မနေ့က ညနေခင်း ဟိုဟာ ရနိုး ဒီဟာ ရနိုး ဖုန်းပွတ်နေခိုက်
မျက်စိ အညောင်းပြေ ဘေးဘီ ဝဲယာ လှည့်ကြည့်လေ
သောအခါ အဲလယ် အဲ့လယ် ငှက်မောင်နှံ အစာယက်လို့
ပျော်မြူးနေကြတာ မြင်လိုက်ရပါတယ်။
ဒီတော့လည်း HIVE မှာ ပို့စ်တင်ဖို့ ကြံစည်နေတတ်သူ
ကျွန်တော့် အတွက် ကုန်ကြမ်း ရလိုက်ပြီပေါ့ဗျာ။
ဒါနဲ့ပဲ ပွတ်လက်စ ဖုန်းလေးရဲ့ ကင်မရာ ကို ဖွင့်ကာ
View ကို ဆွဲယူပြီး အဝေးကနေပဲ လှမ်း ရိုက်ယူလိုက်
ခဲ့ပါတော့တယ်။
ကိုယ် ဓာတ်ပုံ ရိုက်ယူနေချိန်မှာတော့ ငှက်နှစ်ကောင်ဟာ
ခုဏကလို နီးနီးကပ်ကပ် မဟုတ်တော့ဘဲ မြေကြီးပေါ်မှ
လမ်းလျှောက်ရင်း အစာ ရှာယူနေပါတယ်။
ငှက်ကလေးတွေကတော့ ခို လေးတွေပါဗျ။
နှစ်ကောင်တွဲလေး အတူရှိနေကြလို့ ငှက်မောင်နှံ ဟု
သုံးလိုက်တာပါ။ အဖိုအမ သဲကွဲ သိရလို့တော့ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်လေ ကိုယ့်တာဝန်က ပို့စ်တင်ရဖို့ အရေးကြီး
မဟုတ်လားဗျာ။