အခက်အခဲတွေကြုံလာတိုင်း ပြုံးလိုက်ပါ ညီမလေး
✒✒✒✒✒✒✒✒✒✒✒✒✒✒✒
ဘဝပုစ္စာတွေဖြေရှင်းရတာ တစ်ခါတစ်လေမှာသိပ်ကိုခက်ခဲလွန်းပါတယ်
စိတ်ဓာတ်ကျလွယ်တဲ့ ညီမလေးအတွက် အဆင်ရောပြေပါ့မလား###
လွယ်လွယ်နဲ့အရှုံးပေးလိုက်မှာ စိုးရိမ်မိတယ်ကွယ်
ညီမလေးရေ~~~
လေးဖြူ ဆိုထားတဲ့ "ယုံကြည်ရာ"သီချင်းလေး
နားထောင်ဖြစ်လား အရမ်းကိုကောင်းပါတယ်နော်
နားမထောင်ဖြစ်ရင် နားထောင်ကြည့်ပါ
ညီမလေးအတွက် စိတ်ခွန်အားဖြစ်စေမှာ အသေအချာပါ
ကိုယ်ယုံကြည်ရာပန်းတိုင်ကို အဆုံးထိရောက်အောင်လျှောက်လှမ်းပါနော်
လမ်းခုလတ်မှာပဲ ဘာအကြောင်းနဲ့မှ ရပ်တန့်မပစ်လိုက်ပါနဲ့
ညီမလေးရေ~တစ်ခါတစ်ခါ စဉ်းစားကြည့်မိရဲ့လား
လုပ်နိုင်မှာမဟုတ်ပါဘူးလို့ ထင်ထားတဲ့အရာတွေကို ညီမလေး
လုပ်နိုင်ခဲ့တယ်ဆိုတာ ~~~
တကယ်တော့ စိုးရိမ်စိတ်တွေများနေလို့ ကိုယ့်အရည်အချင်းတွေကို
မေ့နေတာပါ ညီမလေးမှာ အစွမ်းအစတွေကရှိပြီးသားပါ
မှားမှာမကြောက်ပါနဲ့ညီမလေးရေ~
မှားသွားတော့ဘာဖြစ်လဲ မမှားဘူးတဲ့သူရှိပါ့မလား
အမှားတွေကနေပဲ သင်ခန်းစာတွေယူပြီး အမှန်ပြင်ကြရတာပါပဲ
မကြီးဖတ်မှတ်ဖူးတာလေး ညီမလေးကိုပြောပြရအုံးမယ်
မှားမှာကြောက်လို့ ဘာမှမလုပ်ရဲတဲ့သူဟာ အမှားတော့ကင်းပေမယ့်
အရည်အချင်းပါ ကင်းမဲ့သွားမယ်တဲ့
ကဲ~ညီမလေးရော ဘယ်လိုလုပ်မလဲ~~~
ဝမ်းနည်းခြင်းနဲ့ပျော်ရွှင်ခြင်းက ဒွန်တွဲနေတာပါ ညီမလေး
မုန်တိုင်းပြီးရင် လေပြေလာမှာမို့ အားတင်းပြီး
လျှောက်လှမ်းပါကွယ်
မိန်းကလေးတော့မိန်းကလေးပဲ
ဒါပေမဲ့ ပျော့ညံ့တဲ့မိန်းကလေးမဖြစ်စေနဲ့ညီမလေးရေ
ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့အကြောင်း
တစ်လောကလုံးကို သက်သေပြလိုက်စမ်းပါ
ထာဝရပျော်ရွှင်ပါစေ ညီမလေးရေ~~~
ဇင်မာ
Fighting my fri
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit