About H1N1

in life •  7 years ago 

image
image
image

0 about the Swine Flu (H1N1)

0 What is swine flu

(1) In 2009, a broad attack from now on designated as the outbreaks of influenza virus.

(2) The annual flu vaccine will not protect you.

(3) Like the regular flu virus spreads the same signs of disease and treatment.

Easy outbreak

Those older than 65 years old, Children under 5 years old, Aspirin, long-term consumption of children under the age of 19, (Such as AIDS), those with decreased immune status 0 women (asthma, heart disease, and nerve and muscle diseases such as diabetes), chronic illness.

Reasons to occur

0 Swine Flu 0 infection caused by the influenza virus. Million, Via microbes Unlike infectious disease cycle, called Typhus fever and usually infect humans via animals rarely infects people.

0 simple flu is highly infectious spread through saliva and mucus. Sneezes, Coughing, The pests that are in contact with the eyes or nose after infection.

signs of disease

Chills Fever, Coughing, Sore throat, Sneezing / runny nose, Body aches, Fatigue, 0 Nausea and vomiting.

identification of disease

It took out the body fluids laboratory tests. Obtaining a sample of fluid from the nose or throat. In order to identify the type of virus and genetic laboratory methods.

treatment

Many patients may not require medical treatment. No other secondary problems from occurring through the flu does not require medical treatment. To reduce the symptoms and the disease should pay attention to prevent infecting others.

0 Two swine flu drug such as anti-virus drugs such as Oseltamivir (Tamiflu) and Zanamivir (Relenza) and recommended. Flu viruses from these drug-resistant influenza complications as large as those susceptible should not use these drugs. Others, usually in good health 0 swine flu from their own immune system to fight the virus.

home treatment

Take a good edge. Pay attention to the rest of the immune system to fight the infection day.

To prevent the loss of body water
Drink plenty of water and other fluids. Stew and drink clear juice is nutritious 0 lost day. Headache and sore throat for access to painkillers.

Q. Sec

Severe 0 Swine flu can be deadly. Most of the victims are people with chronic diseases such as AIDS. Most people 0 swine flu recover, they can expect a normal lifespan.

disease prevention

0 The best way to prevent influenza is an annual flu vaccination. Easy to protect from liquid hand soap or other cleaner alternatives to wash their hands frequently, nose, The mouth and eyes to avoid exposure, The sick from the house and did not go to work or school and flu outbreaks season the fly and avoid the crowd.

===========

ဝက်တုပ်ကွေး (H1N1) နှင့်ပတ်သက်၍

ဝက်တုပ်ကွေးဟူသည်

(၁) ၂၀၀၉ ခုနှစ်တွင် ကျယ်ပြန့်စွာဖြစ်ပွားခဲ့သော်လည်း ယခုကျမှသာ လူတွင်ဖြစ်ပွားသော တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

(၂) နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည်။

(၃) ပုံမှန် တုပ်ကွေးဗိုင်းရပ်စ်များကဲ့သို့ပင် ကူးစက်ပျံ့နှံ့ပြီး ရောဂါလက္ခဏာရပ်များနှင့် ကုသပုံလည်း အတူတူပင်ဖြစ်သည်။

ရောဂါဖြစ်ပွားလွယ်သူများ

အသက် ၆၅ နှစ်အထက်ရှိသူများ၊ အသက် ၅ နှစ်အောက်ကလေးများ၊ အက်စပရင် ရေရှည်သောက်သုံးရသည့် အသက် ၁၉ နှစ်အောက်များ၊ (အေအိုင်ဒီအက်စ် ကဲ့သို့သော) ကိုယ်ခံအားကျဆင်းနိုင်သည့် အခြေအနေရှိသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် (ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အာရုံကြောနှင့် ကြွက်သားဆိုင်ရောဂါများ ကဲ့သို့သော) နာတာရှည်ရောဂါရှိသူများ။

ဖြစ်ပွားရသည့်အကြောင်းရင်းများ

ဝက်တုပ်ကွေးသည် ၀က်များကိုသာ ကူးစက်လေ့ရှိသော တုပ်ကွေးဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားသည်။ သန်းများ၊ မွှားများမှတစ်ဆင့် ကူးစက်သော Typhus ဟုခေါ်သည့် ငန်းဖျားရောဂါနှင့်မတူဘဲ လူလူချင်းသာ ကူးစက်လေ့ရှိပြီး တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်လေ့မရှိပေ။

ဝက်တုပ်ကွေးသည် အလွန်ကူးစက်လွယ်ပြီး တံတွေးနှင့် ချွဲများမှတစ်ဆင့် ကူးစက်သည်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ပိုးမွှားရှိနေသော မျက်နှာပြင်ကို ထိတွေ့ပြီးနောက် မျက်လုံးများ သို့မဟုတ် နှာခေါင်းကိုကိုင်ခြင်းတို့ကြောင့် ကူးစက်သည်။

