လူ ၃ ရပ်စာမြင့်မားတဲ့ သဲရဲတိုက်
အမေရိကန်နိုင်ငံ၊ မန်ဟတ်တန်ဒေသမှာ ၁၆ ပေမြင့်မားတဲ့ သဲရဲတိုက်တစ်ခုတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
နယူးယောက်မြို့ရဲ့ မြို့လယ် မန်ဟတ်တန်ဒေသမှာ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ အနုပညာရှင် Ted Siebert နဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒီခက်ခဲလှတဲ့သဲရဲတိုက်ကို တည်ဆောက်ခဲ့ကြတာဖြစ်ပြီး လူ ၃ ရပ်စာမြင့်မားတဲ့ သဲရဲတိုက်ကို သေချာစီမံတည်ဆောက်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီသဲရဲတိုက်ကို သဲတန်ချိန်ပေါင်း ၁၆ တန်အသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ရက်ပေါင်း ၅ ရက်ကြာမြင့်ခဲ့ပါတယ်။
ဒီသဲရဲတိုက်မှာ ထန်းပင်တွေ၊ ပင်လယ်ရှုခင်းတွေနဲ့ ချုံပုတ်တွေကိုလည်း ထည့်သွင်းပုံဖော်ထားပြီး စက်တင်ဘာ ၇ ရက်နေ့လောက်အထိ တည်ရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။
သဲနဲ့ပြုလုပ်ဖန်တီးထားတဲ့ ပြောင်မြောက်လှတဲ့ လက်ရာတွေကို အမေရိကန်နိုင်ငံအပြင် ဘရာဇီးလ်နိုင်ငံနဲ့ ပြင်သစ်အစရှိတဲ့ နိုင်ငံတွေမှာလည်း ပြုလုပ်ဖန်တီးကြလေ့ရှိပါတယ်။
Credit..Google