ပြောင်းလဲလာတဲ့​ခေတ်​​ရေစီး​ကြောင်းနဲ့ပရဟိတ(၂)

in hfs •  7 years ago  (edited)

အရင်​ကအလှူတစ်​ခုမှာဆိုသီချင်းတစ်​ခါဖွင့်​ရင်ကြားရတဲ့သူ​ကောဖွင့်​တဲ့သူနဲ့အလှူအတန်းလုပ်​တဲ့သူ​တွေ​ကော​စိတ်​ချမ်းသာစွာနား​ထောင်​လို့ရတယ်​။အခု​ခေတ်​များကြ​တော့အ​နောက်​တိုင်းဂီတ​တွေကလူငယ်​​တွေအကြားမှာကြီးစိုးလာသလိုလူကြီး​တွေကလည်းတားမြစ်​သူမရှိပဲလိုလိုလားလားမဟုတ်​ရင်​​တောင်​ပိတ်​ပင်​သူမရှိဖြစ်​​နေတယ်​။ခေတ်​ရဲ့​ရေစီး​ကြောင်းနဲ့အတူ​ပြောင်​​မြောက်​တဲ့မြန်​မာသံစဉ်​​တွေ​က​ပျောက်​ပြီးအ​နောက်​တိုင်းဂီတ​တွေက​မြန်​မာ​​တွေရဲ့ရိုးရာပွဲ​တော်​​တွေကျင်းပတဲ့​နေရာ​တော်​​တော်​များများမိာဝင်​​နေရာယူ​နေကြပြီ။စိုးရိမ်​စရာ​ကောင်း​ပေမဲ့​ခေတ်​နဲ့အညီဆို​တော့မည်​သူမှလည်းမတာဆီးကြပဲဖြစ်​​နေလို့ဒီအတိုင်းသာဆက်​သွားရင်​မြန်​မာသံစဉ်​ဆိုတာဘာမှန်းမသိပဲနဲ့​နောင်​မျိုးဆက်​​တွေလက်​ထက်​မှာ​ပျောက်​ကွယ်​ရ​တော့မယ်​။သံစဉ်​တစ်​ခုပဲ​ပြောင်းလဲလာတာ​တော့ဆိုရင်​​တော့​တော်​​သေးတယ်​​ပြောရမယ်​။အခုကသံစဉ်​တစ်​ခုတင်​မကပဲအဝတ်​အစား​၊​နေပုံထိုင်​ပုံနဲ့ကကြတဲ့ဟန်​ပန်​​တွေလည်း​ပြောင်းလဲလာတယ်​။အလှူအတန်းမှာအဝတ်​အစားကသိပ်​မ​ပြောင်းလဲ​ပေမဲ့​ပျော်​ရွှင်​စွာကခုန်​မြူးတူးကြဟန်​က​တော့ကွဲလွဲခဲ့ပါပြီ။ထို့အတူ့ပဲမြန်​မာတို့ရဲ့ရိုးရာမဟာသင်္ကြန်​ဆိုရင်​လည်းအ​နောက်​တိုင်းယဉ်​​ကျေးမှုကဟန်​​တွေကကြီးစိုးလို့်လာ​နေတာဆယ်​စုနှစ်​၁စု​တောင်​​ကျော်​လွန်​လာခဲ့ပြီ။အရင်​ကမြန်​မာဆန်​ဆန်​အဝတ်​အစား​လေးနဲ့ယဉ်​​ကျေးသိမ်​​မွေ့စွာ​ခေါင်း​လေး​မော့၊​ခြေ​လေး​ကော့လို့အလွန်​လှပယဉ်​​ကျေးသိမ့်​​ပေမဲ့ဒီဘက်​​ခေတ်​မှာ​တော့ထမီတိုဝတ်​၊စကတ်​တိုzero quartarနဲ့မလုံ့တလုံအဝတ်​အစား​တွေဝတ်​လို့အ​နောက်​တိုင်းကဟန်​​တွေကကြီးစိုးလာလိုက်​တာမြင်​မ​ကောင်းတဲ့အပြင်​မြန်​မာတို့ရဲ့ရိုးရာကိုဖျက်​လို့ဖျက်​မှန်းမသိဖြစ်​​နေကြကုန်​ပြီ။ခေတ်​နဲ့အညီ​ပြောင်းလဲမှုကိုတားဆီးလို့မရ​ပေမဲ့ယဉ်​​​ကျေးမှုကိုပ​ပျောက်​​စေတဲ့အထိလုပ်​​ဆောင်​​နေကြတာ​တော့စိုးရိမ်​စရာပါ။ပရဟိတမှာလည်းယဉ်​​ကျေးမှု​ပျောက်​ကွယ်​လာသလို၊မြန်​မာတို့ရဲ့ရိုးရာ၊ဂီတစတာ​တွေနဲ့အရာရာဟာ​ပြောင်းလဲမှန်းမသိ​ပြောင်းလဲလာခဲ့ရပြီ။လူ​တွေဟာ​တစ်​​ယောက်​ကလုပ်​ရင်​​နောက်​တစ်​​ယောက်​ကလိုက်​လုပ်​ကြည့်​ကြတာဓမ္မတာပါ။သို့​ပေမဲ့လို့​ကောင်းသည်​၊ဆိုးသည်​ကိုယ်​ကိုတိုင်​သာဆုံးဖြတ်​ရမှာပါ။အမှားအမှန်​ကိုအခြား​သောတစ်​​ယောက်​လမ်းပြရုံသာတတ်​နိုင်​တာမို့မိမိကိုယ်​တိုင်​အ​ကောင်းအဆိုးခွဲခြားပြီးပြင်မှသာဖြစ်​နိုင်​တာပါ။ဒါ​ကြောင့်​မို့မိမိလုပ်​​ဆောင်​တဲ့အရာတိုင်းဟာ​ကောင်းသည်​၊ဆိုးသည်​၊မှန်​သည်​၊မှားသည်​ကိုကို​ယ်​တို်​င်​ဆုံးဖြတ်​ကြရင်းနဲ့ပြု ပြင်​နိုင်​ကြပါ​စေလို့ဆု​တောင်း​ပေးရင်​နဲ့အဆုံးသတ်​လိုက်​ပါတယ်​။နောက်​များမှာလည်းအခွင့်​သင့်​ရင်​သင့်​သလိုဖြစ်​ပျက်​​နေတဲ့အ​ကြောင်းအရာ​လေးများလည်းမှာမို့လမ်းကြုံလို့ဖြစ်​ဖြစ်​၊တစ်​ခြားအ​ကြောင်းအရာတစ်​ခုခု​ကြောင့်​ပဲဖြစ်​ဖြစ်​​ကျွန်​​တော်​တင်​တဲ့post​လေးများ​တွေ့တဲ့အခါအား​ပေးကြပါဦးလို့​တောင်းဆိုရင်းအားလုံးပဲစိတ်​ချမ်းသာ၍ကိုယ်​ကျန်းမာရှိကြပါ​စေ။ကျေးဇူးတင်​စွာဖြင့်
image
Credit:Photo from google image