ရောဂါလက္ခဏာရပ်များ

ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေ/နှာရည်ယိုခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ ၀မ်းသွားခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်း။

ရောဂါဖော်ထုတ်ခြင်း

ခန္ဓာကိုယ်မှထွက်သော အရည်များကိုယူကာ ဓာတ်ခွဲစစ်ဆေးရသည်။ နှာခေါင်း သို့မဟုတ် လည်ချောင်းမှနေ၍ အရည်နမူနာများ ရယူရသည်။ ဗိုင်းရပ်စ်အမျိုးအစားကို ဖော်ထုတ်နိုင်ရန် မျိုးဗီဇဆိုင်ရာနှင့် ဓာတ်ခွဲမှုဆိုင်ရာ နည်းလမ်းပေါင်းစုံရှိသည်။

ကုသမှုများ

လူနာအများစုသည် ဆေးကုသမှုခံယူရန် မလိုအပ်ပေ။ တုပ်ကွေးမှတစ်ဆင့် အခြားနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်းမရှိမီအထိ ဆေးကုသမှုခံယူရန် မလိုအပ်သေးပေ။ ရောဂါလက္ခဏာရပ်များ လျော့ပါးသွားစေရန်နှင့် အခြားသူများအား မကူးစက်အောင် ကာကွယ်ရန်ကိုသာ အာရုံစိုက်သင့်သည်။

ဝက်တုပ်ကွေးအတွက် သောက်ဆေးနှစ်မျိုးဖြစ်သော ဗိုင်းရပ်စ်သတ်ဆေးများဖြစ်သည့် Oseltamivir (Tamiflu) နှင့် Zanamivir (Relenza) တို့ကိုအကြံပြုထားသည်။ တုပ်ကွေးဗိုင်းရပ်စ်များအနေဖြင့် အဆိုပါဆေးများကို ယဉ်ပါးသွားနိုင်သောကြောင့် တုပ်ကွေးကြောင့် ကြီးမားသော နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်နိုင်သူများအတွက်သာ ယင်းဆေးများကို အသုံးပြုသင့်သည်။ ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းပြီး ၀က်တုပ်ကွေးရောဂါရသူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင် ကိုယ်ခံအားစနစ်ဖြင့် ဗိုင်းရပ်စ်ပိုးကို တိုက်နိုင်သည်။

အိမ်တွင်းကုသမှု

အနားကောင်းကောင်းယူပါ။ အနားယူခြင်းသည် ကိုယ်ခံအားစနစ်ကို ရောဂါပိုးအားတိုက်ဖျက်ရန် အာရုံစိုက်နိုင်စေသည်။

ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန်
ရေနှင့်အခြားအရည်များကို များများသောက်ပါ။ စွပ်ပြုတ်နှင့် ကြည်လင်သော သစ်သီးရည်များ သောက်သုံးခြင်းသည် ဆုံးရှုံးသွားသော အဟာရများကို ပြန်လည်ပြည့်ဝစေသည်။ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းတို့အတွက် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲနိုင်သည်။

အလားအလာများ

ပြင်းထန်သော ၀က်တုပ်ကွေးရောဂါသည် သေစေနိုင်သည်။ သေဆုံးသူအများစုသည် အေအိုင်ဒီအက်စ် ကဲ့သို့သော နာတာရှည်ရောဂါအခံရှိသူများ ဖြစ်ကြသည်။ လူအများစုသည် ၀က်တုပ်ကွေးရောဂါမှ ပြန်လည်နာလန်ထလာကြပြီး ပုံမှန်သက်တမ်းအတိုင်း မျှော်လင့်နိုင်မည်။

ရောဂါကာကွယ်ခြင်း

ဝက်တုပ်ကွေးရောဂါကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။ ရောဂါကာကွယ်ရန်အတွက် လွယ်ကူသော အခြားနည်းလမ်းများမှာ ဆပ်ပြာ သို့မဟုတ် အခြားသော လက်သန့်စင်သည့်အရည်များဖြင့် လက်များကို ကြိမ်ဖန်များစွာဆေးခြင်း၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့ကို လက်ဖြင့်ထိတွေ့မှုအား ရှောင်ရှားခြင်း၊ ဖျားနာနေပါက အလုပ် သို့မဟုတ် ကျောင်းသို့မသွားဘဲ အိမ်၌နားနေခြင်းနှင့် တုပ်ကွေးဖြစ်ပွားသော ရာသီတွင် လူစုလူဝေးများကို ရှောင်ရှားခြင်းတို့ဖြစ်သည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!