စေတနာ

in knowledge •  7 years ago 

မကြာသေးမီက လစ်လပ်သွားသော ရာထူးတစ်ခုအတွက် လုပ်သက်တူ အရည်အချင်းတူဟု သတ်မှတ်ခံထားရသော ဝန်ထမ်း ၃ ဦးကို ရာထူး တိုးပေးရန် ခက်ခဲနေသဖြင့် သမာသမတ်ရှိသော အရာရှိကြီးတစ်ဦးက ရွေးချယ် ပေးလိုက်ရာ ယင်းရာထူးကို မရရှိလိုက်သော ကျန်ဝန်ထမ်း ၂ ဦးက မကျေနပ်၍ ရှင်းလင်းချက်ပေးရန် တောင်းဆိုလာကြသည်၊

အရာရှိကြီးက ပထမဝန်ထမ်းအားး "ခင်ဗျားက လုပ်သက် တရားဝင် ၁၀ နှစ်ဆိုပေမဲ့ စုံစမ်းသိရှိရသလောက် အလုပ်ချိန်မှာ အပြင်ထွက်သွားနေတာတွေရှိတော့ တကယ်ဆို လုပ်သက် ၁၀ နှစ်အပြည့် အလုပ်မလုပ်ခဲ့ဘူး၊ ၉ နှစ်လောက်ဖိုးဘဲ လုပ်ခဲ့တယ်၊ ဒါကြောင့် ရာထူးနဲ့ လွှဲရတာဘဲ၊"

ဒုတိယဝန်ထမ်းအား ရှင်းပြပုံမှား "ခင်ဗျားက လုပ်သက်အပြည့် ၁၀ နှစ်ကိုတော့ မှန်မှန်ကန်ကန် လုပ်ခဲ့ပါတယ်၊ လိုအပ်တဲ့အခါမျိုးမှာတောင် အလုပ်ချိန် ကျော်လွန် လုပ်ပေးမယ်ဆိုတာ မရှိသလောက်ရှားပါးခဲ့တယ်၊ ခင်ဗျားရဲ့ လုပ်ငန်းအတွေ့အကြုံက ၁၀ နှစ်ပါ၊" "ဒါပေမဲ့ ခင်ဗျားတို့ ၂ ယောက်နဲ့ အရည်အချင်းတူတဲ့ ကျန်တစ်ယောက်ကတော့ လုပ်ငန်းထဲမှာ လိုရင်လိုသလို စေတနာထားပြီး နေတယ်၊ အချိန်ပိုလုပ်ပေးတယ်၊ ဒါကြောင့် သူ့ရဲ့လုပ်ငန်းအတွေ့အကြုံက သူ့ရဲ့လုပ်သက် ၁၀ နှစ်ထက်မက ၁၂ နှစ်စာရှိတယ်၊ လုပ်သက် ၁၀ နှစ်ကျော်တဲ့ လူတစ်ယောက်လောက် အတွေ့အကြုံရှိတယ်၊ ဒါကြောင့် သူ့ကို ရာထူးတိုးပေးလိုက်တာပါ၊" ဟု ရှင်းပြလိုက်မှ သဘောပေါက်လက်ခံ သွားကြသည်။ ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

wow