Power Up Day for SPUD 11

in hive-145837 •  5 years ago 

IMG_4862-01.jpeg

ဒီနေ့က SPUD ၏ (၁၁) ကြိမ် မြောက် power up နေ့ ဖြစ်၏။ မမေ့ မလျော့ မပျက် မကွက် power up ရပေဦးမည်။ ဆု ရ မရတာက အရေး မကြီးပေ။ power up လိုက်ရတာက အမြတ်ပင်။ ပြောကောင်း ပြောကောင်း ကံကောင်း ထောက်မပြီး ဆုရခဲ့လျှင်လည်း မခါးပေ။ ခုတလော steem ကလည်း သိပ်မစု ဖြစ်ပေ။ ပိုစ့်တင်ခြင်းကနေ ရသည့် steem လောက်သာ ရှိ၏။ ဘာပဲ ဖြစ်ဖြစ် ရသလောက် လေးကနေ ရှိသလောက် ခွဲပြီး power up လိုက်၏။

အရင်လ SPUD (10) မှာ power up ထားမှု အရ လက်ရှိ SP က 1500 ရှိ၏။ ကြားထဲမှာ တင်ထားသည့် ပိုစ့်တွေကြောင့် power မ up ခင်မှာ SP 1514 ရှိနေ၏။ SPUD (11) အတွက် 31 steem ကျနော် power up လိုက်၏။ အစက 50 steem လောက် up လိုက်ဖို့ ဖြစ်၏။ သို့ပေမယ့် 31 သာ up လိုက်၏။ 31 က ကျနော့် မွေးနေ့ ဂဏန်းလေးလည်း ဖြစ်နေသည်ကိုး။ ထို့ကြောင့် ခု power up ပြီး ကျနော့် SP သည် 1545 ဖြစ်သွားပြီ ဖြစ်၏။ သိပ်အများကြီး မဟုတ်သေးပေမယ့် တဖြည်းဖြည်း တိုးပွားလာသည့် SP လေးတွေကို ကြည့်ရင်း ပျော်နေမိ၏။

Screenshot_2020-03-01-00-21-08-616_com.android.chrome.png

Screenshot_2020-03-01-00-22-03-537_com.android.chrome.png

Screenshot_2020-03-01-00-22-30-489_com.android.chrome.png

တချိန်ချိန် ဆိုသည့် မျှော်လင့်ချက်လေးနှင့် SP များကို နိုင်သလောက်လေး စု ဖြစ်နေ၏။ လောလောဆယ် အခြေအနေ အရ လက်ထဲ ရှိသည့် steem တွေကို ထုတ်ရောင်းလဲ နည်းနည်းလေးပဲ ရမယ့် အတူတူ power up လိုက်တာက ပိုပြီး အကျိုးထူးပေလိမ့်မည်။ နို့် ဒါဖြင့် ဘာလို့ အကုန် မ up ဖြစ်လဲ ဆိုက မတော်တဆများ ဈေးတက်လာလျှင် နည်းနည်း လောက် ထုတ်ရောင်းပြီး သုံးချင်သေးသည်ကိုး။ steem ဈေး ပြန်မတက်လာနိုင်ဘူးဟု မည်သူမှ မပြောနိုင်ပေ။ တချိန်ချိန်တော့ ပြန်တက်လာမှာ အသေအချာပင် မဟုတ်လား။

Today is SPUD 11

Before SPUD 11, my SP is 1514. I power up for 31 steem because 31 is my birthday number date. So my SP is now 1545. I really enjoy and happy when my SP increased one by one. I believe that one day I have a lot of SP.

Thank a lot SPUD team.
We all together.

Don Jaun

MSC 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good job, Mate..... Keep it up...

Thank bro

ယုံကြည်ရာ ဆက်လုပ်နေတော့ တိုးပွားသထက်တိုးပွားလာပြီ steem တွေ

Right

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!