"သားမယားကို ကျွေးမွေးစောင့်ရှောက်ခြင်း သည် မင်္ဂလာ မည်၏ "
ရှေးအခါ က ဗာရာဏသီ ပြည်တွင် ဗြဟ္မဒတ်မင်း တစ်ပါး အုပ်ချုပ်မင်းလုပ်သည်။ဗာရာဏသီပြည်၏ အနောက်ဘက် ရွာ တစ်ရွာတွင် သုဒဿန အမည်ရှိသော ပုဏ္ဏားတစ်ပါရှိသည်။သုဒဿနတွင် သုဇာတာအမည်ရှိသော မယားတစ်ဦးရှိပြီး သားသမီး ၃ယောက်ရှိပေသည်။သုဇာတာ သည် သားသမီး၃ယောက်ထွန်းကားခဲ့သော် ရုပ်ရည်ရူပကာ သည် ကျမသွားပဲ နုပျို နေဆဲရှိသည်။သုဒဿနနှင့်သုဇာတာ တို့လင်မယား နှစ်ဦးသည် သားသမီးများကို အလွန်ပင်ချစ်ခင်ကြ သည်။တစ်ဦးပေါ်တစ်ဦးသစ္စာရှိ၍လင့်ဝတ္တရားမယားဝတ္တရားတို့နှင့်ပြည်စုံကြသည်။သားသမီးများကိုကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက့်ကြသည်။
တစ်နေ့ သော် သုဒဿန တို့မိသားစု သည်ဗာရာဏသီပြည်ရှိ ဆွေမျိုးများထံ အလည်ပတ်သွားကြသည်။ဗာရာဏသီပြည်တွင်းသို့ဝင်သော် သုဇာတာသည် မြင်းလှည့်မှဆင်း၍ ခြေလျင် လိုက်ပါလာလေသည်။ထိုအချိန်တွင်ဗြဟ္မဒတ်မင်းသည် ဆင်စီး၍ တိုင်းပြည်တွင်းလှည့်ပတ်နေစဉ် လှပ့သောအဆင်းရှိသောသုဇာတာကို မြင်တွေ့ပြီး တပ်မက်လေသည်။ထို့ကြောင့် မင်းချင်းတစ်ဦးကို သုဇာတာ အား လင်ရှိမရှိမေးစေသည်။သုဇာတာသည် မိမိ၏ လင်ယောက်ျားရှိသူဖြစ့်ပါသည်ဟုဖြေလေသည်။ယုတ်ညံ့သော မင်းသည် လင်ရှိမိန်းမ ကို မရှောင် မရအောင်ယူမည်ဟုတွေးကြံလေသည်။မူးမတ်တစ်ဦးကို သုဒဿန တို့၏မြင်းလှည့်အဘယ့် အရပ်သို့ သွားသနည်း မြင်းလှည့်နားသောအရပ်ကို မှတ်ထားလော့ ဟုစေခိုင်းပြီး ညဉ်အခါ မူမတ်တစ်ဦအား မင်း မကိုဋ်ကို ယူစေပြီး သုဒဿန ၏မြင်းလှည့်ပေါ်တွင်ထားစေသည်။
နောက်နေ့ နံနက်တွင် ယုတ်ညံ့သောဗြဟ္မဒတ်မင်းသည် မြို့တစ်ခါးများကိုပိတ်စေပြီး မကိုဋ်ပျောက့်သည် ဟုကြေငြှာ၍ မကိုဋ် ခိုးယူသူအား သေဒဏ်ကျစေဟု အမိန့်ထုတ်လေသည်။မကိုဋ်ကို တိုင်းပြည်တစ်ခုလုံးကို လိုက်စေသည် နောက်ဆုံးတွင် သုဒဿန၏ မြင်းလှည်းပေါ်တွင်တွေ့လေသည် ။ သုဒဿနအားဖမ်း၍ တောင်စွယ်နေဝင်သတ်စေဟု အမိန့်ချသည်။ညနေ နေဝင်သော် မင်းယုတ် ဗြဟ္မဒတ်သည် ဆင်စီး၍သုဒဿနအားကိုယ်တိုင် သတ်ရန်လာလေသည်။သုဇာတာ သည် ဝမ်းနည်းမူဆွေးငိုကြွေး၍ သစ္စာ ပြုလေသည်<b>"ကျွန်မ၏လင်ယောက်ျားသည် မယားပေါ်တွင်လင့်ဝတ်တရားနှင့် အညီမဖောက်မပြန်သောသူဖြစ်ပါသည်
သားသမီးများပေါ်တွင်းလည်ကောင်းစွာလုပ်ကျွေးသူဖြစ်ပါသည် ထို့ အတူကျွန်မသည်လည် လင်ယောက်ျားအပေါ်မှာ ကောင်းစွာပြုစု၍ဖောက်ပြန်ခြင်းမရှိ မယားဝတ်တရားနှင့်ညီညွတ်ပါသည် ဤမှန်သောသစ္စာစကားကြောင့် ကျွန်မလင်ယောက်ျားအာကယ် တင်မည့်သူပေါ်ပါစေ"ဟု သစ္စာ ပြီးပြီးခြင်း သိကြားမင်း သည် ဆင်ပေါ် မှဗြဟ္မဒတ်မင်းအားဆင်ပေါ်မှတွင်းချ၍ သုဒဿနအားဆင်ပေါ်မှတင်၍ တိုင်းသူပြည်သားများအား မင်းယုတ်အား ဖယ်ရှာ မြတ်သော အကျင့်သူအားမင်းတင်မြှောက် ပေသည် မူးမတ်အများ ကောင်းမွန်စွာ အမှုထမ်းကျပေတော့စူ၍ ပြောပြီး သိကြားမင်း လည်ပျောက်ကွယ်သွားလေသည်။
မင်္ဂလာသုတ္တ
@အညာသားလေး
HFS
Credit: photo facebook
မှတ်သားထားရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Sneaky Ninja Attack! You have been defended with a 1.21% vote... I was summoned by @myohlaingoo! I have done their bidding and now I will vanish...Whoosh
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
happy
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit