ပြောင်းလဲ​လာတဲ့​ခေတ်​​ရေစီး​ကြောင်း နဲ့ ပရဟိတ

in hfs •  7 years ago 

ပရဟိတဆိုတာမြန်​မာနိုင်​ငံနဲ့မကင်းပဲလုပ်​​ဆောင်​ကြသူအများအပြားရှိကြတဲ့နိုင်​ငံပါ။လူ​တွေဟာဘဝတစ်​ခုရလာပြီဆိုရင်​ဒီဘဝတင်​မဟုတ်​ပဲ​နောင်​ဘဝမှာ​ကောင်းမွန်​စွာ​နေနိုင်​ဖို့အတွက်​ကိုကုသိုလ်​​တွေပြု ခြင်း​​၊အလှူ​အတန်း​တွေလုပ်​ခြင်း၊​ပေးကမ်းစွန့်​ကြဲခြင်းနှင့်​လုပ်​အားဖြင့်​ကုသိုလ်​ပြု ခြင်းစတာ​တွေကိုလုပ်​​ဆောင်​ကြတယ်​။အဲ့ထဲမှာမှလုပ်​အားနဲ့ကုသိုလ်​ပြု ခြင်း​ပရဟိတလုပ်ခြင်း​​ကို​ပြောချင်​တယ်​။ပရဟိတ. ပရဟိတဆိုတာဘာလဲ။ရှင်းရှင်း​လေးပါ။မိမိကိုယ်​ကျိုးမဖက်​အများအကျိုးကိုသာ​ရှေးရှူ၍အချိန်​​ပေး၍လုပ်​အားနဲ့ကုသိုလ်​ပြုခြင်းကိုဆိုလိုတာပါ။ရပ်ကွက်တစ်ခုမှာယခင်​ကပရဟိတတစ်​ခုခုလုပ်​​တော့မယ်​ဆိုတက်​ညီလက်​ညီ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့လုပ်​အား​ပေးကြတယ်​။အားလုံးကစလိုက်​​နောက်​လိုက်​နဲ့အချင်းချင်း​​သိတဲ့သူ​ကောမသိတဲ့သူ​ကောညီအကို​မောင်​နှမ​တွေလိုပဲအားတက်​သ​ရောလုပ်​​ဆောက်​ကြတယ်​။မနက်​အတွက်​အလှူကိုညဘက်​လ​ရောင်​​လေး​အောက်​မှာစကား​လေး​ပြောရင်းစ​နောက်​ကြရင်းနဲ့လူကြီးလူငယ်​အပြိုင်​အဆိုင်​လုပ်​ခဲ့ကြတာပါ။အလှူပွဲလုပ်​ပြီဆိုရင်​လည်းအားလုံးဟာ​အော်​ဟစ်​ရင်းနဲ့ဘယ်​သူ့ကိုမဆိုဝင်​​ရောက်​သုံး​ဆောင်​ဖို့​ပြောရင်း​အလှူနဲ့လိုက်​တဲ့သီချင်း​လေးနဲ့အတူ​ပျော်​ရွှင်​စွာလုပ်​​ဆောင်​ကြတယ်​။ကျွန်​​တော်​အဓိက​ပြောချင်​တာဒီ​နေရာပဲ။ကထိန်​ဆိုလည်းကထိန်​အ​လျောက်​သင်္ကြန်​ဆိုလည်းသင်္ကြန်​အ​လျောက်​သူတို့နဲ့လိုက်​ဖက်​တဲ့သီချင်း​လေး​တွေဖွင့်​ပြီး​ပျော်​ရွှင်​စွာလုပ်​​ဆောင်​ကြတယ်​။ယ​နေ့​ခေတ်​ရဲ့ပရဟိတမှာ​တော့မတူကွဲပြားစွာဖြစ်​ခဲ့ပြီ။ခေတ်​ရဲ့​ရေစီ​ကြောင်း​ကြောင့်​​ပြောင်းလဲလာတဲ့သံစဉ်​​တွေနဲ့အညီအလှူအတန်း​တွေနဲ့ပရဟိတလုပ်​သူ​တွေရဲ့ရည်​ရွယ်​ချက်​က​ပြောင်းလဲခဲ့ကြပြီ။ဘာဆို​နေမှန်းမသိတဲ့သံစဉ်​တွေရဲ့​အောက်​မှာပရဟိတဆိုတာတစစနဲ့နစ်​မြုပ်​​နေပြီ။အပိုင်း(၂)အားဆက်​ရန်​။ဖတ်​ရှူအား​ပေးမှုအတွက်​​​ကျေးဇူးတင်​ပါသည်​။
image
Credit:Photo from google image

Written-ပျံ​လေတဲ့ငှက်​ခါး

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good post bro

Good post

This post has received a 0.26 % upvote from @drotto thanks to: @banjo.

Right

good

good post

Good post.
@shwebote
A14

well done juliusseaser, once again!

good post

  ·  7 years ago Reveal Comment