إن شآءاللّه تعالى

in indonesia •  7 years ago 

image

အစား များများစားခြင်း

                      ( ၃ ) 

စားသုံးခြင်း၏ အဆင့်အတန်းများ

 လူတို့သည် အစာများများစားခြင်း ၊ ဗိုက်ပြည့်အောင်စားခြင်း တို့၏အကျင့် ရနေပြီဖြစ်သဖြင့် ယင်းအကျင့်ဆိုးများကို ချက်ချင်းစွန့်လွှတ်နိုင်မည်မဟုတ်ပေ။ စွန်လွှတ်ရန် အခက်အခဲရှိပေမည်။ ထို့ကြောင့် နည်းနည်းစဉ်းစားရန်အတွက် လေ့ကျင့်ရာတွင် တစ်နေ့လျှင် တစ်လုတ်လျှော့စားသွားရမည်။ ဤသို့ဖြင့် တစ်လကြာလျှင် ထမင်းတစ်ပန်းကန် ( မုန့်တစ်ချပ်စာ ) လျော့သွားပေမည်။ ဤသို့ဖြင့် နည်းနည်းစားသည့်အကျင့်ကို ကျင့်ရန် မခက်ခဲတော့ပေ။ ဤသို့ လေ့ကျင့်ရင်း အစာ၏အတိုင်းအတာ ၊ စားချိန် ၊ အစားအစာ၏ အမျိုးအစားများကို အထူးလေ့လာသုံးသပ်ကာ နည်းနည်းစားခြင်း၏ အမြင့်မားဆုံးအဆင့်ဘက်သို့ ဦးတည်ရမည်။ အစားအစာ၏ အတိုင်းအတာအခန့်အမှန်းမှာ သုံးဆင့်ရှိသည်။

အမြင့်မားဆုံးအဆင့်

   စားသုံးခြင်း၏ အမြင့်မားဆုံးအဆင့်မှာ ” ဆွဒ္ဒီကီးန် ” သူတော်စင်တို့၏ စားသည့်အကျင့်ဖြစ်သည်။ ယင်းပုဂ္ဂိုလ်တို့ စားသုံးသည့်အတိုင်းအတာမှာ အသက်မသေနိုင်လောက်အောင် နှင့် ဦးနှောက်မထိခိုက်လောက်အောင်သာ စားသုံးခြင်းဖြစ်သည်။ ဤအတိုင်းအတာထက်ပိုလျှင် ဤအဆင့်တွင် ဗိုက်အပြည့်စားခြင်းပင်ဖြစ်သောကြောင့် မစားရပေ။

   စဟ်လ် သပ်စ်သရီ ( رحمۃ اللّٰہ علیہ ) သခင်၏ အမြင်တွင် ဆွလားသ်ကို ဆာလောင်မွတ်သိပ်၍ အားမရှိသောကြောင့် ထိုင်လျက်ဝတ်ပြုရခြင်းသည် ဝမ်းဗိုက်ပြည့်၍ အင်းအားပြည့်ဖြိုးစွာ မတ်တတ်ရပ်လျက် ဝတ်ပြုခြင်းထက် ပိုမြတ်သည်။

အလယ်အလတ်အဆင့်

   စားသုံးခြင်း၏ အလယ်အလတ်အဆင့်သည် တစ်နေ့တာအတွက် ( ၃၀ ) ကျပ်သားမျှ စားသုံးခြင်းဖြစ်သည်။ ဟဇ်ရသ် အုမရ် ဖှာရူးက်  ( رضی اللّٰہ عنہ ) သခင်သည် ရက်သတ္တတစ်ပတ်လုံးတွင် ဂျောင်မှုန့် တစ်ပိဿာနှင့် တစ်ဆယ်သားမျှသာ စားသုံးတော်မူလေ့ရှိသည်။

အနိမ့်ဆုံးအဆင့်

   စားသုံးခြင်း၏ အနိမ့်ဆုံးအဆင့်မှာ တစ်နေ့တာအတွက် ( ၆၀ ) ကျပ်သားခန့် စားသုံးခြင်းဖြစ်သည်။ ဤအတိုင်းအတာထက် ကျော်လွန်၍ စားသုံးခြင်းသည် ” အစား၏ ကျေးကျွန် ” ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ စင်စစ် အစားအစာ၏ အတိုင်းအတာနှင့်စပ်လျဉ်း၍ ပုံသေပြောရန် ၊ တိုင်းတာရန် မလွယ်ကူလှချေ။ လူတို့၏ သဘာဝအခြေအနေများမှာ အမျိုးမျိုး ကွဲပြားလျက်ရှိကြသည်။ တစ်ချို့သောသူများသည် ( ၆၀ ) ကျပ်သားခန့်ရှိသော မုန့် ၊ ထမင်းတို့ကို စားနိုင်ပြီး တစ်ချို့မှာ ( ၂၀ ) ကျပ်သားမျှကိုပင် မစားနိုင်ပေ။ ထို့ကြောင့် ဥပဒေသတစ်ခုအဖြစ် မှတ်သားကျင့်သုံးသင့်သည်မှာ …
    အမှန်တကယ် ဆာလောင်မှသာလျှင် စားသုံးရန်နှင့် စားလိုစိတ်ကျန်ရှိနေချိန်၌ပင် စားသုံးခြင်းကို အဆုံးသတ်ရန်ဖြစ်သည်။ အမှန်တကယ် ဗိုက်ဆာခြင်းဟူသည်မှာ ဟင်းမပါဘဲ ထမင်း ( မုန့် ) ချည်း စားနိုင်လောက်အောင် ဆာလောင်ခြင်းကို ဆိုလိုသည်။ ဟင်းမပါဘဲ ထမင်းချည်း မစားနိုင်လျှင် တကယ်ဆာလောင်ခြင်းမဟုတ်ဘဲ အရသာခံ၍ စားလိုခြင်းမျှသာဖြစ်သည်။ ပမာအားဖြင့် ထမင်းစားပြီးနောက် အသီးအနှံကို စားခြင်းမှာ အရသာခံ၍ စားခြင်းသာဖြစ်သည်။ 

” စားသုံးချိန်၏ အတိုင်းအတာ ”

إن شآءاللّه تعالى

( ၄ ) တွင် ဆက်လက်ရေးသား တင်ပြပါမည်။

📆 ဟိဂ်ျရီ ၁၄၃၉ ၊ ဂျမာဒဆ်ဆာနီလ ( ၂၂ )ရက်📆
📆 ၁၁ . ၃ . ၂၀၁၈ ( တနင်္ဂနွေနေ့ )📆

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းကောင်းတဲ့post ပါပဲ။ဘာသာရေးနဲ့ပတ်သက်ပြီးလေ့လာခွင့်ရတယ်။နောက်ထပ်လဲတင်ပေးပါ။စိတ်ဝင်စားပါတယ်။ကျေးဇူးပါ။
Thank you friend.

I really like this post yoonmyat! keep up the good work!

This post has received a 0.39 % upvote from @drotto thanks to: @banjo.

Thank you @banjo

Here I stand, and here I'll stay. Let the storm rage on.