လွန်ခဲ့သော (၂) ယောက် လောက်က မိုးရွာ၏။ နေ့လည် (၂) နာရီက ရွာလိုက်သည့် မိုးက ညနေ (၅) နာရီထိုးလောက်မှ တိတ်တော့၏။ ခပ်ဖွဲဖွဲလေး ရွာခြင်းမျိုး မဟုတ်။ တကယ့်ကို သဲသဲ မဲမဲ ရွာခြင်း ဖြစ်၏။ မရပ်မနားကို ရွာနိုင်သည့် ထူးထူးဆန်းဆန်း မိုးဖြစ်၏။ ထူးထူးဆန်းဆန်းဟု ဆိုရခြင်းက ယခုအချိန်သည် ဆောင်းကနေ နွေအကူး ကာလ မဟုတ်လား။ ဒီအချိန်ကြီး မိုးရွာသည် ဆိုသည်ကတော့ ထူးဆန်းလှ၏။ အချိန်အခါ မဟုတ် ရွာသည့် မိုးပေါ့။
အချိန်အခါ မဟုတ် ရွာသည့် မိုးက ကျနော့်အား အနည်းငယ်တော့ အခက်တွေ့စေ၏။ နေ့လည် (၂) နာရီ သင်တန်းချိန်ကြီးမှ တိုက်တိုက်ဆိုင်ဆိုင် ရွာသည်ကိုး။ ပြီး နောက်တချိန် အကူး ဖြစ်သည့် ညနေ (၄) နာရီထဲလည်း မတိတ်ပေ။ တအောင့်လောက် ခပ်ဖွဲဖွဲလေး ရွာပေးလို့သာ တော်သေး၏။ မိုးကာက မပါဘူးကိုး။ နှစ်ချိန်လုံးပြီးမှ ကိုရွှေမိုးက တိတ်သွားလို့ တော်သေး၏။ အနွေးထည် အပိုထည့်သွားလို့ တော်သေး၏။ မိုးတော့ နည်းနည်း မိသွား၏။
အချိန်အခါ မဟုတ် ရွာသည့် မိုးတွေလိုပဲ ဘဝမှာလည်း မျှော်လင့်မထားတတ်တာလေးတွေ ဖြစ်လာလေ့ ရှိ၏။ ထိုသို့ ပြောပေမယ့် ခုချိန်ထိတော့ ထို မမျှော်လင့်ထားတာမျိုးလေးတွေ နှင့်တော့ မကြုံရသေးပေ။ မမျှော်လင့်ထားသည့် ပျော်ရွှင်ခြင်းမျိုးတွေနှင့် မကြုံခဲ့ဖူးသေးပေမယ့် မမျှော်လင့်ထားသည့် ဝမ်းနည်းခြင်းတွေနှင့်တော့ မကြာခဏ ဆုံဆုံ နေရ၏။ တချိန်ချိန်တော့ မမျှော်လင့်ထားတဲ့ အခိုက်အတန့်လေးတွေ ဖြစ်လာ ရှိလာလိမ့်မည်ဟု ယုံကြည် နေမိဆဲပင်။
Steemit မှာ လျှောက်လှမ်း ဖြစ်ခဲ့သည့် (၂) နှစ်ကျော် ကာလအတွင်း မျှော်လင့်မထားသည့် အခိုက်အတန့်တွေ ကြုံခဲ့ဖူး၏။ မထင်မှတ်လောက်အောင် ဈေးတက်ခြင်းနှင့် ထင်မှတ်မထားမိလောက် ဈေး အကြာကြီး ကျနေခြင်း တို့ ဖြစ်၏။ steemit သည် ကျနော်တို့ကို အတော်လေး စိတ်လှှုပ်ရှားမှုတွေ ဖြစ်စေ၏။ ကာလအတော်ကြာ အိပ်နေသည့် နဂါးကြီးများ နိုးချိန်တန်ပြီလားပေါ့။ လက်ရှိ Justin ၏ ဦးဆောင်မှုအောက်မှာ steemit သည် ခေတ်တခေတ် ပြန်ဖြစ်လာမည်လားကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။
အများဆုံး၊ အမြင့်ဆုံး ဈေးတက်ချိန်ကို မှီခဲ့သလို နောက် တကြိမ် ဈေးတက်မည့် အချိန်နှင့်လည်း ကြုံချင်သေး၏။ အေးနေခဲ့သည့် steemit အတွက် အချိန်အခါ ရွာသော မိုးလိုမျိုး ပြောင်းလဲမှု တခုခုတော့ လိုနေပြီ ဖြစ်၏။ ထိုအချက်ကို Justin ဖော်ဆောင်ပေးနိုင်ကောင်းပါရဲ့ဟု တွေးထင် မျှော်လင့်နေမိ၏။
Don Jaun
MSC 31
မိုးနှင့်စတင်း နှိုင်းယှဉ်ခြင်းကား အစိုးမရပါတကား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက် လုံးဝ မရှိတာထက်စာရင် တခုခုကို မျှော်လင့်လို့ရနေတာက ပိုကောင်းပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပဲ တက်နိုင်တာကိုး
ကိုယ်တေ ွ အဖြစ်က
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit