ကွက်လပ်လေး များ ပြည့်ပါစေ (@aggamun)steemCreated with Sketch.

in goldenhourphotography •  6 years ago 
ကျွန်တော်သည် ဟိုဘက် သည်ဘက် နှစ်ဘက် ဆွေမျိုး များတွင် မြေးဦးဖြစ်သည်။ မိသားစုတွင် လည်း သားဦးပင်ဖြစ်ချေသည်။ ထိုကြောင့် သက်ဦး အရူး ဟူ၍ ညီငယ် နှမငယ် များက ချစ်စနိုးဖြင့် စ ကြသည်။ အမှန်ကတော့ စကားကို သင်းတို့တတွေ လိုရာ ဆွဲ၍ ပြောနေကြခြင်း ဖြစ်သည်။ ( ကျွန်တော် မရူးပါ။ တစ်ခါတစ်လေတော့ ကျပ်မပြည့်တာလေးပဲ ရှိပါတယ်ဗျာ။ 😊 ဤကား စကားချပ် )

ကျွန်တော်သည် သားဦးဖြစ်သည့် အားလျော်စွာ ညီအစ်ကို မောင်နှမ များအပေါ် လွန်စွာမှ သြဇာကြီးမားလှသည်။ ညီအစ်ကို မောင်နှမများသည်လည်း ကျွန်တော်၏ အနေအထိုင် တည်တံ့ခြင်း၊ မိဘဘိုးဘွားများမှ အထူး ပ,စားပေးခြင်း၊ အလို လိုက်ခြင်း များကြောင့် လည်း ကျွန်ုပ်အား ချစ်ကြောက် ရိုသေ ကြပါသည်။

လူဆိုသည်မှာ အခွင့်ထူးခံ နေရလျှင် မောက်မာတတ်သော သဘောသဘာဝ ရှိပေရာ ကျွန်ုပ်သည်လည်း လူသားတစ် ဦးပင် ဖြစ်သည့် အလျောက် ညီအစ်ကို မောင်နှမ များအပေါ် ရံဖန်ရံခါ အကြိမ်တော်တော်များများ အမြဲတမ်းလိုလို မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး အသာစီးယူ အနိုင်ကျင့် ဖူးလေသည်။ ( ဟူး ကိုယ်အားသားချက် တွေ ရေးရလွန်းလို့ လားမသိ မောလတ်ထှာ 😢 )

received_326812454734000.jpeg

သူတို့ လေး ဘယ်လောက်ပဲ အလုပ်ကောင်းအောင် လုပ်လုပ် ကျွန်တော် အကောင်းမပြော။ မသိချင် ယောင်ဆောင်နေသည်။ အကြောင်းပြ ချက်ကတော့ ကောင်းသည်။ ရောင့်တက်မည် စိုး၍ ဖြစ်သည်။ မကောင်းလျှင်တော့ မဲ့ကာရွဲ့ကာ ပြစ်တင်ပြောဆို မဆုံးရှိတော့သည်။ မျက်နှာငယ်လေးများနှင့် ကျွန်တော် ဆူသမျှ ခေါင်းငုံ့ ခံနေကြသည်။ အချိန်ကြာလာသည်နှင့် အမျှ ကျွန်တော် တစ်ခုခုခိုင်းလျှင် သူတို့ တတွေ စိတ်မလွတ်မလပ် ဖြင့်သာ လုပ်ကိုင်နေကြရတော့သည်။ သူတို့ ခံစားချက်ကို အလေးမထားမိဘဲ ကျွန်တော် ဖြစ်ချင်တာသာ ပုံဖော်နေခဲ့သည်။ ထို့ကြောင့် ကျွန်တော် သတိမထားမိဘဲ ကျွန်တော် နှင့် သူတို့ တတွေ ဝေးမှန်း မသိဝေးလာ တော့သည်။

တစ်နေ့ ကျွန်တော် သည် နိုင်ငံကျော် စာရေးဆရာကြီး ချစ်ဦးညို အကြောင်း documentary လေး ကြည့်မိသည်။ ယင်း အစီအစဉ်လေးထဲမှ ကျွန်တော် စိတ်လှုပ်ရှားမိသော အပိုင်းလေးကို ရေးသား ဖော်ပြပါမည်။ စာရေးဆရာ ချစ်ဦးညို၏ သားဖြစ်သူက ၄င်း၏ ဖခင် ဖြစ်သူအပေါ် သူ၏ ခံစားချက်ကို ပြောပြသော အပိုင်းလေး ဖြစ်သည်။ အောက်တွင် ဖော်ပြပေးထားပါသည်။
အတိမ်းအစောင်း ရှိခဲ့ပါက ကျွန်တော်၏ ချို့ယွင်းသော မှတ်ဉာဏ်၏ အပြစ်သာ ဖြစ်သည်။

