Huawei P20 နှင့် P20 Pro တို့ ရဲ့ Price များ rumors များ ထွက်ပေါ်လာsteemCreated with Sketch.

in huaweip20 •  7 years ago  (edited)

Huawei က တော့ သူ့ရဲ့ high end flagship Huawei P20 နဲ့ P20 Pro တို့ ကို လာမယ့် မတ်လ 27 ရက်နေ့မှာ စတင် မိတ်ဆက်တော့ မှာ ဖြစ်ပါတယ်. ထုတ်ပြရတော့ မယ့် အချိန် နီးလာလေ သူ့ ရဲ့ Specification တွေ Price တွေ ကတော့ တဖြေးဖြေး နဲ့ ကောလဟာလ တွေ ထွက်ထွက် လာပါတယ်. အခုနောက်ဆုံး ထွက်လာတဲ့ သတင်းကတော့ Price ပဲ ဖြစ်ပါတယ်. ဆိုတော့ Huawei P20 ကတော့ Euro 679 နဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး Huawei P20 Pro ကတော့ Euro 899 နဲ့ ရောင်းချသွားမှာပါ. ပုံအရ ခန့်မှန်း ကြည့်ရင် P20 က မျက်နှာပြင် 5.8 လက်မ နဲ့ ထွက်လာမှာ ဖြစ်ပြီး P20 Pro ကတော့ မျက်နှာ ပြင် 6.01 လက်မ နဲ့ ထွက်ရှိလာမယ် လို့ သတင်းကြားရပါတယ်. အဲ့ P20 က Euro 679 ဆိုတော့ ကျွန်တော် တို့ မြန်မာ ကျပ်ငွေ ၁၁ သိန်း ၂ သောင်း ကျော်လောက်ရှိပြီး Ram 4 GB ROM 128 GB နဲ့ လာမှာ ပါ. P 20 Pro က တော့ Euro 899 ဆိုတော့ မြန်မာကျပ်ငွေ ၁၅ သိန်း ပတ်ချာလည် ရှိမှာ ပါ. Huawei က တော့ သူ့ High end flagship ဖုန်းတွေ ကို တဖြေးဖြေး ဇေး မြှင့်လာတယ် လို့ မြင်မိပါကြောင်း သတင်းဆိုး ပါးလိုက်ရပါတယ် ဗျို့ ....Untitled.jpg
photos from gsmarena

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒီဇေး နဲ့ ဘယ်လို ရောင်းမလဲ တော့ သိချင်မိတယ်... :D ကြောက်စရာကြီး ဗျ ... :D

ကောင်းတော့ ကောင်းတယ် ဇေး က မတန်ဝူးလို့ ခံစားရတယ်

ဒါပေမယ့် သူ့ EMUI က တော့ တော်တော် မိုက်တယ် ... Features တွေ တော်တော် စုံတယ် ...

သူ့ UI က IOS နဲ့ သွားဆင်တယ် ... System animations လေးတွေ လည်း Smooth တယ် ... သုံး ဖူး သမျှ Android OS မှာ တော်တော် Smooth တယ် ပြောလို့ ရတယ် ... ပြီးတော့ built in firewall and phone recorder ပါတယ် ညီလေး ... အကို က အဲ့ Features တွေ အရမ်း သဘောကျတာ ... :D

ဟုတ်တယ် အကို huawei က သုံးလို့ ကောင်းတယ်

ဘာကွာလို့ လဲ အကို Emui က