အားလုံးဖြစ်နိုင်တယ်

in life •  7 years ago  (edited)

water_pour_0.png
လောကသဘာဝ တရားကြီးသည် အလွန်ကိုဆန်းကျယ်လှပေသည်။ ဆန်းကျယ်သော သဘောတရားတို့နှင့် ပြည့်နှက်
လျှက် ရှိပါလေသည်။ မဖြစ်နိုင်ဘူးထင် ထားသော အဖြစ်တို့သည် ဖြစ်ပျက်လျှက်ရှိလေသည်။ မယုံကြည်နိုင်လောက်
အောင်ကို အဆန်းတကျယ်ဖြစ်ရပ်များ တွေ့ကြုံရ နိုင်လေသည်။ မဖြစ်နိုင်ဘူး ဆိုတာ တကယ်ကို မရှိနိုင်သည်မှာ အထင်အရှား ပင်ဖြစ်သည်။ အားလုံးသည် ဖြစ်နိုင်သည်ခြည့်ဖြစ် ပါလေသည်။ တကယ်ကို မဖြစ်နိုင်တာ မရှိလေတော့ အောင်ကိုဘဲ တိုးတက်မှုများက အံ့မခန်း ဖြစ်နေ လေသည်။ လိုက်လို့ပင် မမှီနိုင်အောင် ဖြစ်ရသည်ဟု
ပြောဆိုနေသော စကားသံများလည်း ကြားနေရ လေတော့သည်။ ကောင်းမွန်စွာ တိုးတက်တာတော့ တကယ်ကို ကောင်းပါသည်။ တိုးတက်ခြင်း ပြောင်းလဲ ခြင်းတို့တွင် မကောင်းသော တိုးတက်ခြင်း ပြောင်းလဲခြင်းတို့ သည်လည်း
ရှိနေနိင် ပါလေသည်။ မဖြစ်နိုင်တာ မရှီသောကြောင့် ဒါတွေလည်း ဖြစ်လာ နိုင်လေသည်။

ဟိုတစ်ချိန်က ကောင်းကင်ပေါ်ပျံနိုင်သည်ဆိုသည့် စကားသည် အရူးအနှမ်းစကားအဖြစ် လုတွေမှတ်ထင် ခဲ့သည်အချိန်
တစ်ချိန်လည်း ရှိခဲ့ပါလေသည်။ ဒါကို တကယ်ဖြစ်အောင် လုပ်ဆောင်ပြနိုင်သည့် လူစွမ်းကောင်းများပေါ်ထွက်လာသည် တကယ်ပင်လေပေါ်ပျံနိုင်သော လေယဉ်များ ဖြစ်ပေါ်လာပါလေသည်။
လူတွေ ကဘဲ လုပ်ဆောင်တာဖြစ်သည် ဘယ်နတ်ဒေ၀တာမှ လုပ်ဆောင်ခဲ့သည်မဟုတ်ပါလေ

ယခုတွင်လည်း စိတ်ကူးနေသော အခြေအနေတစ်ခု ရှိနေပြန်သေးသည်။ ကောင်းကင်ပေါ် လေယဉ်တွေ ပျံနိုင်သည်မှာ ဘာမှမထူးခြားတော့ပေ တကယ်လည်း ထူးဆန်းသည့် အဖြစ်မ ဟုတ်ပါလေ ယခုလူတွေ
စိတ်ကူးယဉ်နေသော မျှော်မှန်းနေသော အခြေအနေတစ်ခု သည်ကား ကောင်းကင်ပေါ်တွင် ရထားများပျံနိုင်သည် ဟုဖြစ်လေသည်ဟု ဆိုကြသည်။
တကယ်ကော ဟုတ်နိုင်ပါမည်လား ယခုအချိန်ထိတော့ ထိုမျှော်မှန်းချက်သည် စိတ်ကူးယဉ်ခြင်း သက်သက်မျှ သာဖြစ်နေသေးသည်။ နောင်တစ်ချိန်တွင် တကယ်ကောဖြစ်လာေ လမည်လား တွေးစရာပါ။

