နေရာဟောင်းသို့တစ်ခေါက်

in hive-103219 •  4 years ago 

smiley-2979107_1920.jpg

https://pixabay.com/es/photos/smiley-emoticon-ira-enojado-2979107/

နေရာဟောင်းသို့တစ်ခေါက်
စာမရေးဖြစ်တာလည်း အတော်ကို ကြာခဲ့ပြီပေါ့ ဒီနှစ်ဦးပိုင်းကစလို့ တဖြည်းဖြည်း စာရေးကျဲလာတာကနေ အစပြုလို့ အခုနောက်ပိုင်း လုံးဝကို မရေးဖြစ်တော့တဲ့ အထိ ဖြစ်လာတယ် စာမရေးဖြစ်သော်လည်း သတိတရတော့ ရှိနေတုန်းပါဘဲ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တော့တာပါ
အခုလို ခပ်ခွါခွါလေး နေနိုင်လိမ့်မယ်လို့ ဟိုယခင်ကတည်းက တွေးခဲ့ဖူးပါတယ် တကယ်တမ်းကင်းကွာသွားတဲ့အခါ အခြေအနေတွေက များစွာ ပြောင်းလဲလာခဲ့ပြီ ဟိုယခင်လို မဟုတ်တော့ပါ
ဒီနေ့တော့ စာမျက်နှာတွေပေါ် မရဲတရဲ ဖြတ်လျှောက်မိတယ် ဆိုရပါမယ် စာရေးတဲ့လက်တွေက တုန့်နှေးနေသလို စိတ်ထဲမှာလည်း လေးလံနေခဲ့တယ် ဝေဒနာတစ်ခုခုကိုတော့ အသေအချာ ခံစားမိနေတယ်လို့ ဆိုရပါမယ်
တစ်ခုခုကိုတော့ အသေအချာ ဆုပ်ကိုင်နိုင်ခဲ့တယ်လို့ထင်ခဲ့တာပါဘဲ ကုန်လွန်ခဲ့တဲ့အချိန်တွေရဲ့ ခေါ်ဆောင်ရာ အတိတ်တွေ ဟိုမှာ ဒီမှာ မပီပြင်ဝိုးတ၀ါး
အပြတ်ဖြတ်မယ်လို့တော့ ကြုံးဝါးခဲ့တာပါဘဲ
သတိရစိတ်တွေက မကြာခဏဆိုသလို လာလာကြည့်စေခဲ့ပြန်တယ်
ပြောင်းလဲခြင်းတွေကို စောင့်ကြည့်နေချင်ပြန်တယ်
အသစ်အဆန်းတွေကို မသိလိုက်မှာ စိတ်ပူနေပြန်တယ်
အရှိန်နှေးကွေးစွာနဲ့ တစ်လှိမ့်ချင်းသွားနေတဲ့ ရထားတွဲရှည်ကြီးကို ထိုင်ကြည့်နေရသလိုဘဲ
တစ်ခါတစ်ရံ သွားနေတယ် ရွေ့နေတယ်လို့ မယုံကြည်နိုင်ဘူး
စောင့်ကြည့်ရတာလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေသလိုပါဘဲ
သေချာတာတော့ နောက်ဆုံး မကျတကျ တွဲပေါ်ကိုတော့ ခုန်တက်လိုက်ပါနိုင်ဖို့ မျှော်လင့်နေသလိုပါဘဲ

@bobokyaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!