ကောင်းကင်ထက်ကဝေဒနာ
အပိုင်း ( 1 )
"'မင်းသိပ်မာနကြီးတယ် ' ကြာညိုသွယ် '
မေမေပြောတဲ့ စကားကမင်းကိုနှိမ်ချပြော
နေတာမဟုတ်ဘူး"……
ကျွန်မက ' မိုးသောက် ' ကို မျက်မှောင်ကုတ်
၍ ကြည့် လိုက်မိသည်……ချစ်သူထက်မိခင်က
သူ့ ဘဝတွင်အရေးပါဆုံးသူမှန်းသိနေသဖြင့် 
ကျွန်မ မအံ့ သြတော့ ပါ………
" ' ကြာညို 'ဘက်က မေမေ့ ကို နည်းနည်း
လေးပဲနားလည်ပေးပါကွာ………
' မိုးသောက် ' တောင်းပန်ပါတယ်နော်"……
" တော်ပါပြီ ' မိုးသောက် ' တစ်ဦးတည်းသော
သားကို ချစ်မိတဲ့ အတွက် ဘယ်လောက်ထိခိုက်
စေရလဲဆိုတာ ' ကြာညို ' သိသွားပါပြီ…
ချစ်သူဘဝမှာတောင် ဒီလိုဖြစ်နေရင်……
ရှေ့ ဆက်ပြီး ဘယ်လိုရင်ဆိုင်သွားနိုင်တော့ 
မှာလဲ"……
" မေမေက 'မိုးသောက် ' ကိုသိပ်ချစ်တာ
ငယ်ငယ်ထဲက မျက်စိအောက်က အပျောက်
ခံခဲ့ တာမဟုတ်ဘူး…… ' မိုးသောက် 'ဘဝမှာ
မေမေက မုဆိုးမ ဘဝနဲ့ ရုန်းကန်း လာခဲ့ လို့ 
အခုလို အဆင့် အတန်း မြင့် မြင့် နဲ့ နေနိုင်ခဲ့ တာ"…
ကျွန်မ မှာ ' မိုးသောက် ' ကိုလုံးဝအထင်မကြီး
တော့ ပေ……အထူးသဖြင့် မိဘ အရိပ်အောက်တွင်
မိဘစကားကို တစ်သဝေမတိမ်း နားထောင်တတ်သူ
' မိုးသောက် ' လို သားလိမ္မာ မျိုးကိုကျွန်မစွန့် လွှတ်
လိုက်ခြင်းသာအကောင်းဆုံးဖြစ်ပါလိမ့် မည်……
" ' ကြာညို 'ကို မေ့ လိုက်ပါတော့ ' မိုးသောက် '
အန်တီ သဘောကျလက်ခံတဲ့ သူကိုပဲလက်ထပ်
လိုက်ပါ"……
" မင်းကဆုံးဖြတ်ပြီးပြီလား…တောင်းပန်တာ
တောင်ခွင့် မလွှတ်နိုင်တော့ ဘူးလား"……
' မိုးသောက် ' ရဲ့ တောင်းပန်စကားအား
ကျွန်မ ခေါင်းကို ခါယမ်းပြပြီး ပြန်ဖြေလိုက်သည်…
" အခါခါ အပြောခံနေရတာကို 'မိုးသောက် '
က ' ကြာညို ' ဘက်က စာနာပေးခဲ့ လို့ လား
အန်တီ့ ကိုရော တားဆီးရဲလား"……
" ဒါကတော့  ' ကြာညို ' ရယ်
ဟိုက အမေလေ"………
ကျွန်မ ' မိုးသောက် ' ၏ တစ်ဖက်သတ်စကား
များအား ဒီထက်ပိုပြီး နားမထောင် နိုင်တော့ ပါ
သိပ်ချစ်ကြသည့် သားအမိနှစ်ဦးအား ကျွန်မ
ကြောင့် စိတ်မဆင်းရဲစေချင်ပါ……
ကျွန်မ ဘက်က ပြတ်သားဖို့ လိုအပ်လာပြီ……
"'အန်တီ့ ကိုစိတ်ဆင်းရဲအောင် မလုပ်ချင်ပါနဲ့ 
တော့ ……ချစ်သူဆိုတာ အစားထိုးရနိုင်ပေမဲ့ 
အမေဆိုတာ အစားထိုးလို့ မရပါဘူး……
' မိုးသောက် ' ရဲ့ ဘဝမှာ ' ကြာညို ' ထက်
သာတဲ့ မိန်းကလေးမျိုးကို အန်တီကသူ့ စိတ်ကြိုက်
ရွေးချယ်ပေးပါလိမ့် မယ်"…
" အေးပေါ့  မင်းကဆုံးဖြတ်ပြီးပြီဆိုတော့ 
လဲ ငါမတားတော့ ပါဘူး"……
' မိုးသောက် ' ဟာ ကျွန်မ ကို နူတ်မဆက်ပဲ
လှည့် ထွက်သွားတော့ သည်……
သည်လိုဆိုပြန်တော့ လဲ ရင်ထဲမှာ မချိလောက်
အောင်လူပ်ခါသွားခဲ့ တယ်……
အချစ်ဦးဆိုသည့် အသိက ကျွန်မ နှလုံးသား
အား ကိုင်လူပ်သွားသကဲ့ သို့ နာကျင်စွာ
ခံစားကျန်ရစ်ခဲ့ သည်
အချိန်သိပ်မကြာပါဘူး…… ' မိုးသောက် '
ရဲ့ မင်္ဂလာ သတင်းကို ကြားခဲ့ ရတယ်……
' ဒေါ်သဉ္ဇာ ' သဘောကျ ချွေးမ တစ်ယောက်
မဖြစ်ခဲ့ ခြင်းအတွက် ကျွန်မ ကံကောင်းတယ်လို့ 
ပဲဆိုရမှာပေါ့ ……
သို့ ပေမဲ့  ' မိုးသောက် ' ၏ မင်္ဂလာပွဲနေ့ တွင်
ငိုခဲ့ ရသည့် မျက်ရည်များက သူ နဲ့ ပက်သက်
၍နောက်ဆုံးအကြိမ်ဝမ်းနည်းခြင်းဟုထင်မှတ်
လိုက်သည်……
မင်္ဂလာပွဲတွင်အပျော်ရွှင်ဆုံးသူမှာ ' ဒေါ်သဉ္ဇာ'
သာလျှင်ဖြစ်ပါလိမ့် မည်……
' မိုးသောက် ' ရော ဘယ်လိုခံစားနေရမလဲ
ကျွန်မ သိချင်မိသည်……ဒါပေမဲ့ 
မိခင်ဖြစ်သူစိတ်ချမ်းသာလျှင် အသက်ပင်
ပေးဝံ့ သည့် သားအကြောင်း သိနေ၍
ကျွန်မ ဆက်ပြီး မတွေးချင်တော့ ပါ……
{ မာယာနှင်းဆီ }
ဆက်ရန်…………
အားပေးမူ့ ကို အထူးကျေးဇူးတင်ပါတယ်……