အမြောက်ကြိုက်သူ

in in •  7 years ago 

" ကျော်စွာတို့ကတော့ကွာ ဘယ်သူလာလာ ရှိတာကျွေးတယ်။ကုန်တယ် ခန်းတယ်လို့ သဘောမထားဘူး နှမြောတတ်တယ်လို့မရှိဘူး "

ကျော်စွာမှာ စေတနာ ရှိသူ ပေးကမ်းတတ်သူ မဟုတ်ပါ သို့သော် အထက်ပါ စကားမျိုးနဲ့ မြောက်ပင့် ပြောရင် ရှိတာချကျွေးတောသည်။ ။

မမရွှေတို့ကတော့လေ ဘယ်လိုဝတ်ဝတ်ချောတာပဲ။အိမ်မှာနေတဲ့ အဝတ်စားနဲ့လည်းချောတာပဲ ။ ဘယ်လိုဝတ်ဝတ်လှတာပဲ။ ပွဲနေ့ပွဲတိုင်ဆိုရင်တော့ ပြောစရာကိုမလိုဘူး လှမှလှ။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးနော်

ဟု နည်းနည်းပိုပြောလိုက်တာနဲ့ အသက် လေးဆယ်ကျော် မမရွှေသည် အမြှောက်ကြိုက်သူ ပီပီ ပျော်ရွှင်နေတော့တယ်
"ဘာစားမလဲ" ဟူ၍ပင် ကျွေးချင်စိတ်ဝင်လာတော့ပေါ့ဗျာ

(မှတ်ချက်။ ။ အမြှောက်ကြိုက်လျှင် ပိုကုန်တတ်သည်။)

ပုံပြင်တစ်ပုဒ်ကြားဖူးလိမ့်မည်။
တနေ့ လူပြည်က မြှောက်ပင့်ပြောဆိုတတ်သူ ငရဲပည်သို့ ရောက်လာတယ်။ ငရဲ စာရေးက 'အခု စစ်ဆေးရမည့်လူက မြှောက်ပင့်တတ်တယ် အရှင် သတိထားပါ' ဟု ယမမင်းအား ကြိုပြောထားတယ်။
မြှောက်ပင့်တတ်သူက ယမမင်းအား တွေ့တာနဲ့
" ဟင်.... ယမမင်းကို လက်တွေမြင့်ရတော့ လူပြည်မှာ ကြားတုန်းကနဲ့ တခြားစီပါလား "
"ဒါနဲ့ လူပြည်မှာ ငါကို ဘယ်လိုပြော ကြလို့တုန်း''
"ယမမင်းဆိုတာ အရမ်းရုပ်စိုးတာတဲ့ ။ မြင်တာနဲ့ လန့်သွားမယ် တဲ့ ခုတော့..."
" ခုတော့ ဘာဖြစ်လို့လဲ ဟ ပြောပါဦး "
"ခုတော့ ဘယ်မှာ လန့်စရာရှိလို့လဲ... ရုပ်ချောသားပဲ "
ဒီတော့ ငရဲစာရေးက......
"ယမမင်း သတိထားပါ ။ အရှင့်ကို မြှောက်ပင့်ပြောနေတာပါ "
ဟု ဝင်ရောက်သတိပေးရတော့၏ ။
" မင်းကလည်း ကွာ ဟုတ်တာ မှန်တာ ပြောတာပဲ
ပြောပါစေ"
တဲ့။
ယမမင်း အမြှောက်ကြိုက်ပုံကို ပြော ကြခြင်းဖြစ်ပါတယ်။
လူကို မဆိုထားနဲ့ ယမမင်းတောင် အမြှောက်ကြိုက်သလို လို။
အမြှောက်ကြိုက်သူဟာ ကြွားဝါသူဖြစ်သည်။ ။

ပေါင်းစပ်းရေးထားခြင်းဖြစ်ပါသည် အမှားရှိပါက ထောက်ပြပေးကြပါ

Kyaw Phyo Wai* item1. item* itembolditalic

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရေးတတ်တယ်

ဟု ကျေးဇူးပါ

မြှောက်​တိုင်း ​မြှောက်​ရင်​​ဘေး​တွေ့မည်

ဟုတ်တယ်

Good bro

Thanks

group4 ကလားခင်ဗျ..
ဆက်သွယ်လို့ရအောင် Fb linkလေးချပေးပါ..thanks

Fb acc ကများတယ် ဒါက တစ်ခုပါ

https://www.facebook.com/profile.php?id=100023895016034

Intro post မှာ link တစ်ခုရှိတယ်

ဟုတ်ကဲ့ကျေးဇူးပါ...
၂ကောင့်လုံး Addထားပါတယ်..