စိတ်ဖိစီးမှုများနေရင်ဘာလုပ်သင့်လဲ

in good-karma •  7 years ago  (edited)

စိတ်ဖိစိးမှု တိုက်ထုတ်ဖို့ စိတ်ပညာရှင်တွေ အသုံးပြုတဲ့ နည်းလမ်းကောင်းများ
စိတ်ပညာရှင်တွေဟာဆိုရင် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တဲ့ အကြောက်တရား၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အထူးကုသမားတော် တွေဖြစ်ပါတယ်။
စိတ်ပညာရှင်တွေ ကိုယ်တိုင်ဟာလည်း လူသားတွေဖြစ်တာကြောင့် တစ်ခါတလေ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားခဲ့ရပါတယ်။ စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ ပညာရှင်တွေ ကျင့်သုံးတဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေ ပေးလိုက်ပါတယ်။
image
** စိတ်ထွက်ပေါက်ပိတ်ပြီး စိတ်ထဲမှာလေးလံထိုင်းမှိုင်းနေတဲ့ အခါ ခံစားရသမျှကို စာအုပ်ပေါ်မှာ ချရေးလိုက်ပါ။ ဒီလိုမျိုးချရေးလိုက်တာက စိတ်ထဲမှာပေါ့ပါးစေပြီး စိတ်ဖိစီးမှု သက်သာစေပါတယ်။

** စိတ်ဓာတ်ကျနေတယ်လို့ ခံစားနေရတဲ့အချိန် မိမိကြိုက်နှစ်သက်တဲ့ ဟင်းအမယ်တစ်ခုခုကို ကိုယ်တိုင် ချက်ပြုတ်စား သောက်ကြည့်ပါ။ ချက်ပြုတ်ဖို့အတွက် ထည့်ရမယ့် ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင် ဝယ်ယူပြီး ချက်ပြုတ်စားသောက်တာက စိတ်ဓာတ်ကျနေတာကို သက်သာစေနိုင်ပါတယ်။
image

** စိတ်ဖိစီးမှုကို ပြန်ပြီးတုံ့ပြန်တဲ့အခါမှာ အကောင်းမြင်စိတ်နဲ့ ပြန်တိုက်ခိုက်ပါ။ ဖြစ်လာတဲ့အခြေအနေကို ပြန်ပြင်လို့မရနိုင်ရင်တောင် တုံ့ပြန်မှုကိုတော့ အကောင်းဘက်မှာ ထားသင့်ပါတယ်။ စိတ်တွေမကြည်မလင် ရှုပ်နေတဲ့အချိန်မှာမှ ကိုယ့်အင်္ကျီမှာ ကော်ဖီမှောက်တာမျိုးထပ်ကြုံရင်တောင် အခြေအနေကို မပြောင်းလဲနိုင် ပေမဲ့ အဝတ်အစားတွေ ပေကျံလိုက်တဲ့အပေါ်မှာ နောက်ထပ်စိတ်ဖိစီးမှုမဖြစ်ဘဲ အကောင်းမြင်စိတ်ထားတာ ကိုဆိုလိုတာ ဖြစ်ပါတယ်။

** အတွေးပေါင်း မြောက်မြားစွာနဲ့ ကိုယ့်ကိုယ်ကို မနှိပ်စက်ဘဲ လတ်တလောအတွေးတွေကို ဦးနှောက်ထဲကနေ ထုတ်ပစ်လိုက်ပြီး ခေါင်းရှင်းရှင်းထားပါ။ စိတ်ဓာတ်တက်ကြွစေနိုင်ဖို့ သီချင်းဆိုတာ၊ ရေကူးတာ၊ စာဖတ်တာ၊ ခရီးထွက်တာ ၊ ပုံဆွဲတာ စတဲ့ကိုယ်ဝါသနာပါတာတွေကို လုပ်ကြည့်သင့်ပါတယ်။
image
** စိတ်ဖိစီးမှုဖြစ်စေတဲ့ အတွေးကိုရှင်းထုတ်ပစ်ဖို့ ကိုယ့်အိပ်ခန်း၊ အလုပ်နေရာ၊ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာ၊ လုပ်အားပေးတဲ့ အလုပ်တွေကို ကူညီတာတွေက တကယ်ကိုထိရောက်တဲ့ နည်းလမ်းကောင်း တွေဖြစ်ပါတယ်။

SMT17

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

By @pjyokyaw. Do you read those books?

SMT 46

Smt26

This post has received a 100 % upvote from @min2thant (S M T 33)

SMT 48

SMT37

smt39

Smt40

SMT 32

smt38

SMT44

Smt 30

Smt29

smt36

SMT-28

Smt.34

SMT 45

Smt31

Smt 43

SMT 35