က​လောင်​အမည်​(written)-ပျံ​လေတဲ့ငှက်​ခါး

မ​နေ့က​ရေးတင်​ခဲ့တဲ့​ပြောင်းလဲလာတဲ့​ခေတ်​​ရေစီး​ကြောင်းနဲ့ပရဟိတ(၁)ကို​တော့​အောက်​ပါလင့်​စ်​၌ဝင်​​ရောက်​ဖတ်​ရှုနိုင်​ပါသည်​။
https://steemit.com/hfs/@juliusseaser/eyapang-le-late-ekht-eyasi-e-kang-ne-pyahit-864e92531d6b1

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

great post juliusseaser! keep it up! and thanks again for following!

ကောငိးပေါဒေ

ကျေးဇူးပါbro

လူတိုင်းက သတိပြုသင့်တယ်

ဟုတ်​တယ်​အမ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

I followed to u.Thank

အမြဲလုပ်​ပါတယ်​ပရဟိတကို

ဟုတ်​အကိုပရဟိတကိုမလုပ်​ဖြစ်​​ပေမဲ့ကိုယ်​တတ်​နိုင်​တဲ့ဒါန​လေး​တော့လုပ်ုဖစ်​ပါတယ်

nice post လေးတစ်ပုဒ်ပါညီလေစ

ဟုတ်​ကဲ့အကို​ကျေးဇူးပါ​နော်