Huawei Y6 Prime

in huawei •  6 years ago 

Huawei Y6 Prime 2018 ရဲ့ ကျောဘက်မှာ Fingerprint Sensor 4.0 ပါဝင်တဲ့ အပြင် Front Camera ကို အသုံးပြုပြီး Face Unlock ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် Fingerprint Sensor သုံးရတာ မကြိုက်တဲ့သူတွေ အနေနဲ့ ကင်မရာရှေ့မှာ မျက်နှာလေး ပြလိုက်ရုံနဲ့ ဖုန်းကို အလွယ်တကူ Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei Y6 Prime 2018 မှာ ပါဝင်တဲ့ Fingerprint Sensor 4.0 ကို အသုံးပြုပြီး ဓါတ်ပုံရိုက်ခြင်း၊ ဓါတ်ပုံရွေးချယ်ခြင်း၊ ဖုန်းဖွင့်ခြင်း၊ ဖုန်းလက်ခံဖြေဆိုခြင်း၊ နှိုးဆက်ပိတ်ခြင်း စတဲ့ Features တွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။IMG_20180629_062510.jpg

Huawei Y6 Prime 2018 မှာ Snapdragon MSM8917 Chipset ကို အသုံးပြုထားပြီး RAM 2GB၊ Internal Storage 16GB ပါဝင်မှာ ဖြစ်ပါတယ်။ Nano SIM Slot ၂ခု၊ microSD Card Slot ၁ခု ပါဝင်တာကြောင့် Sim Card ၂ခုလုံးကို အသုံးပြုရင်းနဲ့ microSD Card Slot ကနေ တစ်ဆင့် Storage ပမာဏ 256GB အထိ မြှင့်တင်နိုင်တာကလည်း Huawei Y6 Prime 2018 ရဲ့ အားသာချက် တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းအတွက်ကိုတော့ Li-Ion အမျိုးအစား 3000 mAh ဘက်ထရီ ကို အသုံးပြုပေးထားတာ ဖြစ်တာကြောင့် တစ်နေကုန် ရုပ်ရှင်ပဲကြည့်မလား၊ ဂိမ်းပဲဆော့မလား အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Y6 Prime 2018 မှာ Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 OS ကို အသုံးပြု ထားပါတယ်။

Huawei Y6 Prime 2018 မှာ နောက်ထပ် ကောင်းမွန်တဲ့ အချက်တစ်ခုကတော့ Gaming Mode ပါဝင်တာပဲ ဖြစ်ပါတယ်။ Gaming Mode ပါဝင်တာကြောင့် ဖုန်းဝင်လာတာတွေ၊ Message ဝင်လာတာတွေ စတဲ့ Notifications တွေကို သတ်မှတ်ထားတဲ့ ဂိမ်းဆော့နေချိန်အတွင်း အနှောင့်အယှက်မပေးနိုင်အောင် လုပ်ဆောင် ပေးနိုင်မှာ ဖြစ်ပါတယ်််။IMG_20180629_062520.jpg

အခုလို အစစ အရာရာ ပြီးပြည့်စုံတဲ့ Huawei Y6 Prime 2018 ကို ဝယ်ယူချင်တယ် ဆိုရင်တော့ ရွှေရောင်၊ အနက်ရောင်၊ အပြာရောင် စတဲ့ အရောင် သုံးမျိုးထဲက ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁သိန်း ၄သောင်း ၉ထောင်ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord