#ဒီဌာနတွေကတော့ခြွင့်းချက်ပါပဲကျနော်သိသလောက်အကုန်အထီးတွေချည်းမို့ရည်းစားစကားသွားပြောလို့ မဖြစ်ပါ) ။
ကော်မရှင်
————-
နှလုးံသားရဲ့ ဆန္ဒ မဲတွေကို
စနစ်တကျသိမ်းဆည်ပေးပါလားး
မေတ္တာနယ်ပယ်မှာ မဲစနစ် နဲ့ သွားခဲ့ရင်လည်း
သမာသမတ်ကျစွာ ပဲ ကိုယ့်ကို ရွေးချယ်စေလိုပါတယ် ။
ထွေ / အုပ်

@htinlinaung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!