ပန်းတိုင်းကတော့ တစ်မျိုးစီ လှကြစမြဲပါပဲ။
ကိုယ်စီအလှ ရှိနေတတ်ကြတာပါ။
အလှကို ကြည့်မြင်ခံစား တတ်ကြမယ်ဆိုရင်ပေါ့။
အသုံးကျတဲ့ ပန်းရှိသလို
အသုံးမကျတဲ့ ပန်းတွေလည်းရှိတာပဲ။
တကယ်တော့ အသုံးမကျတာမဟုတ်ပဲ
အသုံးမချတတ်ကြတာပဲလို့မြင်မိတယ်။
အားလုံးကတော့ သူ့နေရာနဲ့သူ
အသုံးကျတာပါပဲ။
အသုံးကျအောင် အသုံးချတတ်ကြမယ်ဆိုရင်ပေါ့လေ။