iPhone SE2

in iphone •  7 years ago 

" A10 Fusion Chipset ပါတဲ့ iPhone SE 2 ကို မေလမှာ မိတ်ဆက်နိုင် "

Case Maker အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ Apple ဟာ မေလထဲမှာ iPhone SE ကို ကြေညာမယ်လို့ သိရပါတယ်။ သူ့မှာ ၂၀၁၆ ခုနှစ်ထုတ် iPhone 7, iPhone 7 Plus များမှာ ထည့်သွင်းထားတဲ့ A10 Fusion Chipset ပါလာမှာပါ။ သူဟာ လက်ရှိ iPhone SE ရဲ့ A9 Processor ထက် ၄၀ ရာခိုင်နှုန်း ပိုမို လျင်မြန်ပါတယ်။ A10 Fusion Chip ဟာ HIEF Image Format နဲ့ HEVC Video Compression Standard များကိုလည်း ထောက်ပံ့နိုင်ပါတယ်။

နားကြပ်အပေါက်ကိုတော့ ဖယ်ရှားထားမှာပါ။ Apple ဟာ iPhone 7 ကစပြီး အိုင်ဖုန်းများမှာ နားကြပ်ပေါက်ကို ဖယ်ရှားခဲ့ပါတယ်။ သူ့မှာ 2GB RAM ပါလာပြီး 32GB or 128GB Storage များ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ သူ့မှာ 2GB RAM ပါလာပြီး 32GB or 128GB Storage များ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ဒီဇိုင်းအပိုင်းမှာလည်း သူဟာ မူလမော်ဒယ်နဲ့ တူညီပါတယ်။

သူ့မှာ iPhone 8, iPhone 8 Plus, iPhone X တို့မှာလို ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ဖို့အတွက် အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားနိုင်ပါတယ်။ Touch ID လည်း ပါလာဦးမှာပါ။ Notch နဲ့ Face ID တော့ ပါလာမှာမဟုတ်ပါဘူး။

Mobile Guide Journal (Every Monday)31172176_855578444650209_1429827026956582912_n.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!