နောက်တစ်ခုက အနာဂါတ်ကဘာကို အချိန်ခရီးသွားသည့် စက်ဖြင့် သွားရောက်ခြင်းဖြစ်သည်။ ဒါကတော့ ယခု
ခေတ်အစားဆုံး စိတ်ကူးယဉ်ခြင်းဖြစ်သည်။ ဘယ်လိုတွေများ စိတ်ကူးကြလေသနည်း ဟုတ်တော့ ဟုတ်နိုင်နေသည် စက်တွေနဲ့သွားမယ် ဘယ်ကိုဦးတည်သွားမလဲ ဒါတွေကတော့ ခေါင်းရှုတ်စရာဖြစ်နေပြန်သည်။
နောင်တစ်ချိန် တကယ်သွားလို့ ရခဲ့ရင်တော့ လူတွေရဲ့ စိတ်သဘောထားတွေ လည်းပြောင်းလဲလာ စရာရှိပါလေသည်။ တိုးတက်လာတာနဲ့ အတူ နောက်ကနေ ပျက်ယွင်း တာတွေလည်း အလိုလို တွဲလျှက် လိုက်ပါ
ဖြစ်ပေါ် နေတက်ပါသည်။ စိတ်သဘောထားတွေ ပျက်ယွင်းလာတာတော့ စိတ်ပျက်စရာ ကောင်းလွန်း နေပါလေသည် ခေတ်တွေက တိုးတက်လာလေ စိတ်သဘောတွေ ပျက်ယွင်းလေ ဖြစ်လာတာ မြင်ရတော့ နောင်တစ်ချိန် ဘယ်လိုများ အရုပ်ဆိုးသော လောကကြီး ဖြစ်လာ လေမည်လဲဟု တွေးနေမိပါသည်။ လှပသော လောကကို စိတ်ညစ် စိတ် ဆိုးများနဲ့ အစားထိုး မြင်တွေ့ ရလေမည်ဟု ပညာရှင်များ သုံးသပ် ထားသည်မှာ ကြောက် စရာ ကောင်းလွန်းလှ ပါလေသည်။ လောကကြီး အေးချမ်းစေ၇န် စိတ်သဘောများ လူတွေရဲ့ စိတ်သဘောထားများ လည်း ကောင်းမွန်စွာ တိုးတက် လာနိုင် ပါစေရန် တောင်းဆု ပြုနေ မိပါသည်။

အချိန်ကို ခရီးသွားတာတော့ အလွန်အလှမ်းဝေးသည်ဟု ထင်သည်။ နာမ်လောကကို ဆက်သွယ်နိုင်ခြင်း ဆိုတာတော့ နီးစပ်မယ်ထင်သည်။ သေဆုံးသွားသော သူတွေ ဘယ်ကိုရောက်သွားလဲ
ကောင်းကင်ဘုံဆိုတာ တကယ်ကိုရှိနေလား ရှိနေရင် ယခုလောကနဲ့ ပေါင်းကူးပြီး အသွားအပြန် လုပ်လို့ရနိုင်မည်လား ရနိုင်လေလျှင်တော့ ခရီးသွားလုပ်ငန်းသည် များစွာ တိုးတက်သော လုပ်ငန်းဖြစ်နေေ လတော့မည်ဖြစ်ပါလေသည်။ တကယ်ဖြစ်လာရင် ဘယ်လိုတွေများ ဖြစ်မည်လဲ အဲ့ဒီတစ်ခုဖြစ်လာရင် ကျန်သော ဘယ်အရာတွေက ပြောင်းလဲ လိုက်ပါလာမည်လဲ လောကကြီးကို ဘယ်လို အကျိုးပြုနေမည်လဲ တွေးစရာ အတွေးများ များစွာ ဖြစ်ပေါ်လာရ ပါလေသည်။
Author : @a7lady
Photos credit; Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘာမဆိုဖြစ်နိုင်ပါတယ်

Good

Thanks you.

ကောင်းတယ်ဟေ့ အားပေးတယ်နော်

ကျေးဇူးတင်ပါတယ် ခုလို အားပေးသွားလို့