ယနေ့ ခေတ်မှာ Internet သည် အသုံးတွင်ကျယ်လာသော၊ လူအများစု စိတ်ဝင်စားလာသည့် အရာတခု ဖြစ်၏။ ကမ္ဘာသည် ရွာတခု ဖြစ်သွားပြီ ဆို၏။ အဆိုပါ ကမ္ဘာ ရွာဖြစ်သွားရသည့် ကိစ္စရပ်က internet နှင့် အများကြီး သက်ဆိုင်လှ၏။ internet အသုံးပြုမှု မတွင်ကျယ်သေးသည့် Keypad ခေတ်မှာပင်ကတည်းက internet အသုံးပြုမှုသည် စတင် တွင်ကျယ်လို့ လာနေပြီ ဖြစ်၏။ တွင်ကျယ်လာပြီ ဆိုသော်လည်း ထိုစဉ်က Internet အသုံးပြုမှုသည် PC level ကနေကို မကျော်လွန်နိုင်ခဲ့ပေ။
Wifi ဆိုသည့် စကားလုံး အစား ADSL ၊ ကြိုးဖြင့် အစရှိသဖြင့် ချိတ်ဆက် အသုံးပြုကြ ရ၏။ ယနေ့ ခေတ်မှတော့ wifi ( တကိုယ်ရေ တကာရသုံး) သည် အလွန်မှပဲ လူူများ စိတ်ဝင်စား လာကြတော့၏။ ယခင် အချိန် ကာလတွေတုန်းက internet ဆိုင်များက ပေးသည့် wifi service ကို ယူပြီး အသုံးပြုကြ၏။ ဒါကလည်း ပိုက်ဆံ တော်တော်လေး တတ်နိုင်သည့် သူများသာ သုံးစွဲနိုင်ကြ၏။ ဈေးကလေး အတော်လေး ပေးရသည်ကိုး။ ထိုစဉ်က ရသည့် internet MB တွေက အတော်လေး နည်းလှ၏။
ဒီအတိုင်း social media လောက်သာ သုံးလို့ ရလောက်ရုံသာ ဖြစ်၏။ ထိုစဉ်က Internet ယူသူများမှာလည်း အနည်းစုလောက်သာ တကယ် အသုံးလို၊ အသုံးပြုသူများ ဖြစ်ပြီး အများစုမှာမူ လူအထင်ကြီးအောင် ဟန်ပြ၊ အယောင်ပြ ယူကြခြင်း ဖြစ်၏။ ထိုစဉ် အချိန်အခါက အိမ်မှာ wifi စင်ထားနိုင်သူ၊ ထပ်ထားနိုင်သူသည် ဆရာကျသူဟု ပြောလို့ ရ၏။ သုံးသုံး မသုံးသုံး တပ်ထားနိုင်လျှင်ကို အတော်လေး အထင်ကြီး ခံရ၏။ ထို့ကြောင့်ပင် အချို့ ကြွားဝါစရာ တခု အနေဖြင့် အနှီ wifi ကို တပ်ဆင်ကြ၏။
နောက်ပိုင်း Mobile သုံးစွဲမှု များပြားလာပြီးနောက် အထူးသဖြင့် Keypad phone တွေကနေ touch phone တွေကို ပြောင်းလဲ သုံးစွဲ နိုင်လာကြခြင်း၊ ရွေးချယ်စရာ sim card တွေနှင့်အတူ internet အသုံးပြုမှုက တမျိုး တဖုံ ပြောင်းလဲလို့ သွားတော့၏။ internet ဆိုင် ယဉ်ကျေးမှု တခန်း ရပ်သွားသည်ဟု ပြောလို့ ရ၏။ internet ဆိုင်မှာ Internet သုံးစွဲသူများ ယခင်လောက် မများတော့ပေ။ မိမိ phone ကနေ အလွယ်တကူ အသုံးပြုလို့ ရလာပြီကိုး။ ငွေကြေးအားဖြင့် internet ဆိုင်က ပိုသက်သာပေမယ့် data MB မှာတော့ mobile sim card တွေက ပိုမို သာလွန်ကောင်းမွန်နေသည်ကိုး။
ဆက်ပါဦးမည်
Don Jaun
MSC 31
Wifi မရတဲ့ တောမှာနေပြီး online earning လုပ်ရတာ သိပ်မကိုက်ချင်ဘူးဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit