သေခြင်းတရား
တနေ့တနေ့နဲ့ သေဖို့တောင်နီးလာပြီ
ပိုက်ဆံတွေအများကြီးရှိတဲ့သူတွေ မရှိတဲ့သူတွေ
ပညာတတ်တဲ့သူတွေ မတတ်တဲ့သူတွေ
အဆိပ်အရမ်းပြင်းတဲ့ မြွေပွေး
တောထဲမှာအားအကြီးဆုံး ကျား
တော်ပါတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေ
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ မင်းတွေ
အတုမရှိပါဘူးဆိုတဲ့ မြတ်ဗုဒ္ဓ
သူတို့ဟာ ဘယ်လောက်ပဲ စွမ်းအားရှိရှိ
သေခြင်းတရားကို မတွန်းလှန်နိုင်းဘူး
နိုင်အောင်မတိုက်ခိုက်နိုင်ပါဘူး
........................................................................
ရုပ်ချောတဲ့သူပဲဖြစ်ဖြစ် ပညာတတ်တဲ့သူပဲဖြစ်ဖြစ်
စည်းစိမ်းဥစ္စာပေါများတဲ့သူပဲဖြစ်ဖြစ် အားလုံးဟာ
တနေ့ သေခြင်းနဲ့အဆုံးသတ်ရပါလိမ့်မယ်.
မသေခင်မှာဘာတွေလုပ်ရမလဲ ဘာတွေယူသွားရမလဲ စဉ်းစားဖို့လိုနေပါပြီ စဉ်းရောစဉ်းစားဖူးကြလား လူတော်တော်များများကတော့ ချစ်ခြင်း မုန်းခြင်းတွေနဲ့ပဲ ဘဝကိုဆောက်တည်နေကြတယ် အပါယ်တခါးကြီးကတော့ စောင့်ကြိုလျက်ပေါ့ ဟဲဟဲ.သေသွားရင် ယူသွားလို့ရတာ နှစ်ခုပဲရှိပါတယ်
(1)ကုသိုလ် အရာတွေ
(2)အကုသိုလ် အရာတွေ ပါ
ကျန်တာယူသွားလို့ရမယ်မထင်ပါနဲ့ ထင်နေကြတယ်.
ဘာယူသွားကြမလဲ ယူသွားမဲ့အရာကို စဉ်းစားပြီးပီလား.
အာလုံး သတိတရားနဲ့ ဆင်ခြင်နိုင်ကြပါစေ.....။
〰〰〰〰〰〰〰〰〰〰〰〰〰〰
အရှင်ဣဿရိယ (ရန်ကုန်ဗုဒ္ဓတက္ကသိုလ်)
Credit⏩《 ဓမ္မ ဒါန 》