အလုပ်သင်ရှေ့နေဘဝ

in lawyer •  7 years ago  (edited)

ရှေ့နေ တဲ့

ဟုတ်ကဲ့ စကားလေးကတော့ သူများရှေ့မာနေရတာလို့ကြားရတဲ့တွက် နားထောင်လို့တော့ကောင်းပါတယ်⭐⭐⭐
ဒါပေမယ့် သူများရှေ့မာ ရပ်ပြီးနေနိုင်ဖို့က လွယ်တော့မလွယ်ဘူးရှင့်
သူများတွေသိတယ်ဆိုတာထက် ၁၀ဆလောက်သိနေမှ
ဖြစ်မာပေါ့နော်
တချို့နားမလည်သူတွေက ကျမတို့ကိုရှေ့နေဆိုတာအကျီ င်္အဖြူ ရင်ဖုံးလေးပေါ်
ဂျူ တီကုပ်အနက်လေးဝတ်ပြီး လှလှလေးနဲ့ကြော့ကြော့လေးနေနေရတယ်လို့ထင်နေကြတယ် 😌😌😌😌😌 image
"ဟုတ်ကဲ့"
ကျမလည်းလေအရင်က အဲ့လိုလေးဘဲတွေးပြီးထင်ခဲ့မိဖူးတယ်ရှင့်😊😊
ကျမ တကယ်လက်တွေ့ဘဝလည်းရောက်ရော အထင်နဲ့အမြင်တခြားစီပါ
ကျမတို့အမှုရှိတဲ့ရှိသမျှရုံးတွေကို တရုံးပြီးတရုံးအချိန်နဲ့ပြေးလွှားနေရပါတယ်🏃🏃🏃
ဒါတောင် ကျမတို့ဆရာမကြီးက သဘောကောင်းပြီးကားနဲ့ကျမတို့တဖွဲ့လုံးကိုခေါ်ခေါ်သွားလို့ ကျမတို့နေပူမိုးရွာလေးတော့ သက်သာနေတာပေါ့
သူများတွေလိုသာ ဆိုင်ကယ်လေးနဲ့တရုံးပြီးတရုံးကူးနေရ ရင် ခုချိန်လောက်ဆို ကျမတို့လည်းမန်းလေးနေအပူရှိန်နဲ့ ပြာနေလောက်ပီပေါ့နော်👤👤👤👤
ကျမတို့အလုပ်သင်က တနှစ်အပြည့်ဆင်းရပါတယ်
တနှစ်ပြည့်မှလိုင်စင်တင်ရတာပါ ဒီတနှစ်အတွင်းမာကျမတို့ အလုပ်သင်ဆင်းကြောင်းအမှုတွေကိုလိုက်လေ့လာကြောင်း မှတ်တမ်းရေးတဲ့စာအုပ်လေးတအုပ်ထားရပါတယ် image
အဲ့စာအုပ်ကို ကျမတို့အမှုတမှုလိုက်လေ့လာပြီးတိုင်း
တရားသူကြီးတွေက လက်မှတ်ထိုးပေးပါတယ်
ကျမတို့မာ လက်မှတ်ထိုးဖို့စာအုပ်လေးသွားထပ်ရင်လေ
တရားသူကြီးတွေစာမေးမာကြောက်လို့ မျက်နှာငယ်လေးနဲ့ပေါ့ 😞😞😞😞
ဟားးးး 😀😀😀ဘဝရဲ့ အမှတ်တရဘဲ
ဆရာဝန်တွေက လူနာတွေရဲ့အသက်တွေကိုကယ်တင်သလိုဘဲ
ကျမတို့ရှေ့နေတွေကလည်း လူတွေရဲ့နစ်နာဆုံးရှုံးမှုတွေ တချို့လူတွေရှဲ့ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ပေးနေတဲ့အလုပ်တခုပါ
"အသက်တရာမနေရပေမယ့် အမှုတရာတွေ့ရတယ်ဆိုသလိုဘဲ"
ကျမလည်းအလုပ်ဝင်မှ လူတွေရဲ့အကြောင်းတွေ
ဖြစ်တတ်တဲ့သဘောလေးတွေကို
တော်တော်သိလာရတယ်
ကျမတွက် ဗဟုသုတတွေအများကြီးတိုးလာခဲ့ပါတယ်
ကျမကတော့ ကျမရဲ့အလုပ်အတွက် အမြဲတမ်းဂုဏ်ယူတယ်ကိုယ့်ကို
အော် ..... 😇😇😇😇
နောက်တခုကလေ ကျမတို့ယူနီဖောင်းလေးနဲ့အပြင်မာသွားမိတိုင်း
တချို့တွေကလေ
ဟယ်
ရှေ့နေမလေးတွေငယ်ငယ်လေးတွေတဲ့
အားကျလိုက်တာတဲ့ 😌😌😌
အဲ့လိုလေးတွေကြားမိတိုင်း ပီတိတွေကိုဖြစ်လို့
ကိုယ့်ကိုကိုယ်တောင်နည်းနည်းမြောက်သွားသလိုထင်ရတယ် ဒါကတော့စာကြွင်းပါ သက်သက်ကြောငြာဝင်တာ....😛😛😛
ကျမရဲ့အလုပ်သင်ဘဝမာ အရမ်းခက်ခက်ခဲခဲတော့မရှိခဲ့ပါဘူး
ကံအရမ်းကောင်းခဲ့ပါတယ်
ကျမရဲ့ဆရာသမားကောင်းနဲ့လည်းတွေ့ခွင့်ရပြီး
ပညာတွေသင်ခွင့်ရတယ်
ပြီးတော့ ကိုယ့်အထက်ကစီနီယာအမတွေကလည်း
ကိုယ့်ထက်အငယ်ဆိုပြီး နိုင်တာမျိုးမလုပ်ဘဲ
ပညာတွေအကုန်ပြန်သင်ပေးတဲ့တွက်
ကျေးဇူးတင်ပါတယ် စီနီယာမမတွေ
ကျမအတွက်တနှစ်ဆိုတဲ့အချိန်က
ဘဝကို "ဝ"လုံးလေး စရေးသလောက်ဘဲရှိသေးတယ်
ကျမမာ သင်ယူစရာတွေအများကြီးကျန်သေးတယ်
အဲ့ဒီတွက်ကိုယ့်ကိုကိုယ်အားပေးရင်းးးးးးးး
image
"ဘာရယ်ဟုတ်ပါဘူး ကိုယ့်အကြောင်းလေးကိုစဉ်းစားမိပြီးရေးလိုက်တာပါ
ဖတ်ပေးတဲ့တွက် ကျေးဇူးတင်ပါတယ်ရှင်"
No 32.
@nannwine
MSC-132