ကျွန်တော် အတွက်တော့ အဖေရှိတာက ကျွန်တော့ အနောက်မှာ လက်နက် အပြည့်အစုံ နဲ့ အခေါပဏီ စစ်တပ်ကြီး တစ်ခု ရှိနေသလိုပဲ။ အားရှိတယ်။

ထို စကားကို ကျွန်တော် ကြိုက်သည်။ သူတို့ သားအဖ နှစ်ဦးကိုလည်း အားကျစိတ်လည်း ဝင်မိသည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားသော မေတ္တာရိပ်မြုံလေးကို တွေ့မြင်ကြရသည်။ သူ့အဖေသည် သူ့အတွက် အင်အားတစ်ခု ဖြစ်သည်။ သူတို့ သားအဖ အတွက် ကျွန်တော် ဂုဏ်ယူ ကြည်နူး မဆုံး ဖြစ်မိချေသည်။

ကျွန်တော် တဆက်တည်း ဆက်တွေးသည်။ ဤသို့ဆိုလျှင် ကျွန်တော်ကရော ကျွန်တော်၏ ညီအစ်ကို မောင်နှမ တတွေ အပေါ် မည်သို့သော အဓိပ္ပာယ် ဆောင်လေသနည်း။ ကျွန်တော် တွေးရင်း တွေးရင်း နောင်တ ရလာမိသည်။

clasped-hands-comfort-hands-people-45842.jpeg

ကျွန်တော် သူတို့အတွက် အားတစ်ခု မဖြစ်စေခဲ့ပါ။ ကျွန်တော် သူတို့ အတွက် ကြောက်စရာ သတ္တဝါ တစ်ကောင်များ ဖြစ်နေသလား ဟုတွေးမိသောအခါ ကျွန်တော့ အမှားများကို မြင်ယောင်လာသည်။ ထိုကြောင့် ယနေ့မှ စ၍ သူတို့ အတွက် ကျွန်တော် အင်အား တစ်ခု ဖြစ်စေဖို့ ကြိုးစား အားထုတ်တော့မည်။ သူတို့ အတွက်လိုအပ်သော ကွက်လပ်ကို ကျွန်တော် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးတော့မည်။ ကျွန်တော်ကို သူတို့ အင်အား တစ်ခု အဖြစ် ခံစား မိစေ ရန် ကြိုးစား အားထုတ်မည်။ အောက်က သီချင်းစာသား လေးအတိုင်းပေါ့ဗျာ။

နေရောင်ခြည် မဟုတ်လည်းပဲ ကြယ်စင်လောက်တော့ ငါ့ရဲ့ လက်တစ်ကမ်း အဝေး ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓာတ် ပေး ခဲ့တယ်။


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice Post bro

thnx admin 👍

Posted using Partiko Android

  ·  6 years ago 

Upvote you in kryptonia@CEARrtou66

Cheers from Kryptonia id @mejia_martinez

good job 😊
thnx u
have a nice day!!

Posted using Partiko Android

အစ်ကိုတစ်ယောက်ပီသစွာဖြင့် ညီမတစ်ယောက်ဖြစ်ချင်သော ဆန္ဒအတိုင်း ပြုလုပ်လိုက်ပါ။သူဖြစ်ချင်သလို ဖြစ်ခွင့်ပေးသင့်ပါတယ်နော် ။Do you know what I mean?😝

တေဘီ ဆြာ

မျိုးကြီးပါလား ​ရေလည်​မိုက်​တယ်

ဟုတ် ဘဒိုကြီး 👍 👍

Posted using Partiko Android

Upvoted.
@maryresp from kryptonia

ok thz u!
have a good day!!

wow! nice

Kryptonia id blogjeremiah

Source
Leaving comments asking for votes, follows, or other self promotional messages could be seen as spam.

More Information:

The Art of Commenting
Comment Classifications

see u again bro
thnx u 👍
have a nice day !!

nice post aggamun

thx bro @komgthet

Posted using Partiko Android

အရမ်းကောင်းတယ် ဘရို။ ကျွန်တော်လဲ သူများကိုပံ့ပိုးပေးရတာကို သဘောကျတယ်။

စိတ်ချင်း ဆက်နေတယ် ဘဒို shake it!

Posted using Partiko Android

Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received
Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steemit users. Learn why here!

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-09-22T17:42:42
Account Level: 1
Total XP: 130.00/200.00
Total Photos: 20
Total comments: 0
Total contest wins: 0
And have also received a 1.00 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Congratulations @aggamun ! You received a 5.96% upvote from @kryptoniabot & @kryptonia for your task of 150 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.