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အ​ရေးအသား​လေး​ကောင်းပါတယ်

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်bro

ကောင်းတယ်

Good Bro!

Thanks

အယ်​ ကျမ ကို ​တော့မြင်​​အောင်​ ဖတ်​ပါဗျာ။
Good bro တဲ့ 😁

အေ့လေနော် nannwine ပါဆို bro လို့ဘဲအခေါ်ခံနေရတယ် ခုတလော
:) :D

Myanmar tag မပါပါလား။ myanmar tag ကို ​ရှေ့ဆုံးကထားရပါတယ်​။pro တင်​ရင်​။
အ​ရေးအသားက​တော့ ​ကောင်းပါတယ်​ဗျာ။

ဟုတ်ကဲ့ရှင့် ခုmyanmar tag ထည့်လိုက်ပါပီ ပြောပြပေးတာကျေးဇူးပါ

Good written,by the way;
myanmar tag also first

Thanks par

Yes bro :D

tag မှာ myanmar ထည့်ပေးပါ

ဟုတ်ကဲ့ခုထည့်လိုက်ပါပီ

Good post bro

Thanks bro

Wow a chw ly wc to steemit 😊😝

ကျန်း😁😁ဒါညိုးကျ ထိပ်ဆုံးကပါလား😜😜

thanks par byar

အော်​​အော်​​ရှေ့​နေဘဝကလဲ

:D

လှတယ် လို့ ညီမလေး😍😍

ကျေးဇူးပါရှင့်:*

အားကျတယ်fighting sis
Tag မှာ myanmarရှေ့ကထည့်ပေးပါနော်

ဟုတ်ကဲ့ ကျေးဇူးပါ ခုထည့်လိုက်ပီနော်

ရှေ့နေအလုပ်က
ခေါင်းတော်၂စားမယ်နော်

ဟုတ်တယ်စိတ်ပင်ပန်းရတယ်

ဆစ် ရုပ်လေးနက်
ပြုံးပြရင် တရားခံတောင်အပူလျော့သွားမှာ
ဖိုက်တင်းပါ

ဟာ bro ကလည်းလုပ်ပီ :D

ကိုယ်တွေ့လေးတွေ ဆက်ရေးပါဦးနော်

sisအဖေလည်း ရှေ့နေပဲ။

ဟုတ်လား good job ပါ

smt 20

SMT 5

Smt-18

SMT-4
Done

SMT 17done

SMT10done

SMT - 8

Smt 13

SMT-1

Smt7

SMT 2

SMT-19

SMT-15 done

SMT 16